【ကိုယ့်ဘဝကိုယ်ပဲ့ကိုင်ခြင်း (သို့) Responseမှသည်Responsibilityသို့】

ကိုယ့်ဘဝကိုယ်ပဲ့ကိုင်တယ်ဆိုတာ ဘယ်လိုအခြေအနေမျိုးကိုပြောတာလဲ?

ကိုယ့်ဘဝကိုယ်ပဲ့ကိုင်တယ်ဆိုတာ တစ်စုံတစ်ယောက်/တစ်စုံတစ်ခုကိုအပြစ်ဖို့နေ၊ မကျေမနပ်ဖြစ်နေတာမျိုးမရှိဘဲ အရာရာဟာငါ့ကြောင့်ဖြစ်တာဆိုပြီးခံယူနိုင်တဲ့အခြေအနေကိုခေါ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်စုံတစ်ယောက်/တစ်စုံတစ်ခုကိုအပြစ်ဖို့နေ၊ မကျေမနပ်ဖြစ်နေတဲ့သူဟာ အဲ့ဒီတစ်စုံတစ်ယောက်/တစ်စုံတစ်ခုကသူ့ဘဝကိုအနည်းနဲ့အများလွှမ်းမိုးထားလို့ပဲ။

ဥပမာ, ခဏခဏကြားရတဲ့…
>>ဂျပန်ကအခွန်အခတွေများလိုက်တာတို့၊
>>အလုပ်ကလခလည်းမတိုးဘူးတို့၊
စသဖြင့်ကိုယ်မဟုတ်တဲ့အခြားတစ်ခုခုနဲ့ပတ်သက်ပြီးငြီးတွားမိတာနဲ့ ဒီလူဟာကိုယ့်ဘဝကိုယ်ပဲ့ကိုင်နေသူမဟုတ်ဘူး။ အဲ့ဒီလိုမျိုးတစ်စုံတစ်ယောက်/တစ်စုံတစ်ခုကိုအပြစ်ဖို့နေ၊ မကျေမနပ်ဖြစ်နေတာမျိုးမလုပ်မိစေဖို့နည်းလမ်းက ဖြစ်ပေါ်လာတဲ့ကိစ္စတွေအပေါ် Response(တုံ့ပြန်ခြင်း)မလုပ်ဘဲနဲ့ အရာရာဟာငါ့ကြောင့်ဖြစ်တာဆိုတဲ့Responsibilityယူတဲ့ခံယူချက်မျိုးလိုအပ်တယ်။

Responsibilityဆိုတာ…
Response နဲ့ Abilityကိုပေါင်းစပ်ထားတာပါ။
“Responseကိုရွေးချယ်နိုင်တဲ့စွမ်းအား”ကို Responsibilityလို့ခေါ်တယ်။

ဖြစ်ပေါ်လာတဲ့ကိစ္စတွေအပေါ် Response(တုံ့ပြန်ခြင်း)မလုပ်ဘဲနဲ့ အရာရာဟာငါ့ကြောင့်ဖြစ်တာဆိုတဲ့Responsibilityရှိတဲ့သူဖြစ်ဖို့ဘာလုပ်ရမလဲဆိုတော့…

ဖြစ်ပေါ်လာတဲ့ကိစ္စတွေအပေါ် Focusမလုပ်ဘဲ ကိုယ်လုပ်နိုင်တဲ့အရာပေါ်မှာFocusလုပ်ရပါမယ်။ အပေါ်ကပေးခဲ့တဲ့ဥပမာတွေနဲ့တိုက်ကြည့်မယ်ဆိုရင်…

>>ဂျပန်ကအခွန်အခတွေများလိုက်တာ။
ဂျပန်ရဲ့အခွန်အခတွေ့လျော့ကျသွားအောင် ကိုယ်ကအခွန်စနစ်ကြီးကိုပြောင်းလဲနိုင်လား? ပြောင်းလဲအောင်မလုပ်နိုင်ရင်ငြီးတွားမနေဘဲ ကိုယ်ဆောင်ရမယ့်အခွန်အခလျော့အောင် ဘာတွေလုပ်လို့ရမလဲလေ့လာတာ၊ ဒါမှမဟုတ်အခွန်အခနည်းပါးတဲ့နိုင်ငံကိုရွှေ့ပြောင်းတာတွေကိုလုပ်ပါ။
>>အလုပ်ကလခလည်းမတိုးဘူး။
အလုပ်မှာကိုယ်လိုချင်တဲ့လခကို ကိုယ့်ဟာကိုယ်သတ်မှတ်လို့ရလား? မရရင်ငြီးတွားမနေဘဲအလုပ်ရှင်နဲ့လခတိုးပေးဖို့ညှိနှိုင်းတာ၊ ရာထူးတက်ဖို့ကြိုးစားတာ၊ အလုပ်ပြောင်းတာတွေကိုလုပ်။

အဲ့ဒီလိုမျိုးကိုယ်လုပ်နိုင်တဲ့အရာပေါ်မှာFocusလုပ်နိုင်ပြီဆိုရင် Responseချည်းပဲလုပ်နေတဲ့သူကနေ Responsibilityယူတဲ့သူအဖြစ်ပြောင်းလဲသွားပြီး ကိုယ်သည်သာကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင်ဖြစ်လာပါလိမ့်မယ်။

コメント

タイトルとURLをコピーしました