【ဘေဘီလုံသူဌေးကြီးရဲ့အဆုံးအမ၇ချက်ကိုဂျပန်မှာအသုံးချကြည့်ခြင်း】

လွန်ခဲ့သောနှစ်ပေါင်း၂၀၀၀ကျော်တုန်းကတည်ရှိခဲ့တဲ့ဘေဘီလုံမြို့မှာ အချမ်းသာဆုံးသူဌေးကြီးရှိခဲ့တယ်။ အဲ့ဒီသူဌေးကြီးကနေဆင်းရဲသားလေးကိုဆုံးမခဲ့တဲ့အချက်၇ချက်ကို လက်ရှိခေတ်ဂျပန်နိုင်ငံနဲ့ချိန်ထိုးပြီး အသုံးချကြည့်မယ်ဆိုရင်…

No.1 ဝင်ငွေရဲ့10%ကိုစုဆောင်းပါ။

ဂျပန်မှာSalarymanတစ်ယောက်ရဲ့ပင်စင်ယူတဲ့အထိဝင်ငွေဟာပျမ်းမျှ200millionကျော်ရှိပါတယ်။ အဲ့ဒီဝင်ငွေရဲ့10%ကိုပဲစုဆောင်းမိရင် 20millionကလက်ထဲရှိနေမှာသေချာပါပြီ။ ဂျပန်အစိုးရကသတိပေးတဲ့ ပင်စင်ယူပြီးနောက် လူနေမှုအဆင့်အတန်းLevelကိုကျမသွားဖို့အတွက် ပင်စင်ငွေအပြင်20millionထပ်ဆောင်းလိုအပ်
တယ်လို့သတိပေးတဲ့ပြဿနာက ဒီလိုဝင်ငွေရဲ့10%ကိုစုဆောင်းရုံနဲ့ပြေလည်သွားနိုင်လောက်တဲ့အထိ, ထိရောက်ပါတယ်။

No.2 ဆန္ဒတွေကိုPriorityတပ်ပါ။

လူရဲ့ဆန္ဒဆိုတာ အကန့်အသတ်မရှိဘူး။ အဲ့ဒါကြောင့် ဆန္ဒတွေအကုန်သာလိုက်လုပ်နေရင် ငွေဘယ်လောက်ရှိရှိလောက်ငှမှာမဟုတ်ဘူး။ အဲ့ဒီအဆုံးမရှိတဲ့ဆန္ဒတောထဲကလွတ်မြောက်ဖို့အတွက် No.1မှာ10%စုပြီးကျန်တဲ့90%ထဲကနေ ကိုယ့်အတွက်အမှန်တကယ်လိုအပ်တဲ့၊ ကိုယ်တန်ဖိုးထားတဲ့အရာတွေအတွက်ပဲသုံးသင့်ပါတယ်။ ကျိန်းသေပြောရဲတယ် Priorityနိမ့်တဲ့နေရာတွေမှာငွေမသုံးလည်းလူနေမှုအဆင့်အတန်းLevelကျမသွားစေရဘူး။

No.3 စုဆောင်းထားတဲ့ငွေတွေကိုခိုင်းစားပါ။

လွယ်လွယ်ပြောရရင် Investmentလုပ်ပါ။ Investmentလို့ပြောရင် “ကြောက်တယ်၊ ခက်မယ့်ပုံပဲ”စသဖြင့်တွေးတတ်ကြတယ်။ အရင်ကတော့ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့်အခုInternetခေတ်ရောက်နေပြီ။ ရင်းနှီးမြှုပ်နှံသူတွေကိုကာကွယ်ပေးတဲ့ဥပဒေတွေလည်းထွန်းကားလာပြီ။ ဒီလောက်အခွန်တွေလှည့်ယူနေတဲ့ဂျပန်အစိုးရတောင် NISA, iDeco, DCတို့လို အခွန်ကင်းလွတ်(သက်သာ)စေတဲ့စနစ်တွေကိုလုပ်ပေးထားတယ်။ ဘယ်သူမဆိုအရာရာကိုလွယ်လွယ်ကူကူလေ့လာနိုင်နေပြီး အရင်ထက်စာရင်ဘေးကင်းကင်းနဲ့ရင်းနှီးမြှုပ်နှံနိုင်တဲ့ခေတ်ပါ။ လုပ်အားဝင်ငွေတစ်ခုတည်းနဲ့ ကြီးမားတဲ့ပိုင်ဆိုင်မှု(Asset)တွေကို တည်ဆောက်ဖို့ဆိုတာခက်ခဲပါတယ်။ အဲ့ဒါကြောင့်အပေါ်ကNo.1, 2ကိုလုပ်ပြီးရလာတဲ့ငွေကြေးတွေကိုပါးပါးနပ်နပ်နဲ့ခိုင်းစားပါ။

