နေ့စဉ်လူမှုဆက်ဆံရေးကိုချောမွေ့စေဖို့ဆိုရင်…

Posted on Facebook : 2023/5/2


“ငါးမျှားချိတ်မှာ ငါးကြိုက်တဲ့အစာကိုချိတ်ပါ”
-David Lloyd George (Prime Minister of UK)

ငါးမျှားချိတ်မှာ ငါးကြိုက်တဲ့အစာမချိတ်ရင် ဘယ်လိုလုပ်မျှားလို့ရမှာလဲ။ ဒါပေမယ့်, ဒီLogicကိုနေ့စဉ်လူမှုဆက်ဆံရေးမှာအသုံးချကြရဲ့လား? ငါးကြိုက်တဲ့အစာမဟုတ်ဘဲနဲ့ ကိုယ်ကြိုက်တဲ့အရာကိုငါးမျှားချိတ်မှာချိတ်ပြီး ငါးမျှားနေကြရင်တော့ ကိုယ်လိုချင်တဲ့အရာကိုဘယ်လိုလုပ်ရနိုင်မှာလဲ။ နေ့စဉ်လူမှုဆက်ဆံရေးမှာလည်း လူတွေရဲ့အကြိုက်ကိုသိပြီး သူတို့ကြိုက်တာကိုကိုယ်ကပေးနိုင်ရင် လူချစ်လူခင်များပြီး အထူးသဖြင့်လုပ်ငန်းခွင်မှာချောမွေ့လိမ့်မယ်။
လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုပေမယ့်
လူတွေရဲ့အခြေခံသဘောတရား၃ချက်ကိုသိရင်လူတွေနဲ့အလိုက်အထိုက်ပေါင်းသင်းဖို့
အရမ်းမခက်ခဲပါဘူး။

(1) လူဆိုသည်မှာကိုယ့်ကိုယ်ကို(ကိုယ့်အကြောင်းကို)စိတ်အဝင်စားဆုံးသတ္တဝါ


ဒီအချက်နဲ့ပတ်သက်ပြီးဘယ်အချိန်မှာထင်ထင်ရှားရှားသိသာလဲဆိုရင် Group Photoရိုက်တဲ့အချိန်။ Group Photoရိုက်လို့ထွက်လာတဲ့ပုံကိုကြည့်ရင် ဘယ်သူ့ပုံကိုအရင်ကြည့်သလဲ? လူတိုင်းလိုလိုကိုယ့်ပုံကိုအရင်ကြည့်ပြီး အဆင်ပြေသလား လှရဲ့လားလို့Checkကြတယ်။ ကိုယ်ချစ်တဲ့သူနဲ့ရိုက်တဲ့ဓါတ်ပုံတောင်မှ ကိုယ်မလှလို့Facebookပေါ်မတင်ခိုင်းတဲ့ပုံတွေရှိတယ်ဟုတ်?😂

(2) လူဆိုသည်မှာ ကိုယ့်အကြောင်းကိုသိစေချင်ပြီး ကိုယ့်ကိုအသိအမှတ်ပြုတာခံချင်တဲ့သတ္တဝါ

မည်သူမဆိုချီးကျူးခံရပြီ အားပေးခံရပြီဆိုရင် ပျော်တဲ့သူချည်းပါပဲ။ ကိုယ့်ရဲ့လုပ်ရပ်တွေ ကိုယ့်ရဲ့ခံယူချက်တွေကိုသိပြီးတော့မှ(ကိုယ့်အကြောင်းကိုသိပြီးမှ)ချီးကျူးခံ အားပေးခံရတာဆိုပိုပြီးတောင်မှပျော်သေးတယ်။

(3) လူဆိုသည်မှာ ကိုယ့်အကြောင်းကိုသိတဲ့သူ၊ ကိုယ့်ကိုနားလည်ပေးတဲ့သူကိုသဘောကျတဲ့သတ္တဝါ

ဒီအချက်ကတော့ရှင်းပါတယ်။ ကိုယ့်အပေါ်စိတ်ဝင်စားပြီး ကိုယ့်ကိုနားလည်ပေးတဲ့သူကိုမုန်းတဲ့သူမရှိပါဘူး။

ဒီအခြေခံသဘောတရားကိုနားလည်ပြီး
ပြောင်းပြန်အသုံးချကြည့်မယ်ဆိုရင်…

◉ကိုယ့်ကိုယ်ကိုစိတ်အဝင်စားဆုံး ➡️ တခြားလူ(ကိုယ့်ပတ်ဝန်းကျင်ကလူ)ကိုစိတ်ဝင်စားပါ။

◉ကိုယ့်အကြောင်းကိုသိစေချင်ပြီး ကိုယ့်ကိုအသိအမှတ်ပြုတာခံချင်တယ် ➡️ သူ့အကြောင်းကိုသိအောင်လုပ်ပြီး သူ့ကိုအသိအမှတ်ပြုပါ။

အဲ့ဒီလိုမျိုးပုံစံနဲ့လူတွေကိုဆက်ဆံရင်
အခြေခံသဘောတရားရဲ့၃ချက်မြောက်ကသူ့အလိုလိုဖြစ်လာပါလိမ့်မယ်။

#justsharing

コメント

タイトルとURLをコピーしました