Posted on Facebook:2023/1/9
*ဘာလို့ITပဲကွက်ပြီးပြောတာလည်းဆိုတော့ကျွန်တော်ကITသမားမို့လို့ပါ
ဂျပန်မှာSalarymanတွေဝင်ရတဲ့ Publicကျန်းမာရေးအာမခံဖြစ်တဲ့”ဝန်ထမ်းအာမခံ(被用者保険or 社会保険 or 健康保険)”ကို ဂျပန်ရဲ့ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနကနေခွင့်ပြုချက်ယူပြီးအသင်းအဖွဲ့ဖွဲ့ကာ Publicကျန်းမာရေးအာမခံစနစ်ကြီးကိုအစိုးရကိုယ်စား လည်ပတ်ခွင့်ရှိတယ်။
Publicကျန်းမာရေးအာမခံနှင့်ပတ်သက်ပြီး အောက်ကPostမှာဖတ်ရှုနိုင်ပါတယ်။
ပုဂ္ဂလိကအာမခံလုံးဝမဟုတ်ပါ
IT Industryကကုမ္ပဏီတွေပဲဝင်လို့ရတဲ့အာမခံအသင်းအဖွဲ့တွေထဲက ကြီး၂ကြီးဖြစ်တဲ့TJKနဲ့ITSရဲ့အားသာချက်၊ အကျိုးရှိတဲ့Serviceတွေကတော့…
TJK:東京都情報サービス産業健康保険組合
ITS:関東ITソフトウェア健康保険組合
“ကုန်ကျစရိတ်ကြီးမြင့်သောဆေးဝါးကုသမှုအကျိုးခံစားခွင့်စနစ်”ရဲ့ထပ်ဆောင်းအကျိုးခံစားခွင့်။
”ကုန်ကျစရိတ်ကြီးမြင့်သောဆေးဝါးကုသမှုအကျိုးခံစားခွင့်စနစ်”နဲ့ပတ်သက်ပြီး ပုံမှန်ဝင်ငွေရှိတဲ့သူတစ်ယောက်ဟာ ဒီစနစ်နဲ့ဆိုရင်တစ်လကိုဆေးကုသစားရိတ်”၈သောင်း”ကနေ”၁၀သောင်း”ထက်ပိုမကုန်ဘူးလို့ရေးထားတယ်။ TJK or ITSမှာဝင်ထားတဲ့ကုမ္ပဏီကဝန်ထမ်းဆိုရင် တစ်လကို”၂သောင်း”ထက်ပိုမကုန်ဘူး။
ကုန်ကျစရိတ်ကြီးမြင့်သောဆေးဝါးကုသမှုအကျိုးခံစားခွင့်စနစ်နဲ့တ်သင်ပြီး အောက်ကPostမှာလေ့လာနိုင်ပါတယ်။
ကလေးမွေးစားရိတ်ထပ်ဆောင်းထောက်ပံ့ခြင်း။
အစိုးရကထောက်ပံ့တဲ့”သောင်း၄၀”ဝန်းကျင်အပြင် အသင်းကနေ”၁၀သောင်း”(ITSက”၉သောင်း”)ထပ်ဆောင်းထောက်ပံ့တယ်။
အသင်းကိုယ်ပိုင်အပန်းဖြေစခန်းတွေနဲ့ အသင်းနဲ့ချိတ်ဆက်ထားတဲ့ဟိုတယ်တွေမှာစျေးနှုန်းသက်သာစွာတည်းခိုနိုင်ခြင်း။
အသင်းမှာကိုယ်ပိုင်အပန်းဖြေစခန်းတွေရှိတယ်။ အဲ့ဒီအပန်းဖြေစခန်းတွေမှာဆိုတစ်ယောက်ကိုတစ်ည¥5,000ဝန်းကျင်နဲ့တည်းလို့ရတယ်။ အစားအသောက်လည်းပါတယ်။ အသင်းနဲ့ချိတ်ထားတဲ့ဟိုတယ်တွေမှာတည်းမယ်ဆိုရင်¥5,000အသင်းကစိုက်ထုတ်ပေးတယ်။ TJKဆိုရင်Hawaiiမှာတောင်ကိုယ်ပိုင်အပန်းဖြေစခန်းရှိတယ်။
Sports clubတွေGymတွေကိုစျေးနှုန်းသက်သာစွာအသုံးပြုနိုင်ခြင်း
အသင်းနဲ့ချိတ်ထားတဲ့Gymတွေဆိုရင် တစ်ဝက်စျေးနီးပါးနဲ့အသုံးပြုလို့ရတယ်။
အသေးစိတ်ကျန်းမာရေးစစ်ဆေးမှု(人間ドック)တွေကိုစျေးနှုန်းသက်သာစွာလုပ်ဆောင်နိုင်ခြင်း။
နှစ်စဉ်ကျန်းမာရေးစစ်ဆေးရုံနဲ့မကျေနပ်လို့CTတို့ Gastroscopeတို့နဲ့အသေးစိတ်စစ်ဆေးချင်ရင်လည်းစျေးနှုန်းသက်သက်သာသာနဲ့လုပ်လို့ရတယ်။ အခြားကောင်းကျိုးတွေရှိသေးတယ်။ အသေးစိတ်ကတော့အသင်းရဲ့Homepageမှာဝင်ကြည့်လိုက်ပါ။
TJKတို့ITSတို့ကလည်ပတ်ပေးနေတဲ့ကျန်းမာရေးအာမခံထဲကိုဝင်ချင်တိုင်းဝင်လို့မရပါဘူး။ ကိုယ်အလုပ်လုပ်နေတဲ့ကုမ္ပဏီကအဲ့ဒီလိုအသင်းတွေထဲဝင်ထားမှရတာပါ။ ကိုယ်ကဘယ်မှာဝင်ထားတာလဲဆိုတာကိုကိုယ့်ရဲ့ကျန်းမာရေးအာမခံကဒ်ပြားမှာကြည့်လို့ရပါတယ်။
သုံးဖို့ပေးထားတဲ့Serviceတွေမသုံးရင်နှမြောဖို့ကောင်းတာပေါ့။
コメント