No.4 ပိုင်ဆိုင်တဲ့ငွေတွေကို ရန်သူ့အန္တရာယ်မှကာကွယ်ပါ။

No.1, 2, 3ကိုလုပ်ပြီးရင်တဖြည်းဖြည်းနဲ့ပိုင်ဆိုင်တဲ့ငွေကြေးတွေတိုးပွါးလာပါလိမ့်မယ်။
ကိုယ်ကကြိုးစားပြီးတည်ဆောက်ခဲ့တဲ့ငွေကြေးတွေကို ဥပဒေပြင်ပကရန်သူတွေအပြင်၊ ဥပဒေဘောင်အတွင်းကရန်သူတွေရဲ့ရန်ကနေပါ မပျောက်ပျက်အောင်ကာကွယ်ရပါမယ်။ ဥပဒေပြင်ပကရန်သူတွေဆိုတာ オレオレ詐欺လုပ်တဲ့လူလိမ်တို့၊ ဓါးပြတို့လိုလူမျိုးတွေကိုပြောတာပါ။ သူတို့တွေနဲ့တွေ့ရင်ဥပဒေနဲ့ပြန်တုံ့ပြန်လို့ရပါတယ်။ သူတို့တွေထက်ကြောက်ဖို့ကောင်းတာကဥပဒေအတွင်းကရန်သူတွေပါ။ ဘယ်လိုလူတွေလဲဆိုတော့ ဘဏ်ဝန်ထမ်း၊ အာမခံအရောင်းဝန်ထမ်း၊ အိမ်ခြံမြေအရောင်းဝန်ထမ်းစတဲ့သူတွေပါ။ သူတို့တွေဟာထောင်ချောက်အမျိုးမျိုးနဲ့ကိုယ်တည်ဆောက်ထားတဲ့ပိုင်ဆိုင်မှုတွေကိုဖဲ့ယူတတ်ကြပြီး အကြွေးတောင်ဖန်တီးတတ်ကြလို့ သတိထားပြီးဆက်ဆံသင့်ပါတယ်။ ငွေကြေးလောကမှာ ကိုယ့်ဆီကိုပစ္စည်း(Service)တစ်ခုခုရောင်းလိုက်ချင်းအားဖြင့်သူတို့ဘက်ကအကျိုးအမြတ်ရတဲ့သူတွေနဲ့တိုင်ပင်တဲ့အခါမှာ ပစ်လွှဲပြီးမယုံကြည်လိုက်ပါနဲ့။

No.5 ပိုမိုအဆင်ပြေကောင်းမွန်တဲ့နေရာမှာနေထိုင်ပါ။

ဂျပန်ဟာလူဦးရေလျော့ကျလာတဲ့နိုင်ငံပါ။ နယ်ဘက်တွေကိုခရီးသွားကြည့်ရင်သိသာတယ်။ နယ်ဘက်မှာလူငယ်လူရွယ်တွေတော်တော်ရှားလာပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဂျပန်အထိရောက်လာမှတော့ နယ်ဘက်မှာနေတာထက်မြို့ပေါ်မှာနေတာကိုပိုအားပေးတယ်။ ဘာလို့လဲဆိုတဲ့အကြောင်းပြချက်ရှိပါတယ်။

  1. ကိုယ်နေထိုင်သွားလာလုပ်ကိုင်နေတဲ့ပတ်ဝန်းကျင်ကလူတွေရဲ့ဝင်ငွေကများရင် ဝင်ငွေကောင်းတဲ့အလုပ်ရနိုင်ခြေများတယ်။
  2. ကိုယ်နေထိုင်သွားလာလုပ်ကိုင်နေတဲ့ပတ်ဝန်းကျင်ကလူတွေရဲ့ပညာအရည်အချင်းကမြင့်ရင် သူတို့ဆီကKnowledgeတွေကကိုယ့်ဆီကူးစက်လာနိုင်တယ်။
  3. လူဦးရေများတဲ့မြို့မှာနေရင် အလုပ်အကိုင်၊ စီးပွါးရေးအခွင့်အလမ်းပေါများတယ်။
    ဒီ၃ချက်လုံးပြည့်စုံဖို့ဆိုရင် နယ်ထက်မြို့ပြကပိုပြီးဖြစ်နိုင်ခြေများပါတယ်။

No.6 ယနေ့မှစ၍အနာဂတ်ဘဝအတွက်ပြင်ဆင်ပါ။

လူတိုင်းတစ်နေ့ထက်တစ်နေ့အသက်ကြီးလာပြီးအိုကြရမှာပါ။ အနာဂတ်ဘဝအတွက်မပြင်ဆင်ရင် အသက်ကြီးလာတဲ့အခါသေချာပေါက်ငွေကြေးအခက်အခဲရှိလာပါလိမ့်မယ်။ ဂျပန်အစိုးရဆီကနေရမယ့်ပင်စင်နဲ့ပဲမလောက်ငှနိုင်လို့ iDecoတို့လိုPrivateပင်စင်စနစ်တွေ၊ NISAလိုInvestmentစနစ်တွေကိုလည်းလိုအပ်ရင်အသုံးချဖို့စဉ်းစားထားသင့်တယ်။ ငွေကြေးပိုင်းအပြင် ကျန်းမာရေးလိုက်စားတာ၊ မိတ်ဆွေသူငယ်ချင်းကောင်းတွေကိုအလေးထားဆက်ဆံတာတွေကလည်းအနာဂတ်ဘဝအတွက်အထောက်အကူဖြစ်စေတယ်။

