【ဂျပန်မှာမဝင်သင့်သော/မလိုအပ်သောအာမခံ】⚠️ကင်ဆာရောဂါအာမခံがん保険⚠️

Posted on Facebook : 2024/6/16

*ဂျပန်မှာရေရှည်နေထိုင်သူများအတွက်

နှာစေးချောင်းဆိုးကစလို့ ကင်ဆာရောဂါအထိ ၉၆ပါးရောဂါအကုန်ဘယ်ရောဂါမဆိုအသုံးပြုလို့ရတဲ့ Publicကျန်းမာရေးအာမခံစနစ်ထဲလူတိုင်းဝင်ထားပြီးသားကို ကင်ဆာရောဂါအတွက်ပဲသီးသန့်ထပ်ဝင်ရတဲ့အာမခံကဘာလို့ရှိရတာလဲဆိုတာနားကိုမလည်ဘူး။😂

(ဂျပန်ရဲ့Publicအာမခံအကြောင်းကိုအောက်ကPostမှာလေ့လာနိုင်ပါတယ်။)

ကင်ဆာရောဂါလို့ဆေးစစ်ချက်အဖြေထွက်လာရင်ရမယ့်ငွေကြေး၊ ကင်ဆာရောဂါကြောင့်ဆေးရုံတက်ရရင်တစ်ရက်ဘယ်လောက်ဆိုပြီးရမယ့်ငွေကြေး၊ ကင်ဆာရောဂါကြောင့်ဆေးခန်းသွားပြရင် တစ်ရက်ဘယ်လောက်ဆိုပြီးရမယ့်ငွေကြေး၊ ကင်ဆာရောဂါကြောင့်ခွဲစိတ်ရတဲ့အခါရမယ့်ငွေကြေး၊ Publicကျန်းမာရေးအာမခံနဲ့သုံးလို့မရတဲ့ဆေး/ကုထုံးနဲ့ကုတဲ့အခါရမယ့်ငွေကြေး စတာတွေကိုခံစားခွင့်ရတဲ့အာမခံပါ။ ဒါပေမယ့် အဲ့ဒီခံစားခွင့်တွေအကုန်ရဖို့ဆိုရင်တော့ လစဉ်သွင်းရမယ့်အာမခံကြေးကအရမ်းစျေးကြီးတတ်တယ်။ ဒီအာမခံကိုလာဆွယ်တဲ့သူတွေဟာ “လူ၂ယောက်မှာတစ်ယောက်ကကင်ဆာဖြစ်နိုင်တဲ့ခေတ်ကြီး။ ကင်ဆာဖြစ်ရင်ကုဖို့အတွက်ဆေးစရိတ်ကအရမ်းစျေးကြီးတယ်”လို့ပြောပြီး စိတ်ပူပင်သောကဖြစ်အောင်အရင်လုပ်တတ်တယ်။

