Posted on Facebook : 2024/6/22
လူတွေဟာသူတို့မွေးဖွားကြီးပြင်းခဲ့တဲ့ခေတ်၊ ဖြတ်သန်းခဲ့ဖူးတဲ့ခေတ်အပေါ်လိုက်ပြီး ဘဝမှာအရေးအကြီးဆုံးလို့သတ်မှတ်ထားတဲ့အရာ(Values, 価値観)တွေက ကွဲပြားသွားတတ်တယ်။ အဲ့ဒီလိုကွဲပြားရာကနေမှတစ်ဆင့် စဉ်းစားတွေးခေါ်ပုံတွေ၊ လုပ်ပုံကိုင်ပုံတွေပါကွဲပြားသွားတတ်တယ်။ အဲ့ဒီလိုကွဲပြားခြင်းကို Generation Gapလို့ခေါ်ကြတယ်။ အဲ့ဒီ Generation Gapကြောင့် အလုပ်ခွင်ထဲ၊ မိသားစုထဲမှာ ပွတ်တိုက်မှုလေးတွေဖြစ်တတ်ကြတယ်။ ခေတ်တစ်ခုကိုအတူတူဖြတ်သန်းဖူးတဲ့သူတွေကြတော့ တစ်ယောက်နဲ့တစ်ယောက်စဉ်းစားတွေးခေါ်ပုံတူတတ်ကြတယ်။
🟢အသက်၇၅အထက်(ကိုယ့်အဖိုးအဖွားအရွယ်)
ဒီအသက်အပိုင်းအခြားကလူတွေရဲ့Valuesက အစားအစာပဲ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ငယ်ဘဝအချိန်အများစုမှာ အစာရေဆာရှားပါးတဲ့အချိန်အပိုင်းအခြားတစ်ခုရှိခဲ့လို့ပဲ။ သူတို့မွေးဖွားကြီးပြင်းတဲ့အချိန်က ကမ္ဘာမှာရော၊ နိုင်ငံတွင်း(မြန်မာရော ဂျပန်ရော)မှာပါမတည်မငြိမ်ဖြစ်နေတဲ့အချိန်၊ အများစုကဆင်းရဲပြီး အစာရေဆာမလောက်ငှမှုကိုခံခဲ့ရတဲ့အချိန်ပါ။ အစာငတ်နေတဲ့သူတွေ၊ အစာရေဆာအတွက်လုံးပန်းနေရတဲ့သူတွေကို မျက်စိနဲ့တပ်အပ်မြင်ခဲ့ကြရတော့ အစားအစာကသူတို့ဘဝအတွက်အရမ်းအရေးကြီးတဲ့အရာပဲ။ ကိုယ်တွေအဖိုးအဖွားအိမ်အလည်သွားရင် စားစရာတစ်ခုပြီးတစ်ခုကျွေးတာ။ မစားရင်စိတ်မကောင်းကြဘူး😂 Dietလုပ်နေလို့မစားဘူးလို့ပြောလည်းမရဘူး။ ပြီးတော့ ပိန်နေရင်မကြိုက်ကြဘူး။ ဝဖြိုးနေတာတွေ့ရမှစိတ်ချမ်းသာကြတာ😂 အဲ့ဒီလိုဖြစ်တာကဘာလို့လဲဆိုတော့ ဒီအသက်အပိုင်းအခြားကလူတွေဟာ အစားအစာကဘဝမှာအရေးအကြီးဆုံးလို့ခံယူထားကြလို့ပဲ။
🟢အသက်၄၅~၇၀ဝန်းကျင်(ကိုယ့်မိဘအရွယ်)
ဒီအသက်အပိုင်းအခြားကလူတွေရဲ့Valuesက ငွေကြေးဥစ္စာပဲ။ သူတို့မွေးဖွားကြီးပြင်းခဲ့တဲ့အချိန်က စက်မှုလုပ်ငန်းထွန်းကားလာပြီး Luxuryပစ္စည်းတွေပေါ်ထွက်လာတဲ့အချိန်။ ငွေရှိရင် အဲ့ဒီပစ္စည်းတွေဝယ်ပြီး အရင်ကထက်ကောင်းမွန်တဲ့နေထိုင်မှု၊ ကောင်းမွန်တဲ့ဘဝကိုလက်ဝယ်ရရှိတဲ့အချိန်။ ငွေကြေးဥစ္စာပေါများသူနဲ့ မပေါများသူကြားကကွာဟမှုကို မျက်စိရှေ့မှာတင်မြင်ခဲ့ကြရတော့ ငွေကြေးဥစ္စာက သူတို့အတွက်အရေးအကြီးဆုံးလို့သတ်မှတ်တာ မထူးဆန်းပါဘူး။ သူတို့သားသမီးတွေအလုပ်ရတာတို့၊ အလုပ်ပြောင်းတာတို့၊ ရာထူးတက်တာတို့ဆိုရင် များသောအားဖြင့် ဘယ်လိုအလုပ်လဲဆိုတာထက် လခဘယ်လောက်ရ(တိုး)လဲဆိုတာအရင်စိတ်ဝင်စားကြတယ်😂 ပြီးတော့ အိမ်ပိုင်ကားပိုင်ဆိုတာကိုမက်မောတတ်ကြတယ်။ ဘာလို့လဲဆိုတော့ ငွေကြေးဥစ္စာကဘဝအတွက်အရေးကြီးတယ်လို့ သတ်မှတ်ထားကြလို့ပဲ။ ဒီအသက်အပိုင်းအခြားကလူတွေနဲ့ သူတို့ထက်အသက်ကြီးတဲ့လူတွေကြားမှာက အရမ်းကြီးGapမဖြစ်နေဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေရဲ့Valuesဖြစ်တဲ့အစားအစာရော၊ ငွေကြေးဥစ္စာရောက ဝတ္ထုပစ္စည်းတွေဖြစ်နေလို့ပဲ။ ပြဿနာကနောက်Generationတွေနဲ့ကြားကGapပဲ။
🟢အသက်၄၅အောက်
ဒီအသက်အပိုင်းအခြားကလူတွေရဲ့Valuesက
ကိုယ့်ရဲ့ဖြစ်တည်မှုကိုအသိအမှတ်ပြုခံရခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုပဲ။ သူတို့ထက်အသက်ကြီးတဲ့သူတွေရဲ့Valuesနဲ့ကွာသွားတာက ဝတ္ထုပစ္စည်းဘက်မဟုတ်တော့ဘဲ စိတ်ပိုင်းဆိုင်ရာဘက်ကိုပြောင်းလဲသွားတာပဲ။ သူတို့မွေးဖွားကြီးပြင်းလာခဲ့တဲ့ခေတ်မှာ ငတ်လို့သေတဲ့သူကိုမတွေ့ဖူးသူများတယ်။ ပြီးတော့ ငွေကြေးဥစ္စာအရမ်းမချမ်းသာလည်း Standardတစ်ခုရှိတဲ့နေထိုင်မှုကိုပိုင်ဆိုင်နိုင်တယ်(ဥပမာ, လူတိုင်းSmartPhoneကိုင်နိုင်ပြီးInternetသုံးနိုင်တယ်)။ ဒီအသက်အပိုင်းအခြားကလူတွေက အစားအစာ၊ ငွေကြေးဥစ္စာတွေကိုမလိုအပ်ဘူးလို့ပြောတာမဟုတ်ဘူး။ အဲ့ဒီ၂ခုတည်းနဲ့မလုံလောက်တော့တာ။ လခဘယ်လောက်ကောင်းကောင်း စိတ်ပျော်ရွှင်မှုမရဘူး၊ ကိုယ့်ဖြစ်တည်မှုကိုအသိအမှတ်ပြုမခံရဘူးဆိုရင် အဲ့ဒီအလုပ်ကိုရေရှည်မလုပ်တာကဒီအသက်အပိုင်းအခြားကလူတွေပဲ။ ပြောင်းပြန်အနေနဲ့ လခသိပ်မကောင်းပေမယ့် ကိုယ်ဟာတခြားသူတွေအတွက်ထောက်အကူဖြစ်နေတယ်၊ ကိုယ့်ကြောင့်တခြားသူတွေအဆင်ပြေနေတယ်လို့ခံစားရရင် အဲ့ဒီအလုပ်ကိုရေရှည်လုပ်တတ်ကြတယ်။ ငွေကြေးချမ်းသာဖို့အလုပ်ကြိုးစားတာ၊ ပိုက်ဆံစုတာထက် စိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုအတွက် ဝါသနာဘက်မှာငွေကြေးသုံးဖို့ဝန်မလေးကြဘူး။ အရာဝတ္ထုတွေပေါများလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာပိုင်းကိုပိုပြီးတန်ဖိုးထားလာကြတယ်။ အဲ့ဒါကပဲ ဒီအသက်အပိုင်းအခြားကလူတွေနဲ့ သူတို့ထက်အသက်ကြီးတဲ့လူတွေကြားထဲက ကြီးမားတဲ့တံတိုင်းကြီး(Gap)ပဲ။ ဒီGapကကြီးမားလွန်းတော့ တစ်ယောက်နဲ့တစ်ယောက်နားလည်ပေးဖို့ခက်တတ်ကြတယ်။
ကိုယ့်ကိုနားလည်ပေးဖို့မျှော်လင့်တာ၊ တခြားသူရဲ့စဉ်းစားတွေးခေါ်မှုတွေကိုပြောင်းလဲပစ်ဖို့ကြိုးစားတာထက်၊ “ဪ သူတို့တွေကဒီလိုဘဝကိုဖြတ်သန်းလာရတော့ ဒီလိုတွေးတတ်တာပေါ့။ ဒါGeneration Gapပဲ”လို့ဖြည့်တွေးပေးလိုက်ရင် ပွတ်တိုက်မှုလေးတွေအနည်းငယ်လျှော့ချနိုင်မယ်ထင်တယ်။
コメント