No.7 ကိုယ့်ခန္ဓာကိုယ်ကိုအကြီးမားဆုံးအရင်းအနှီးဖြစ်အောင်လုပ်ပါ။

ချမ်းသာပျော်ရွှင်မှုကိုရဖို့အတွက်အကြီးမားဆုံးအရင်းအနှီးကကိုယ်ကိုယ်တိုင်ပါပဲ။ No.1-6အထိ ငွေစုဖို့၊ ရင်းနှီးမြှုပ်နှံဖို့အကြောင်းတွေကိုအဓိကပြောခဲ့ပေမယ့် နောက်ဆုံးအချက်မှာ အလုပ်လုပ်ခြင်းရဲ့ပျော်ရွှင်မှုအကြောင်းကိုပြောထားပြီး ဒီအချက်ကအဆုံးအမ၇ချက်ထဲမှာအရေးအကြီးဆုံးအချက်လို့ထင်တယ်။

အလုပ်ဆိုတာကကျွန်ခံနေရတာလို့စဉ်းစားတဲ့သူထက် အလုပ်လုပ်တယ်ဆိုတာတစ်ပါးသူအတွက်အထောက်အကူဖြစ်အောင်လုပ်နေတာလို့တွေးနိုင်တဲ့သူတွေက ချမ်းသာခြင်းရော ပျော်ရွှင်ခြင်းရော ၂ခုလုံးကိုပိုင်ဆိုင်နိုင်ကြတယ်။ အလုပ်လုပ်ပြီးရလာတဲ့ငွေကြေးဆိုတာ ကိုယ့်ရဲ့ဖြစ်တည်မှုတွေ၊ လုပ်ရပ်တွေကို ”ကျေးဇူးတင်ပါတယ်”ဆိုတဲ့စကားနဲ့တင်မလုံလောက်လို့ငွေကြေးပါထပ်ဆောင်းပေးအပ်ခြင်းပါ။ တစ်ယောက်ယောက်ကကိုယ့်ကိုတန်ဖိုးထားတဲ့သက်သေပဲဖြစ်ပါတယ်။ ကိုယ်ကလူ့ဘောင်အဖွဲ့အစည်းအတွက်ဘယ်လောက်ကောင်းကျိုးပြုနေလဲဆိုတာကို အလုပ်လုပ်ခြင်းကနေခံစားသိရှိနိုင်တယ်။ အကယ်၍ လက်ရှိအလုပ်မှာအဲ့ဒီလိုမခံစားရဘူး၊ ကိုယ့်ကိုတန်ဖိုးထားမခံရဘူးဆိုရင် ပတ်ဝန်းကျင်ကိုပြောင်းလဲပါ။

ဂျပန်ဟာလူဦးရေလျော့ကျလာတဲ့အပြင် သက်ကြီးရွယ်အိုတွေများပြားလာတဲ့အတွက် အလုပ်လုပ်လူဦးရေလည်းလျော့ကျလာတာဖြစ်လို့ ဂျပန်ရဲ့နေရာတော်တော်များများမှာကိုယ့်ကိုလိုအပ်နေချိန် ကိုယ့်ကိုယ်ကိုစျေးလျှော့မရောင်းပါနဲ့။ ကိုယ့်ဘက်ကလည်း ကိုယ့်ကိုယ်ကိုတန်ဖိုးတက်လာအောင်၊ လူ့ဘောင်အဖွဲ့အစည်းအတွက်ပိုပြီးအကျိုးရှိတဲ့လူတစ်ယောက်ဖြစ်လာအောင် Career Upလုပ်ရပါမယ်။ ကိုယ့်ရဲ့Main Jobအပြင် တခြားစိတ်ဝင်စားတဲ့အလုပ်တွေကိုစမ်းလုပ်ကြည့်ချင်တယ်ဆိုလည်း CrowdWorksတို့ Lancersတို့လိုSiteတွေမှာ Side Business(副業)ကိုအလွယ်တကူစတင်လို့ရပါတယ်။

Investmentဆိုတာအမြတ်ရဖို့အတွက်အချိန်တစ်ခုစောင့်ရပေမယ့် ကိုယ့်ခန္ဓာကိုယ်ကိုအကြီးမားဆုံးအရင်းအနှီးအဖြစ်အသုံးချတာက ချက်ချင်းထလုပ်လို့ရပြီးချက်ချင်းResultထွက်တဲ့အရာပါ။

【About Career Advisor Service】

【Who am I?】

【Why career advisor?】

コメント

タイトルとURLをコピーしました