Posted on Facebook:2023/1/7
*ဒီစနစ်ဟာအရမ်းအကျိုးရှိပေမယ့်လူသိနည်းတယ်။ ဒီစနစ်အကြောင်းသိရင်တစ်ချို့ဂျပန်လူမျိုးတွေကိုတောင်ဆရာပြန်လုပ်လို့ရလောက်တယ် အဲ့ဒီလောက်အထိလူသိနည်းတယ်။ ဒီစနစ်ကိုသိပြီးရင် ကျန်းမာရေးကုန်ကျစရိတ်နဲ့ပတ်သက်ပြီး စိတ်ပူပန်မှုတွေ မရှိသလောက်လျော့ကျသွားလိမ့်မယ်။
ဂျပန်မှာနေထိုင်တဲ့သူတွေဟာ မည်သူမဆိုPublicကျန်းမာရေးအာမခံတစ်ခုခုမှာဝင်ထားတဲ့သူတွေချည်းပါပဲ။ အဲ့ဒီလိုဝင်ထားရင် အသက်အရွယ်တွေ၊ဝင်ငွေတွေအပေါ်လိုက်ပြီးဆေးကုသစရိတ်ရဲ့30% or 20% or 10%ပဲအကုန်အကျခံရပါတယ်။ ဒါ့အပြင်, ကိုယ့်ဘက်ကစိုက်ထုတ်ရတဲ့30%, 20%, 10%ကုန်ကျစရိတ်ကိုမှ တစ်လစာဆေးကုသစားရိတ်ကသတ်မှတ်တဲ့Limitကိုကျော်လွန်ရင်ကျော်လွန်တဲ့စားရိတ်ကို ကိုယ်ကစိုက်ထုတ်စရာမလိုတဲ့စနစ်ရှိပါတယ်။ အဲ့ဒီစနစ်ကို ”ကုန်ကျစရိတ်ကြီးမြင့်သောဆေးဝါးကုသမှုအကျိုးခံစားခွင့်စနစ်”(高額療養費制度)လို့ခေါ်တယ်။
ကိုယ့်ဘက်ကစိုက်ထုတ်ရမယ့် တစ်လစာဆေးကုသစားရိတ်Limitကဘယ်လောက်လဲ
အသေးစိတ်တွက်တဲ့Formulaရှိပေမယ့်တစ်နှစ်စာဝင်ငွေပေါ်မူတည်ပြီး အကြမ်းဖျင်းတစ်လကိုဒီလောက်အထိပဲအများဆုံးကုန်ကျမယ်။
•ဝင်ငွေနည်းလို့နေထိုင်ခွန်ဆောင်စရာမလိုသူ:¥35,000/1month
•တစ်နှစ်စာဝင်ငွေကသောင်း350အောက်:¥60,000/1month
•တစ်နှစ်စာဝင်ငွေကသောင်း350~770:¥80,000~¥100,000/1month
•တစ်နှစ်စာဝင်ငွေကသောင်း770~1,160:¥170,000~¥190,000/1month
•တစ်နှစ်စာဝင်ငွေကသောင်း1,160အထက်:¥250,000~¥270,000/1month
ဒီထက်ပိုကုန်ကျတဲ့စားရိတ်ကိုဂျပန်အစိုးရကစိုက်ထုတ်ပေးတယ်။
ဘယ်သူတွေကဒီစနစ်ကိုသုံးလို့ရလဲ
Publicကျန်းမာရေးအာမခံဝင်ထားတဲ့မည်သူမဆိုသုံးလို့ရတယ်။
ဘယ်လိုရောဂါတွေမှာသုံးလို့ရလဲ
ဘယ်ရောဂါမှာမဆိုသုံးလို့ရတယ်။
လက်တွေ့တွက်ကြည့်,ကြည့်မယ်
တစ်နှစ်စာဝင်ငွေသောင်း350~770ရှိတဲ့လူတစ်ယောက်ကဒီစနစ်ကိုသုံးရင်…
ကုန်ကျစရိတ်ကြီးမြင့်တဲ့ခွဲစိတ်ကုသမှု