ဘာလို့မဝင်သင့်(မလိုအပ်)တာလဲဆိုတော့…

  1. ၂ယောက်မှာတစ်ယောက်ကကင်ဆာဖြစ်တယ်ဆိုတာမှန်ပေမယ့် အဲ့ဒီDataကတစ်သက်လုံးစာအတွက်ပေါ်မှာအခြေခံပြီးတွက်ထားတာ။ အသက်၆၀အောက်လူတွေမှာဆိုရင် လူဦးရေရဲ့၁၀%အောက်ပဲကင်ဆာဖြစ်တာ။ ဆိုတော့ကား အသက်၆၀ကျော်မှအဖြစ်များတာဖြစ်လို့ အာမခံမဝင်ဘဲနဲ့ အသက်၆၀မတိုင်ခင်မှာ ကိုယ့်ဟာကိုစုဆောင်းတာ၊ Investmentလုပ်တာက ကိုယ့်ရဲ့ဘဝအခြေအနေ​ပေါ်လိုက်ပြီးပြောင်းလွယ်ပြင်လွယ်ရှိတယ်။
  2. ကင်ဆာရောဂါကုဖို့အတွက် တခြားရောဂါတွေနဲ့ယှဉ်ရင် စရိတ်ကြီးပေမယ့် ဘဝပျက်လောက်တဲ့အထိဆေးဖိုးဝါးခကုန်ကျတာ၊ ဆေးဖိုး/ခွဲစိတ်ခမတတ်နိုင်လို့ဆေးမကုနိုင်ဘဲသေရတယ်ဆိုတာမရှိသလောက်ပါပဲ။ ဘာလို့လဲဆိုတော့ လူတိုင်းအသုံးပြုလို့ရတဲ့”ကုန်ကျစရိတ်ကြီးမြင့်သောဆေးဝါးကုသမှုအကျိုးခံစားခွင့်စနစ်”(高額療養費制度)ရှိနေလို့ ဥပမာ,ဦးနှောက်အကြိတ်ကင်ဆာရောဂါကြောင့်ခွဲစိတ်ရရင်တောင် ၁၀သောင်းထက်ပိုမကုန်ဘူး။ ဒီလောက်ငွေလောက်အတွက်နဲ့ စျေးကြီးပေးရတဲ့ကင်ဆာရောဂါအာမခံထဲမဝင်သင့်ဘူး။
  3. ကင်ဆာရောဂါအာမခံထဲဝင်ထားရင် Publicကျန်းမာရေးအာမခံစနစ်နဲ့သုံးလို့မရတဲ့ခေတ်ပေါ်ဆေးဝါးကုထုံး(先進医療)တွေနဲ့ကုတဲ့အခါ ငွေကြေးအနည်းငယ်ထောက်ပံ့ပေးပေမယ့် ခေတ်ပေါ်ဆေးဝါးကုထုံး(先進医療)ဆိုတာ ဂျပန်ရဲ့ကျန်းမာရေးဝန်ကြီးကလူတိုင်းနဲ့မကိုက်ညီသေးလို့၊ ဘေးထွက်ဆိုးကျိုးများလို့ ဒါမှမဟုတ် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိလဲဆိုတာResearchမလုပ်ရသေးတဲ့ကုထုံးတွေကိုပြောတာ။ နောက်ဆုံးပေါ်ခေတ်မှီဆေးဝါးကုထုံးတွေလို့ပြောတာမဟုတ်ဘူး။ လူအများအတွက်သင့်တော်ပြီဆိုရင် အာမခံသုံးလို့ရတဲ့အထဲကိုထည့်ပေးပါတယ်။ ပြီးတော့ 先進医療တွေအကုန်စျေးကြီးတာမဟုတ်ဘူး။ ၄-၅ထောင်တန်先進医療တွေလည်းရှိတယ်။

ကုန်ကျစရိတ်ကြီးမြင့်သောဆေးဝါးကုသမှုအကျိုးခံစားခွင့်စနစ်”(高額療養費制度)နှင့်ပတ်သက်ပြီး အောင်ကPostမှာဖတ်ရှုနိုင်ပါတယ်။

ဒါဆိုကိုယ့်ကျန်းမာရေးအတွက်ဘယ်လိုပြင်ဆင်ထားရမလဲ?

ရောဂါကြီးကြီးမားမားဖြစ်ရင် ဘဝပျက်လောက်အောင်ဖြစ်ချင်မှဖြစ်ပေမယ့် အကုန်အကျတော့များတယ်။ အလုပ်မလုပ်နိုင်လို့ဝင်ငွေလည်းလျော့သွားလိမ့်မယ်။ တစ်ကိုယ်ရေစာ ဒါမှမဟုတ် မိသားစုမှာကိုယ့်အပြင်အိမ်ထောက်ဖက်ကပါအလုပ်လုပ်နေတယ်ဆိုရင် အကြမ်းဖျင်းသောင်း၂၀၀လောက်စုဆောင်းငွေရှိအောင်အရင်လုပ်ပါ။ သောင်း၂၀၀မပြည့်ခင်ကတော့ စျေးသက်သာတဲ့かけ捨てがん保険ထဲကိုဝင်ထား၊ သောင်း၂၀၀ပြည့်ရင် ထွက်လိုက်ပြီး Publicအာမခံ+စုဆောင်းငွေနဲ့နေသွားတာကPerformanceကောင်းပါတယ်။

がん保険ထဲဝင်တယ်ဆိုတာ ကိုယ်ကကင်ဆာဖြစ်မယ့်ဘက်ကိုရင်းနှီးထားပြီး ဖြစ်လာရင်ငွေရမယ့် “ကံဆိုးသူပေါက်တဲ့ထီ”လိုမျိုးပါ။ ကိုယ်ကကင်ဆာဖြစ်မယ့်ဘက်ကိုရင်းနှီးတာထက် ကင်ဆာမဖြစ်ဘဲကျန်းမာအောင်နေရတဲ့ဘက်ကိုရင်းနှီးတာ(ဥပမာ, လစဉ်သွင်းရတဲ့အာမခံကြေးတွေကိုGymအတွက်သုံးတာတို့ Stressဖြေဖျောက်တဲ့နေရာမှာသုံးတာတို့)ကပိုမကောင်းဘူးလား?

コメント

タイトルとURLをコピーしました