【ဂျပန်ကအာမခံအရောင်းဝန်ထမ်းတွေရဲ့စကားလုံးထောင်ချောက်Top3】

ကိုယ်ကကြိုးစားပြီးတည်ဆောက်ထားတဲ့ငွေကြေးပိုင်ဆိုင်မှုတွေကို ဥပဒေပြင်ပကရန်သူတွေအပြင်၊ ဥပဒေဘောင်အတွင်းကရန်သူတွေရဲ့ရန်ကနေပါ မပျောက်ပျက်အောင်ကာကွယ်ရပါမယ်။ ဥပဒေပြင်ပကရန်သူတွေနဲ့တွေ့ရင်ဥပဒေနဲ့ပြန်တုံ့ပြန်လို့ရပါတယ်။ သူတို့တွေထက်ကြောက်ဖို့ကောင်းတာကဥပဒေဘောင်အတွင်းကရန်သူတွေပါ။ ဘယ်လိုလူတွေလဲဆိုတော့ ဘဏ်ဝန်ထမ်း၊ အာမခံအရောင်းဝန်ထမ်း၊ အိမ်ခြံမြေအရောင်းဝန်ထမ်းစတဲ့သူတွေပါ။ သူတို့တွေဟာထောင်ချောက်အမျိုးမျိုးနဲ့ကိုယ်တည်ဆောက်ထားတဲ့ပိုင်ဆိုင်မှုတွေကိုဖဲ့ယူတတ်ကြပြီး အကြွေးတောင်ဖန်တီးတတ်ကြလို့ သတိထားပြီးဆက်ဆံသင့်ပါတယ်။ အဲ့ဒီအထဲက အာမခံကုမ္ပဏီတွေမြတ်ဖို့အတွက်ရောင်းတဲ့အာမခံထဲကို ဝင်ဖို့ဆွယ်တဲ့အာမခံအရောင်းဝန်ထမ်းတွေရဲ့လက်သုံးစကားထောင်ချောက်Top3ကိုShareပါမယ်။ ဒီထောင်ချောက်တွေမှာ တူညီတဲ့အချက်တစ်ခုရှိတယ်။ ဘာလဲဆိုတာစဉ်းစားရင်းဖတ်ကြည့်,ကြည့်ပါ။

⚠️No.3: “လစဉ်အာမခံကြေးတွေသွင်းပြီး ပြန်မရရင်နှမြောဖို့ကောင်းတယ်။ ကိုယ့်အနာဂတ်အတွက်ငွေရောစုဖြစ်ရဲ့လား?”⚠️

အဲ့ဒီလိုပြောလာရင် စုငွေပုံစံ(貯蓄型/積立型)အာမခံကိုဆွယ်ဖို့အစပျိုးနေတာမို့လို့သတိထားပါ။ စုငွေပုံစံ(貯蓄型/積立型)အာမခံထဲကိုဘာလို့မဝင်သင့်တာလဲဆိုတာ အောက်ကLinkမှာလေ့လာနိုင်ပါတယ်။

⚠️No.2: “ဘဏ်မှာငွေအပ်ထားရင်ပြန်ရမယ့်အတိုးနှုန်းကနည်းလွန်းတဲ့အပြင် ရှေ့လျှောက်ယန်းတန်ဖိုးကျလာနိုင်တာကိုရောဘယ်လိုမြင်လဲ?”⚠️

အဲ့ဒီလိုပြောလာရင် Investmentပုံစံအာမခံ၊ နိုင်ငံခြားငွေ(外貨建て)အသက်အာမခံကိုဆွယ်ဖို့အစပျိုးနေတာမို့လို့သတိထားပါ။ Investmentပုံစံအာမခံ၊ နိုင်ငံခြားငွေ(外貨建て)အသက်အာမခံထဲကိုဘာလို့မဝင်သင့်တာလဲဆိုတာ အောက်ကLinkမှာလေ့လာနိုင်ပါတယ်။

⚠️No.1: “အာမခံထဲဝင်ရင် အခွန်သက်သာတယ်”⚠️

ဘယ်လိုမှဆွယ်မရရင် နောက်ဆုံးလက်နက်က ဒီစကားပဲ။ ဂျပန်မှာနေတဲ့လူတိုင်းလိုလိုဟာ အခွန်ကိုဘယ်လို​လျှော့လို့ရမလဲကြံစည်နေကြတော့ ဒီစကားကအရမ်းထိရောက်တယ်။ အဲ့ဒီလိုစကားနဲ့လာဆွယ်တဲ့အာမခံအများစုဟာ ကောင်းကွက်တွေသိပ်မရှိလို့ “အခွန်သက်သာတယ်”ဆိုတဲ့နားဝင်ချိုတဲ့စကားကိုသုံးတာပါ။ သက်သာတဲ့အခွန်ထက်များတဲ့ကော်မရှင်ခတွေကို အာမခံကုမ္ပဏီဆီပေးရပါလိမ့်မယ်။ တကယ်လိုအပ်တဲ့အာမခံဆိုရင် အခွန်သက်သာလား မသက်သာလားတောင်ကြည့်စရာမလိုဘဲ အာမခံထဲဝင်ကြတာပါ။

ဒီလက်သုံးစကားထောင်ချောက်တွေမှာတူညီတဲ့အချက်ကဘာလဲဆိုတော့  အာမခံရဲ့တကယ့်ရည်ရွယ်ချက်(အနှစ်သာရ)ကိုမပြောတာပဲ။

အာမခံရဲ့ရည်ရွယ်ချက်(အနှစ်သာရ)ဆိုတာ

“ဖြစ်လာနိုင်ခြေနည်းပေမယ့် ဖြစ်လာတဲ့အခါဘဝပျက်လောက်တဲ့အထိဆုံးရှုံးမှုများတဲ့Caseအတွက် ကြိုတင်ပြင်ဆင်ခြင်း”ပါ။ အဲ့ဒါကို ဖြစ်နိုင်ခြေဘယ်လောက်ရှိတယ်၊ ဖြစ်လာရင်ဘယ်လောက်ဆုံးရှုံးနိုင်တယ်ဆိုတာမျိုးမပြောဘဲ ငွေစုလို့ရတယ်ပြောလိုက်၊ ယန်းစျေးကျလာလို့ရင်းနှီးမြှုပ်နှံတာကောင်းတယ်လို့ပြောလိုက်၊ အခွန်သက်သာတယ်ပြောလိုက်နဲ့ အာမခံစနစ်နဲ့မသက်ဆိုင်တာတွေချည်းပဲပြောကြတယ်။ 

အာမခံဆိုတာ Risk Managementအတွက် အရေးကြီးတဲ့၊ လိုအပ်တဲ့စနစ်တစ်ခုပါ။ ဒါပေမယ့် မလိုအပ်တဲ့အမှိုက်တွေလည်းပါလာတတ်လို့ အာမခံအရောင်းဝန်ထမ်းကပြောသမျှကို အလွယ်တကူမယုံပါနဲ့။

コメント

タイトルとURLをコピーしました