ဥပမာအနေနဲ့ ဦးနှောက်အကျိတ်(Brain Tumor)ကိုခွဲထုတ်ရတဲ့Operation(Japanမှာနာမည်ကြီးDramaဖြစ်တဲ့Doctor Xထဲမှာပါတဲ့Operation)ဆိုရင်ခွဲစိတ်ခ”132သောင်း”လောက်ကျပါတယ်။(ဂျပန်မှာခွဲစိတ်ခတွေဆေးဖိုးတွေကများသောအားဖြင့်စျေးဘယ်လောက်ဆိုပြီးအစိုးရကသတ်မှတ်ထားပြီးသား) လူနာကPublicကျန်းမာရေးအာမခံဝင်ထားတဲ့အတွက်30%ပဲကုန်ကျမှာဆိုတော့”သောင်း40”လောက်ကုန်ကျမယ်။ အဲ့ဒါကိုမှဒီစနစ်ရှိနေတာဖြစ်တဲ့အတွက် “9သောင်း”ပဲကုန်ကျတော့မယ်။
စျေးနှုန်းကြီးမြင့်တဲ့ဆေးဝါးသုံးစွဲမှု
2018မှာနိုဘယ်ဆုတောင်ရထားတဲ့ဂျပန်က Opdivoဆိုတဲ့ကင်ဆာကုဆေးဟာတစ်လစာကို”82သောင်း”ကုန်ကျပါတယ်။ ကျန်းမာရေးအာမခံနဲ့ဆိုရင်”25သောင်း(30%)”လောက်ကုန်ကျမယ်။ ဒီစနစ်ရှိိတော့“8သောင်းခွဲ”လောက်ပဲကုန်ကျတော့မယ်။ ဒါပေမယ့် ဒီလိုရောဂါကကြာရှည်ကုရတာဖြစ်တော့ လစဉ်”8သောင်းခွဲ”ပေးဖို့မလွယ်ကူတဲ့လူတွေရှိမယ်။ အဲ့ဒါကြောင့်ဒီစနစ်မှာ ၄ကြိမ်မြောက်ကနေစပြီး ထပ်လျှော့ပေးတဲ့စနစ်ရှိတော့၄ကြိမ်မြောက်ကနေ”4သောင်း4ထောင်”လောက်ပဲကုန်ကျတော့မယ်။
အခြားဆေးကုသမှု
ကျောက်ကပ်ဆေးခြင်းဟာတစ်လကို”သောင်း40”ကုန်ကျပါတယ်။ အာမခံဝင်ထားတော့”12သောင်း(30%)”လောက်ကုန်ကျမယ်။ ဒီစနစ်ရှိတော့“8သောင်း”ပဲကုန်ကျတော့မယ်ဆိုပေမယ့် တကယ်တော့”1သောင်း”ပဲကုန်ကျပါတယ်။ ဒီစနစ်မှာ နာတာရှည်ကျောက်ကပ်ရောဂါ၊ HIV၊ Hemophilia(သွေးမတိတ်ရောဂါ) ဒီရောဂါ၃မျိုးဆိုရင် တစ်လအတွက်ကုန်ကျငွေ”1သောင်း”နဲ့ဆေးကုသမှုခံယူလို့ရတယ်။
”ကုန်ကျစရိတ်ကြီးမြင့်သောဆေးဝါးကုသမှုအကျိုးခံစားခွင့်စနစ်”(高額療養費制度)ဟာ အရမ်းကောင်းလွန်းတဲ့စနစ်ပါ။ ဒါပေမယ့် ဂျပန်လူမျိုးတွေထဲမှာတောင် တစ်ဝက်နီးပါးကသိပ်မသိကြဘူး။
※ဒီစနစ်ကိုသုံးဖို့အတွက် လိုအပ်တဲ့အသေးစိတ်ကိုပြောရင် အရှည်ကြီးဖြစ်မှာမို့လို့ ဒီစနစ်ရှိကြောင်း၊ ဘယ်လိုကောင်းကြောင်းသိစေရုံလောက်ပဲရေးပြီး အသေးစိတ်ကိုတော့မရေးတော့ဘူး။
コメント