ဂျပန်မှာအိမ်ဝယ်ဖို့အတွက်ဘယ်သူတွေဆီမှာဆွေးနွေးတိုင်ပင်ကြသလဲ?

Posted on Facebook : 2024/2/25

ဒီမေးခွန်းနဲ့စစ်တမ်းကောက်လိုက်တဲ့အခါ
ပထမ : အိမ်ခြံမြေကုမ္ပဏီကတာဝန်ခံ
ဒုတိယ : ဘဏ်ကတာဝန်ခံ
တွေဆီမှာ ဆွေးနွေးတိုင်ပင်ကြတယ်ဆိုတဲ့သတင်းကိုဟိုတစ်နေ့ကတွေ့လိုက်ရတယ်။ အိမ်ခြံမြေနဲ့ဘဏ်ကိစ္စတွေကခက်ခဲပြီး တချို့ကိစ္စတွေလုပ်ဆောင်ဖို့ဆိုရင် Certificateတောင်လိုအပ်တော့ ဒီလိုအဖြေမျိုးထွက်လာတာကသိပ်တော့မစမ်းပါဘူး။ ဒါပေမယ့် ငွေကြေးလောကမှာ ကိုယ့်ဆီကိုပစ္စည်း(Service)တစ်ခုခုရောင်းလိုက်ခြင်းအားဖြင့်သူတို့ဘက်ကအကျိုးအမြတ်ရတဲ့သူတွေနဲ့ဆက်ဆံတဲ့အခါမှာ ပစ်လွှဲပြီးမယုံကြည်လိုက်ပါနဲ့။

စစ်တမ်းကောက်လိုက်တဲ့အဖြေရဲ့ပထမနဲ့ဒုတိယအများဆုံးကဘယ်သူတွေလဲဆိုတာပြန်ကြည့်,ကြည့်ပါ။
•အိမ်ခြံမြေကုမ္ပဏီကတာဝန်ခံဆိုတာ ကိုယ့်ကိုအိမ်ဝယ်စေချင်တဲ့သူ(အိမ်ရောင်းရမှ ကော်မရှင်ခတွေ ပွဲစားခတွေ အိမ်ရောင်းရငွေတွေရမှာ)
•ဘဏ်ကတာဝန်ခံဆိုတာ ကိုယ့်ကိုငွေချေးစေချင်တဲ့သူ(ငွေချေးမှနှစ်ပေါင်းများစွာအတိုးရမှာ)
အပေါ်ကလူ၂မျိုးစလုံးကငွေကြေးပိုင်းဆိုင်ရာProတွေပါ။ ပြီးတော့သူတို့ဆီမှာ လစဉ်(နှစ်စဉ်)ဘယ်လောက်ရောင်းရပြီး ဘယ်လောက်အမြတ်ကျန်ရမယ်ဆိုတဲ့သတ်မှတ်ချက်(ノルマ)တွေရှိတယ်။ အဲ့ဒီသတ်မှတ်ချက်တွေမပြည့်မှီရင် အမှတ်လျော့တာ Bonusလျော့တာမျိုးတွေရှိတော့ ဘယ်နည်းနဲ့ဖြစ်ဖြစ်အိမ်ကိုဝယ်စေချင်ကြတယ်။ အဲ့ဒီလူ၂မျိုးဟာ ကိုယ့်ရဲ့မိတ်ဆွေသူငယ်ချင်း၊ ဆွေမျိုးဖြစ်နေရင်တောင် သူတို့ပြောတာကိုသံသယအပြည့်နဲ့နားထောင်ပါမှတော်ရာကျပါလိမ့်မယ်။
*အဲ့ဒီလူ၂မျိုးရဲ့Trickလုပ်တတ်တာကိုအောက်ကPost၂ခုမှာရေးထားပါတယ်။

ဒီလူ၂မျိုးနဲ့မတိုင်ပင်နဲ့လို့တော့မဆိုလိုပါဘူး။ အိမ်ဝယ်ချင်ရင် သူတို့နဲ့ကမပတ်သက်လို့မရဘူး။ တစ်ခုပဲ, ကိုယ်ဝယ်မယ့်အိမ်(ပစ္စည်း၊ Service)ကိုရောင်းတဲ့သူနဲ့ ကိုယ်ကတိုင်ပင်ဆွေးနွေးမယ့်သူကတစ်ဦးတည်း၊ တစ်ဖွဲ့တည်းဆိုရင်အထူးသတိထားပါ။ သူတို့နဲ့ပြိုင်ပြောနိုင်အောင်၊ သူတို့ပြောတာတွေရဲ့နောက်ကွယ်ကအရာတွေကိုသိနိုင်အောင်(ပြန်ထောက်ပြနိုင်အောင်) ကိုယ့်ရဲ့Financial Literacyကိုမြှင့်ပြီးမှ အိမ်ဝယ်ဖို့သူတို့နဲ့တိုင်ပင်ပါ။ မဟုတ်ရင်တော့ သူတို့ပြောသမျှခေါင်းငြိမ့်ပြီး မလိုအပ်တဲ့Riskတွေထမ်း၊ မလိုအပ်တဲ့အပိုကုန်ကျစရိတ်တွေကုန်ကျနဲ့ ခက်ခဲတဲ့အခြေအနေတွေဖြစ်လာလိမ့်မယ်။

အဲ့ဒီလူ၂မျိုးဆီကနေအမုန်းခံရတော့မလားမသိ😁

コメント

タイトルとURLをコピーしました