ကျန်းမာရေးပုဂ္ဂလိကအာမခံတွေဟာ တကယ်လိုအပ်ရဲ့လား?

Posted on Facebook:2022/11/27

ဂျပန်မှာနေရင် တကယ်လိုအပ်တဲ့ကျန်းမာရေးနဲ့ဆိုင်တဲ့ပုဂ္ဂလိကအာမခံဆိုတာအနည်းငယ်ပဲရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ဂျပန်ရဲ့အခြေခံအာမခံစနစ်တွေ၊လူမှုဖူလုံရေးစနစ်တွေကအရမ်းပြည့်စုံပြီး တော်တော်များများကိုCoverလုပ်ပေးနိုင်လို့ပါ။

ဂျပန်ရဲ့Publicကျန်းမာရေးအာမခံစနစ်အကြောင်းကိုအောက်ကPostမှာဖတ်ရှုနိုင်ပါတယ်။

“အာမခံစနစ်”ဆိုတာဘာလဲ?

အာမခံဆိုတာ မကောင်းတဲ့တစ်စုံတစ်ခုဖြစ်ခဲ့သည်ရှိသော် ဆုံးရှုံးမှု/ကုန်ကျမှုတွေကကြီးမားလွန်းပြီးတစ်ယောက်တည်းဖြေရှင်းဖို့မတတ်နိုင်တဲ့အခါကူညီနိုင်အောင်လို့တီထွင်ထားတဲ့အင်မတန်ကောင်းတဲ့စနစ်ပါ။ ဒါပေမယ့်မလိုအပ်ဘဲ ဝင်ထားတဲ့အာမခံတွေဟာအရမ်းနှမြောဖို့ကောင်းပါတယ်။

အာမခံဝင်တော့မယ်ဆိုရင်

1. မကောင်းတဲ့တစ်စုံတစ်ခု(Risk)ဖြစ်နိုင်ခြေအနည်း/အများနဲ့

2. ဖြစ်ခဲ့သည်ရှိသော်ဆုံးရှုံးမယ့်/ကုန်ကျမယ့်တန်ဖိုးအနည်း/အများ၊

အဲ့ဒီ၂ချက်ကိုအရင်ဦးဆုံးစဉ်းစားရမယ်။

ဆုံးရှုံးမှု/ကုန်ကျမှုနည်းရင်,Riskဖြစ်နိုင်ခြေနည်းသည်ဖြစ်စေ၊များသည်ဖြစ်စေ အာမခံမဝင်ဘဲနဲ့လက်ထဲမှာရှိတဲ့ငွေနဲ့Coverလုပ်သင့်တယ်။ သောင်းဂဏန်း၊ သိန်းအနည်းငယ်လောက်အတွက်နဲ့အာမခံဝင်ရင် သွင်းရတဲ့အာမခံကြေးတွေ၊ Service Chargeတွေကပိုတောင်များနေဦးမယ်။

Riskဖြစ်နိုင်ခြေကလည်းများတယ်၊ ဆုံးရှုံးမှု/ကုန်ကျမှုကလည်းများမယ့်အရာ (ဥပမာ, စစ်ဖြစ်နေတဲ့နေရာကိုသွားတာတို့)ဆိုရင်လည်း အာမခံမဝင်ဘဲနဲ့ အဲ့ဒီအရာကိုမလုပ်တာ၊ ဝေးဝေးကရှောင်လွှဲတာတို့နဲ့ဖြေရှင်းသင့်တယ်။

အာမခံဝင်ထားရမှာက, Riskဖြစ်နိုင်ခြေနည်းပေမယ့် ဖြစ်ခဲ့သည်ရှိသော်ဆုံးရှုံးမှု/ကုန်ကျမှုများပြားလွန်းတဲ့အရာတွေပါ။ ဘယ်လိုအရာတွေလဲဆိုတော့ မီးအာမခံ၊ ကားအာမခံတို့လိုမျိုးအာမခံတွေပါ။

မီးလောင်တာတို့၊ ကားတိုက်တာတို့ဆိုတာလူတိုင်းမကြုံတွေ့နိုင်ပေမယ့် ဖြစ်ခဲ့သည်ရှိသော်ဆုံးရှုံးမှု/ကုန်ကျမှုအရမ်းများတယ်။ ပြီးတော့,မီးအာမခံနဲ့ကားအာမခံကဂျပန်ရဲ့အခြေခံအာမခံစနစ်တွေ၊လူမှုဖူလုံရေးစနစ်တွေထဲမှာမပါတော့လိုအပ်ရင်ပုဂ္ဂလိကအာမခံကိုဝင်ထားသင့်တယ်။

