【Marketingရဲ့လှည့်ကွက်များ】

Posted on Facebook:2023/2/5

Marketingပညာကိုအနည်းငယ်တီးမိခေါက်မိရှိရင်ကိုယ့်အလုပ်မှာအသုံးဝင်တဲ့အပြင်နေ့စဉ်ဘဝရဲ့Shoppingမှာလည်းMarketingရဲ့အဆွယ်ကောင်းလို့မလိုအပ်တာတွေမဝယ်မိအောင်ကိုယ့်ကိုယ်ကိုထိန်းနိုင်လိမ့်မယ်။

နေထိုင်မှုအဆင့်အတန်း၊ စိတ်ကျေနပ်မှုlevelတွေကိုမလျှော့ချဘဲနဲ့လစဉ်ပုံမှန်ကုန်ကျစရိတ်ကိုလျှော့ချနိုင်တဲ့နည်းလမ်းတွေကိုအောက်ကPostမှာလေ့လာနိုင်ပါတယ်။

Marketingအမျိုးမျိုးရှိတဲ့အထဲက“Behavioral Economics(လူတွေရဲ့အပြုအမူနဲ့ဆိုင်တဲ့စီးပွါးရေးပညာ)”ထဲကအဓိက၃ချက်ကိုသိထားရင် တော်တော်လေးအသုံးဝင်တယ်။

1️⃣”အလကား”ဆိုတဲ့ထောင်ချောက်

“5,000နဲ့အထက်ဝယ်ယူသူတိုင်းကိုပို့ခ500အလကား!!!”

အဲ့လိုမျိုးကြော်ငြာကိုတွေ့ပြီးကိုယ်လိုအပ်တာပဲဝယ်ရင်4,000လောက်ပဲကုန်ကျမယ့်ဟာကို ပို့ခအလကားကိုမက်ပြီး5,000ဖိုးကျော်အောင်ထပ်ဝယ်တတ်ကြတယ်။ “အလကား”ဆိုတဲ့စကားလုံးကလူတွေရဲ့”ဝယ်ချင်စိတ်”ကိုControlလုပ်လို့အကောင်းဆုံးKeywordတစ်ခုပဲ။ သေချာစဉ်းစားရင် မလိုအပ်တဲ့အရာဆိုပေမယ့်”အလကား”ကိုမက်ပြီးပိုဝယ်မိတော့စုစုပေါင်းကုန်ကျငွေကလိုအပ်တာထက်များသွားတယ်။ တခြားဥပမာတွေက, Shirt၂ထည်ဝယ်ရင်၃ထည်မြောက်ကအလကား(〇〇%လျှော့မယ်)တို့ ၃လသင်တန်းတက်ရင်၁လFreeတို့။ “အလကား”ဆိုတဲ့ထောင်ချောက်မှာအမိမခံရဖို့ဆိုရင် “အလကား”ထက်စျေးကြီးတာမရှိဘူးဆိုတဲ့ ရှေးလူကြီးတွေပြောခဲ့ကြတဲ့အယူအဆကိုသတိရပါ။

2️⃣Framing Effectရဲ့လှည့်စားမှု

ဒီလိုမျိုးကြော်ငြာမြင်ဖူးလား?

“VitaminC 1000mgပါတဲ့အချိုရည်!!!”

ဘာမှမအံ့ဩစရာမရှိဘူး စိတ်အေးအေးထား 1000mgဆိုတာ1gပါ😂

အဲ့လိုမျိုး, အချက်အလက်တွေကိုFrameပြောင်းပြီးပြောရုံနဲ့ ရှိတာထက်ပိုပြီးကောင်းတယ်လို့ထင်ရတာကိုFraming Effectလို့ခေါ်တယ်။ ၁၀ပွဲဆက်သရေကျနေတဲ့အသင်းကို၁၀ပွဲဆက်ရှုံးပွဲမရှိလို့ပြောရင်ဒီအသင်းအရမ်းကောင်းတယ်လို့ထင်ရတယ်။ ဂျပန်မှာသုံးစွဲခွန်(消費税)တွေတက်တော့ကြော်ငြာအများစုက”အခွန်၂%မတက်ခင်ဝယ်ထား”လို့မပြောဘဲ”အခွန်၁၀%မဖြစ်ခင်ဝယ်ထား”လို့ပြောကြတယ်။ အဲ့လိုလှည့်စားမခံရအောင် ကြော်ငြာတွေတွေ့ရင်ဘယ်လိုTrickမျိုးလုပ်ထားလဲသေချာကြည့်တဲ့အလေ့အကျင့်ရှိတာကောင်းတယ်။

