Posted on Facebook:2023/1/14
*ပုဂ္ဂလိကကျန်းမာရေးအာမခံထဲကိုဝင်သင့်/မဝင်သင့်ဆုံးဖြတ်နည်း
ပုဂ္ဂလိကကျန်းမာရေးအာမခံတွေထဲမဝင်ခင်ဒီအချက်တွေကိုတစ်ချက်ပြန်စမ်းစစ်ကြည့်ပါ။
1.ကိုယ့်ဆီမှာစုဆောင်းငွေရှိလား?အခုကနေစပြီးငွေစုဆောင်းနိုင်လား?
2.”ကုန်ကျစရိတ်ကြီးမြင့်သောဆေးဝါးကုသမှုအကျိုးခံစားခွင့်စနစ်”မှာသတ်မှတ်ထားတဲ့တစ်လစာကုန်ကျစားရိတ်Limitကိုကိုယ့်ရဲ့စုဆောင်းငွေနဲ့Coverလုပ်နိုင်လား? ※ကုန်ကျစရိတ်ကြီးမြင့်သောဆေးဝါးကုသမှုအကျိုးခံစားခွင့်စနစ်နှင့်ပတ်သက်ပြီးအောက်ကPostမှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
3.ကိုယ်ဝင်မယ်လို့တွေးထားတဲ့ပုဂ္ဂလိကကျန်းမာရေးအာမခံကထောက်ပံ့မယ့်ငွေကြေးဟာ ကိုယ်နည်းနည်းစုလိုက်တာနဲ့ရနိုင်တဲ့ Amountလား?
4.Salarymanဆိုရင် ကိုယ်ဝင်ငွေမရှိချိန်မှာပုံမှန်လစာရဲ့သုံးပုံနှစ်ပုံနဲ့တစ်နှစ်ခွဲလောက်,လောက်ငှအောင်သုံးနိုင်လား?
5.ကိုယ့်ဝင်ငွေလျော့သွားရင်(သို့)မရှိလည်းမိသားစုရပ်တည်လို့ရလား?
စတဲ့အချက်တွေကိုစမ်းစစ်ပြီးအကုန်နီးပါး”Yes”ဆိုရင်တော့ဝင်စရာမလိုဘူးလို့ထင်တယ်။
တစ်ချက်စဉ်းစားရမှာကအာမခံစနစ်ထဲမှာမပါတဲ့ဆေးနဲ့ကုသရင် ဆေးဖိုးကုန်ကျငွေကိုအကုန်စိုက်ထုတ်ရပါတယ်။ အဲ့ဒီလိုဆေးတွေကိုဂျပန်လို先進医療(အဆင့်မြင့်ခေတ်ပေါ်ဆေးပညာ)လို့ခေါ်တယ်။
လူတွေအများစုကြောက်ကြတာဒီအချက်ပဲ။
“ငါ့ရောဂါကိုအဲ့လိုဆေးတွေနဲ့မှကုလို့ရရင်ဘယ်လိုလုပ်မလဲ!?”ဆိုပြီးစိတ်ပူတတ်ကြတယ်။ 先進医療(အဆင့်မြင့်ခေတ်ပေါ်ဆေးပညာ)ဆိုတဲ့နာမည်ကိုကြားပြီး Publicကျန်းမာရေးအာမခံတွေမှာသုံးတဲ့ဆေးတွေကခေတ်မမှီသလိုထင်တတ်ကြတယ်။ မဟုတ်ပါဘူး။
Publicကျန်းမာရေးအာမခံစနစ်ထဲကိုမထည့်ထားတဲ့ဆေးဆိုတာ လူတိုင်းနဲ့မကိုက်ညီသေးလို့၊ ဘေးထွက်ဆိုးကျိုးများလို့ ဒါမှမဟုတ် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိလဲဆိုတာResearchမလုပ်ရသေးလို့ အာမခံစနစ်ထဲမထည့်တာပါ။ လူအနည်းစုမှာကုသလို့ပျောက်ပေမယ့် တခြားသူတွေမှာမပျောက်ဘူး ဒါမှမဟုတ် ဘေးထွက်ဆိုးကျိုးကြောင့်အသက်ဆုံးရှုံးမှုရှိတဲ့ဆေးတွေဆိုရင် အာမခံစနစ်ထဲမထည့်ဘူး။ လူအများအတွက်သင့်တော်ပြီဆိုရင် အာမခံသုံးလို့ရတဲ့အထဲကိုထည့်ပေးပါတယ်။ ပြောင်းပြန်အနေနဲ့ပြောရရင် အာမခံစနစ်နဲ့ကုသလို့ရတဲ့ဆေးတွေဟာ လူအများအတွက်သင့်တော်တဲ့ စိတ်ချရတဲ့ဆေးတွေလို့ပြောလို့ရတယ်။
ဒါပေမယ့် 先進医療(အဆင့်မြင့်ခေတ်ပေါ်ဆေးပညာ) တွေအထိCoverလုပ်ထားချင်တယ်ဆိုရင်တော့ 先進医療特約ပါတဲ့ပုဂ္ဂလိကကျန်းမာရေးအာမခံထဲကိုဝင်ပါ။
ဂျပန်မှာနေရင် Publicကျန်းမာရေးအာမခံကြေးတွေအခွန်တွေကို လစဉ်အများကြီးဆောင်ရပါတယ်။ အဲ့လိုဆောင်ရတဲ့အတွက်လည်း အများအတွက်အကျိုးရှိစေမယ့်စနစ်တွေကို ပြင်ဆင်ပေးထားတော့အကျိုးရှိရှိအသုံးချရမှာပေါ့။ Publicကျန်းမာရေးအာမခံစနစ်ရဲ့အကြောင်းကိုသေချာသိပြီးမှ ကိုယ့်အတွက်မလိုအပ်သေးဘူးထင်ရင် လိုအပ်သလောက်လေးပဲပုဂ္ဂလိကကျန်းမာရေးအာမခံထဲထပ်ဆောင်းဝင်ထားလိုက်ပါ။ ဂျပန်Pရဲ့ublicကျန်းမာရေးအာမခံနှင့်ပတ်သက်ပြီးအောက်ကPostမှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ကားစီးတဲ့အချိန်ထိုင်ခုံခါးပတ်၊ ကားလေအိတ်တွေပါနေတဲ့အပြင် Helmetပါဆောင်းနေတဲ့ပုံစံမျိုးအာမခံကတော့ အပိုကုန်ကျငွေဖြစ်လို့ မဝင်သင့်ပါကြောင်း။
ငွေမစုနိုင်လို့ အာမခံဝင်တယ်၊ သွင်းရတဲ့အာမခံကြေးတွေများလို့ငွေမစုနိုင်နဲ့ သံသရာလည်နေကြရော။
ကိုယ်ကတော့ရှင်းတယ်။
Publicကျန်းမာရေးအာမခံကြေးပဲသွင်းပြီးသုံးလို့ပိုတာကို Investmentနဲ့စုတဲ့ဘက်ကိုလှည့်လိုက်တယ်။
コメント