【ふるさと納税စနစ်ကိုသုံးပြီးsmartကျကျ​ချွေတာခြင်း】

Posted on Facebook:2022/12/27

ふるさと納税စနစ်ဟာ အရမ်းအကျိုးရှိတဲ့စနစ်တစ်ခုပါ။ တစ်ခါလောက်စမ်းသုံးကြည့်ပြီးရင်ဘယ်လောက်အကျိုးရှိလဲဆိုတာသိလိမ့်မယ်။ အဲ့ဒီစနစ်ကိုအကျိုးရှိရှိမသုံးတဲ့လူဟာသုံးတဲ့လူနဲ့ယှဉ်ရင် ဝင်ငွေများရင်များသလောက်တစ်နှစ်ကိုသောင်းဂဏန်းကျော်နစ်နာလိမ့်မယ်…

📣ဘာလို့ဒီစနစ်ကပေါ်ပေါက်လာတာလဲ?

ဂျပန်ဟာသိတဲ့အတိုင်း လူဦးရေတဖြည်းဖြည်းနဲ့လျော့ကျလာတဲ့နိုင်ငံပါ။အထူးသဖြင့်နယ်ဘက်တွေမှာပိုသိသာတယ်။ Tokyoတို့လိုမြို့ကြီးတွေမှာကလူဦးရေထူထပ်ပြီးနယ်တွေမှာလူဦးရေအရမ်းနည်းလာတော့အခွန်သွင်းတဲ့ဦးရေလည်းနည်းလာတယ်။ အဲ့ဒါကြောင့်Tokyoတို့လိုမြို့ပြကြီးမှာနေ,နေပေမယ့်ကိုယ့်မွေးရပ်ဖြစ်တဲ့နယ်မြို့လေးဆီအခွန်သွင်းချင်ရင်သွင်းလို့ရအောင်လို့၊အဲ့လိုသွင်းတဲ့အခွန်တွေနဲ့ နယ်မြို့လေးတွေလည်းချောင်လည်လာအောင်လို့ စတင်လိုက်တဲ့စနစ်ပါ။

📣ဘယ်လိုစနစ်လဲ?

ကိုယ့်ရဲ့ဝင်ငွေပေါ်မူတည်ပြီးလက်ရှိကိုယ်နေထိုင်တဲ့မြို့ကိုဆောင်ရတဲ့နေထိုင်ခွန်(住民税)ထဲကအချို့ကို တခြားကိုယ်ကြိုက်တဲ့မြို့ဆီဆောင်ပြီးကိုယ်ဆောင်လိုက်တဲ့မြို့လေးတွေကသူတို့ဆီအခွန်သွင်းပေးလို့ကျေးဇူးတင်တဲ့အနေနဲ့သူတို့ရဲ့ဒေသခံထွက်ပစ္စည်းတွေ စားစရာတွေကိုကိုယ်သွင်းတဲ့အခွန်ရဲ့30%ဖိုးပြန်ပေးပါတယ်။တခြားမြို့ကိုဆောင်လိုက်တဲ့ကိုယ့်ရဲ့အခွန်ကိုနောက်နှစ်ရဲ့နေထိုင်ခွန်ထဲကနေနှုတ်ပေးတယ်။အကြမ်းဖျင်းပြောရမယ်ဆိုရင်နောက်နှစ်သွင်းရမယ့်နေထိုင်ခွန်ကိုတခြားမြို့ဆီကြိုသွင်းပြီး အဲ့ဒီမြို့ကနေ၃၀%ဖိုးလက်ဆောင်တွေပြန်ရတဲ့စနစ်ပါ။ အဲ့ဒီစနစ်ကိုသုံးဖို့service chargeအနေနဲ့¥2,000ပေးရတာဖြစ်တဲ့အတွက်ကြိုသွင်းတဲ့အခွန်ထဲက¥2,000နှုတ်ပြီးတဲ့amountကိုနောက်နှစ်အခွန်ထဲကနေလျှော့ပေးတယ်။ဥပမာ, ¥50,000ဖိုးအခွန်ကိုတခြားမြို့ဆီကြိုသွင်းရင် နောက်နှစ်ကိုယ်ဆောင်ရမယ့်နေထိုင်ခွန်ထဲက¥48,000ကိုလျှော့ပေးတယ်။

📣ဘယ်လိုအကျိုးရှိတာလဲ?

