Posted on Facebook : 2023/5/21
အခုတလောFacebookကPostsတွေ ကိုယ့်အနီးအနားကလူတွေဆီကနေ ဂျပန်မှာတိုက်ခန်းဝယ်ပြီးအငှါးချထားရင်မြတ်တယ်တို့၊ အသက်ကြီးလာရင် ပင်စင်နဲ့မလောက်လို့ အပိုဝင်ငွေအနေနဲ့အိမ်ငှါးခလေးရတာပေါ့တို့၊ အိမ်ငှါးကကိုယ့်အစားဘဏ်ကိုဆပ်ပေးတာတို့ စသဖြင့်ကောင်းတာတွေချည်းပဲကြားနေရတယ်။ တကယ်တော့ ဂျပန်ရဲ့အိမ်ခြံမြေလောကဟာ ထင်သလောက်မရိုးရှင်းပါဘူး။ ရှင်းရှင်းပြောရရင် ဂျပန်ရဲ့အိမ်ခြံမြေနဲ့ပတ်သက်တဲ့ဗဟုသုတမရှိရင်၊ Money Literacyမရှိရင် မလုပ်ပါနဲ့။
တိုက်ခန်းဝယ်ပြီးရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီတွေဆီမေးမြန်းစုံစမ်းပြီဆိုရင် တိုက်ခန်းတွေကိုထုတ်ပြတဲ့အခါ “အကြမ်းဖျင်းအမြတ်(表面利回り)”ကိုထုတ်ပြကြတာများတယ်။ ဥပမာ, တစ်နှစ်ကို၆%အမြတ်ထွက်မယ်ဆိုပြီးသောင်း၁,၀၀၀တန်အိမ်ကိုဝယ်ရင်တစ်နှစ်ကိုသောင်း၆၀မြတ်မယ်လို့ “အကြမ်းဖျင်းအမြတ်(表面利回り)”မှာရေးထားကြတယ်။ အဲ့ဒီလိုရေးထားတာကိုမြင်ရုံနဲ့ တိုက်ခန်းလည်းပိုင်မယ့်အပြင် တစ်နှစ်ကိုသောင်း၆၀လည်းရမယ်လို့ထင်ပြီးဝယ်ချပစ်လိုက်ပြီဆိုရင်တော့ ခက်ခဲတဲ့အခြေအနေတစ်ခုအစပျိုးပြီလို့သာမှတ်လိုက်ပါ။ ဘာလို့လဲဆိုတော့ သူတို့တွက်ထားတဲ့ “အကြမ်းဖျင်းအမြတ်(表面利回り)”ဟာများသောအားဖြင့်
•၃၅နှစ်Loanဆိုရင်၃၅နှစ်လုံးအိမ်ငှါးက
တစ်လတောင်မပျက်ဘဲနေ,နေတယ်ဆိုပြီး
တွက်ထားတယ်။
•၃၅နှစ်Loanဆိုရင်၃၅နှစ်လုံးအိမ်ငှါးခက
လုံးဝမလျော့ဘဲ တစ်သတ်မှတ်တည်းဆိုပြီး
တွက်ထားတယ်။
•ဘဏ်တိုးကိုထည့်မတွက်ထားဘူး။
•နှစ်စဉ်ကုန်ကျမယ့် အိမ်အခွန်၊ မြို့ပြအခွန်ကိုထည့်မတွက်ထားဘူး။
•နှစ်စဉ်ဆောင်ရတဲ့မီးအာမခံကြေးကို
ထည့်မတွက်ထားဘူး။
•လစဉ်ဆောင်ရတဲ့ပြုပြင်ထိန်းသိမ်းကြေးကို
ထည့်မတွက်ထားဘူး။
•အိမ်ငှါးတစ်ယောက်နဲ့တစ်ယောက်
အကူးအပြောင်းမှာအိမ်ကိုပြန်ပြင်ရတာတွေ၊
သန့်ရှင်းရေးလုပ်ရတာတွေကိုထည့်မတွက်ထားဘူး။
အဲ့ဒီလိုတွက်ထားမှတော့ အမြတ်ထွက်ပြီပေါ့။
ဒါပေမယ့်တကယ်တမ်းတော့ အပေါ်ကဟာတွေအကုန်ထည့်စဉ်းစားပြီးတွက်ရင် “အကြမ်းဖျင်းအမြတ်(表面利回り)”၆%ပဲရှိတဲ့တိုက်ခန်းဟာ တစ်နှစ်ကို သောင််း၂၀-၄၀လောက်အရှုံးပေါ်ပါတယ်။
အဲ့ဒီလိုထောက်ပြရင် အိမ်ခြံမြေအကျိုးဆောင်က “တစ်လ၂သောင်းကျော်လောက်အိတ်ထဲကစိုက်ရုံနဲ့တိုက်ခန်းတစ်ခန်းပိုင်နိုင်ပြီ”လို့ပြောလိမ့်မယ်။ အဲ့ဒါဆိုရင် လူအများစုယူတဲ့၃၅နှစ်Loanကို ဆပ်လို့ပြီးသွားတဲ့အချိန်မှာ အဲ့ဒီတိုက်ခန်းဟာတန်ဖိုးဘယ်လောက်ရှိမလဲ? ဂျပန်ဟာလူဦးရေလျော့နည်းလာတဲ့နိုင်ငံပါ။ ယခုလက်ရှိလူဦးရေဟာ အမြင့်ဆုံးဖြစ်ခဲ့တဲ့၂၀၀၈ခုနှစ်နဲ့ယှဉ်မယ်ဆိုရင် လူဦးရေ၂သန်းခွဲလောက်လျော့နည်းလာပါတယ်။ ၁၁နှစ်ဆက်တိုက်လူဦးရေလျော့ကျလာတဲ့အပြင် ရှေ့လျှောက်လည်း လူဦးရေလျော့ကျမယ်လို့ခန့်မှန်းခံထားရတဲ့နိုင်ငံမှာ တိုက်ခန်းတွေများပြီး, နေမယ့်လူတွေနည်းလာမယ်လို့ယူဆရတယ်။ အဲ့ဒီလိုအနေအထားမှာ တိုက်ခန်းစျေးတွေတက်နိုင်မလား? Capital Lossဖြစ်ဖို့Riskများတဲ့ရင်းနှီးမြှုပ်နှံမှုကိုLoanယူပြီးလုပ်ရလောက်အောင် မစွန့်စားသင့်ဘူးလို့ထင်တယ်။ ဘယ်နေရာကတိုက်ခန်းဆိုစျေးမကျနိုင်ဘူးတို့ ပေါက်စျေးထက်သက်သာတဲ့တိုက်ခန်းကိုရှာနိုင်တာတို့ ဂျပန်ရဲ့အိမ်ခြံမြေနဲ့ပတ်သက်တဲ့ဗဟုသုတမရှိရင် ဝေးဝေးကရှောင်သင့်တဲ့အရာပါ။
コメント