ပြီးရင်နောက်တစ်ခုက ဂျပန်မှာနေပြီဆိုရင်မဝင်မနေရအာမခံတွေရှိတယ်။ အဲ့ဒီအာမခံတွေ၊ တခြားလူမှုဖူလုံရေးစနစ်တွေဟာဘယ်လောက်အထိCoverလုပ်ပေးနိုင်လဲ၊ ဘယ်လောက်အထိထောက်ပံ့ပေးမှာလဲဆိုတာကိုလေ့လာပြီးမှ လိုအပ်တဲ့ပုဂ္ဂလိကအာမခံကိုထပ်ပေါင်းရုံလောက်နဲ့တင်အဆင်ပြေတယ်။ လေ့လာမိသလောက်ကတော့,ပုဂ္ဂလိကအာမခံတွေထဲမှာ မီးအာမခံ၊ ကားအာမခံလောက်နဲ့တင်လုံလောက်တယ်။ မလိုအပ်ဘဲဝင်ထားတဲ့ပုဂ္ဂလိကအာမခံတွေထဲမှာ ကျန်းမာရေးအာမခံကအများဆုံးလို့ထင်တယ်။ အသက်နဲ့ဆိုင်တာဆိုတော့ကြောက်ကြပြီးဝင်ကြတာရော၊TVမှာကြော်ငြာအားကောင်းတာရောကြောင့်ဖြစ်မှာပါ။ ကျန်းမာရေးအာမခံဟာ မဝင်မနေရကျန်းမာရေးအာမခံနဲ့တင်လုံလောက်ပါတယ်။ မဝင်မနေရကျန်းမာရေးအာမခံကိုဝင်ထားရင်ဆေးရုံဆေးခန်းမှာဆေးကုသတဲ့အခါကုန်ကျစရိတ်ရဲ့၃၀%ပဲကုန်ကျတဲ့အပြင်ကိုယ်ထုတ်ရတဲ့၃၀%ကုန်ကျစရိတ်ကတစ်လကိုသတ်မှတ်တဲ့Limitကျော်ရင်ကျော်တဲ့ကုန်ကျစရိတ်ကိုဂျပန်နိုင်ငံကအကုန်အကျခံတဲ့စနစ်(高額療養費制度)ဆိုတာရှိတယ်။

ဂျပန်ရဲ့”ကုန်ကျစရိတ်ကြီးမြင့်သောဆေးဝါးကုသမှုအကျိုးခံစားခွင့်စနစ်”(高額療養費制度)အကြောင်းကိုအောက်ကPostမှာလေ့လာနိုင်ပါတယ်။

အာမခံကုမ္ပဏီအများစုကဒီစနစ်နဲ့ပတ်သက်ပြီးသိပ်မရှင်းပြကြဘူး။ပြီးတော့, ကုမ္ပဏီဝန်ထမ်းတစ်ယောက်ကျန်းမာရေးမကောင်းလို့အလုပ်မသွားနိုင်ရင်လစာခွင့်တို့ ကျန်းမာရေးခွင့်တို့နဲ့ ၂လလောက်လစာရတဲ့ခွင့်နဲ့နေလို့ရတယ်။ နောက်ဆုံး, အလုပ်လည်းမရှိ လစာလည်းမရှိပိုင်ဆိုင်မှုလည်းမရှိ ထောက်ပံ့မယ့်သူလည်းမရှိပိုက်ဆံလည်းမရှိရင် လူမှုဖူလုံရေး(生活保護)ရှိတယ်။ ဂျပန်မှာ,မလိုအပ်တဲ့ပုဂ္ဂလိကအာမခံတွေထဲဝင်ထားတာဟာ ကားစီးတဲ့အချိန်ခါးပတ်,ပတ်တဲ့အပြင် Helmetပါစွပ်ထားတဲ့ပုံစံလိုဖြစ်နေတယ်။😂

မလိုအပ်တဲ့ပုဂ္ဂလိကအာမခံထဲဝင်မယ့်အစားအဲ့ဒီငွေတွေကိုInvestmentတစ်ခုခုထဲထည့်တာတို့ကျန်းမာရေးလိုက်စားတဲ့နေရာ(ဥပမာ, gymတို့)မှာသုံးလိုက်တာကနောင်တစ်ချိန်မှာကိုယ့်အတွက်ပိုအထောက်အကူဖြစ်စေနိုင်တယ်လို့ထင်တယ်။

မဝင်မနေရအာမခံကြေးတွေ အခွန်တွေကိုလစဉ်အများကြီးပဲဆောင်နေရတာမဟုတ်လား?တန်အောင်အသုံးချကြမယ်လေ😁

ဂျပန်ရဲ့အခြေခံအာမခံစနစ်တွေ၊လူမှုဖူလုံရေးစနစ်တွေကိုသေချာနားလည်ပြီးအသုံးချတတ်ရင် သိပ်ပူပင်စရာမလိုဘဲနေထိုင်နိုင်တဲ့နိုင်ငံပါ။

コメント

タイトルとURLをコピーしました