3️⃣စျေးကြီးတဲ့ခံစားမှုကိုထုံထိုင်းစေခြင်း

ယန်းသောင်း၅၀ဆိုရင် ပုံမှန်လူအတွက်ကတော့အများကြီးပဲလို့ထင်ကြတယ်။ ဒါပေမယ့် ယန်းသောင်း၅၀ကိုနည်းနည်းလေးပါလို့ခံစားမိတဲ့အချိန်ရှိတယ်။ ဘယ်လိုအချိန်လဲဆိုတော့ စျေးအရမ်းကြီးတဲ့အရာကိုဝယ်တဲ့အချိန်။ ဥပမာ, ယန်းသောင်း၅,၀၀၀တန်အိမ်တစ်လုံးကိုဝယ်တယ်ဆိုပါစို့။ ဝယ်တဲ့အချိန်Salesmanက “ယန်းသောင်း၅၀တန်အလှဆင်မီးဆိုင်းကြီးကိုOptionနဲ့ဆင်လိုက်တာကောင်းတယ်။ ဘယ်လောက်မှစျေးကွာတာမဟုတ်ဘူး”လို့ပြောရင် သောင်း၅၀လောက်ပဲကွာတာမထူးပါဘူးဆိုပြီးဝယ်ချပစ်လိုက်တာများတယ်။ သေချာခေါင်းအေးအေးနဲ့စဉ်းစားကြည့်ရင်သောင်း၅၀ဆိုတာစျေးကြီးပေမယ့် သောင်း၅,၀၀၀နဲ့ယှဉ်ကြည့်ပြီး ခံစားမှုကိုထုံထိုင်းသွားစေတယ်။ ဒီStrategyကစျေးကြီးတဲ့အရာတွေရဲ့ Optionပစ္စည်းတွေမှာအသုံးချတာများတယ်။ တခြားဥပမာတွေဆိုရင်, မင်္ဂလာဆောင်ရဲ့Option planတွေ၊ ကားဝယ်တဲ့အချိန်Optionတပ်ဆင်တာတွေ၊ လက်ထဲမှာငွေများများပိုင်ဆိုင်လာတဲ့အချိန်တွေပါ။ အဲ့ဒီလိုမဖြစ်ရအောင် ယန်း၁,၀၀၀ဟာဘယ်အချိန်မဆိုယန်း၁,၀၀၀ပဲ သူ့ရဲ့တန်ဖိုးကမပြောင်းလဲဘူး ဆိုတဲ့အသိရှိနေဖို့လိုတယ်။

Marketingနည်းတွေကိုမကောင်းပြောတာမဟုတ်ပါဘူး။ ကိုယ်လည်းအလုပ်ရဲ့Proposalတွေမှာ Strategyအနေနဲ့သုံးပါတယ်။ ကောင်းတဲ့ပစ္စည်း၊ ကောင်းတဲ့Serviceကိုထုတ်လုပ်ရုံနဲ့မပြီးပါဘူး။ Marketingနည်းတွေဟာ တကယ်ကောင်းတဲ့ပစ္စည်းတွေServiceတွေကို တကယ်လိုအပ်တဲ့သုံးစွဲသူတွေဆီရောက်ဖို့မရှိမဖြစ်လိုအပ်တဲ့Toolsပါ။ ဒါပေမယ့် မလိုအပ်တဲ့သူတွေဆီကိုပါရောက်သွားတတ်တဲ့အားနည်းချက်လည်းရှိတယ်။ အဲ့ဒါကြောင့် သုံးစွဲသူတွေဘက်ကလည်း Marketingအကြောင်းကိုအနည်းငယ်သိထားပြီးFilterမလုပ်နိုင်ရင် မလိုအပ်တာတွေပါဝယ်မိပြီး ငွေဖြုန်းသလိုဖြစ်သွားလိမ့်မယ်။

#marketing

#justsharing

コメント

タイトルとURLをコピーしました