ပုံမှန်အတိုင်းဆိုရင်အခွန်ဆောင်လိုက်လို့ကျေးဇူးတင်လွန်းလို့ပါဆိုပြီး တစ်ခုခုပြန်ရဖူးလား?ဒီစနစ်ကိုသုံးရင် ဆောင်လိုက်တဲ့အခွန်ရဲ့30%ဖိုးလက်ဆောင်တွေပြန်ရတယ်။ အဲ့ဒီလက်ဆောင်တွေကြောင့်ကိုယ့်ရဲ့ကုန်ကျစရိတ်တစ်ချို့ပါ ကာမိမယ်ဆိုရင်အတိုင်းထက်အလွန်ပေါ့။

📣ဘယ်အချိန်သွင်းလို့ရလဲ?

နှစ်တိုင်း၁လပိုင်းကနေ၁၂လပိုင်းအတွင်းကြိုက်တဲ့အချိန်သွင်းလို့ရပြီး နောက်နှစ်၆လပိုင်းကနေဆောင်ရတဲ့နေထိုင်ခွန်ထဲကလျှော့ပေးတယ်။

📣ဘယ်လိုစတင်ရမလဲ?

1️⃣ကိုယ်သုံးချင်တဲ့ふるさと納税 web siteကိုရှာပါ။ ညွှန်းရမယ်ဆိုရင်တော့Pointတွေရတဲ့Rakutenကအကောင်းဆုံးလို့ထင်တယ်။

2️⃣အဲ့ဒီsiteမှာကိုယ်သွင်းလို့ရတဲ့limitကိုရှာပါ

⚠️အဲ့ဒီlimitကိုကျော်သွားရင် ကျော်သွားတဲ့amountကိုနောက်နှစ်အခွန်ထဲကနှုတ်မပေးဘူး။

3️⃣ကိုယ်သွင်းချင်တဲ့မြို့ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့လက်ဆောင်(ပစ္စည်း)ကို online shoppingလုပ်သလိုရှာပြီးဝယ်ပါ။

4️⃣နောက်နှစ်အခွန်ကိုလျှော့ပေးဖို့လျှောက်လွှာတင်ပါ။

5️⃣နောက်နှစ်အခွန်ကလျော့နေတာကိုcheckပါ။

📣ဘယ်လိုလက်ဆောင်တွေရှိလဲ?

တခြားတော့မသိပေမယ့် Rakutenမှာကတော့အကုန်ရှိတယ်။ Jewelryတောင်ရှိတယ်။ Rakuten online shoppingမှာ ふるさと納税ဆိုပြီးရိုက်ထည့်လိုက်ရင် ထွက်လာလိမ့်မယ်။

📣ဘယ်လိုလက်ဆောင်ကိုယူတာကောင်းလဲ?

Popularဖြစ်တာကတော့ စားစရာတွေပဲ။ A5 rankရှိတဲ့အမဲသားတို့ ပုဇွန်ထုတ်တို့ပုံမှန်ဆိုဝယ်မစားဖြစ်တဲ့brandတွေကိုလူကြိုက်များပေမယ့် နေ့စဉ်သုံးပစ္စည်းတွေကိုပိုကြိုက်တယ်။ ဘာလို့လဲဆိုတော့နေ့စဉ်အသုံးစရိတ်ကိုချွေတာပြီးသားဖြစ်လို့။ ဥပမာ၊ Toilet paperတို့ Tissueတို့ ဆပ်ပြာတို့လိုမျိုး။ အိမ်မှာဆိုToilet paperနဲ့Tissueမဝယ်ရတာလပေါင်းများစွာကြာပြီ😂 ရုံးကလုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆိုကလေးမွေးတုန်းက Diapersကုန်တိုင်းဒီစနစ်နဲ့Diapersကိုလက်ဆောင်ယူတာကလေးတောင်အရွယ်ရောက်ပြီDiapersဖိုးမကုန်လိုက်ဘူးတဲ့😂

ဂျပန်မှာရှိတဲ့သုံးလို့ရတဲ့စနစ်တွေကိုတန်အောင်သုံးပြီး စမတ်ကျကျနေရအောင်။

#justsharing

#ふるさと納税る

コメント

タイトルとURLをコピーしました