【ဂျပန်ရဲ့ပင်စင်ဖွဲ့စည်းပုံအကြမ်းဖျင်း】

Posted on Facebook:2022/11/23

ပင်စင်ရဲ့အဓိပ္ပါယ်၊ စဉ်းစားပုံကိုမသိသေးရင်အောက်ကPostကိုအရင်ဖတ်ကြည့်တာကောင်းပါတယ်။

ဂျပန်ရဲ့ပင်စင်မှာအဓိက အမျိုးအစားအဖြစ်ပြည်သူ့ပင်စင်(公的年金)နဲ့ပုဂ္ဂလိကပင်စင်(私的年金)ဆိုပြီး နှစ်မျိုးရှိတယ်။

အလွှာအားဖြင့်၃ထပ်ရှိပြီးပထမအထပ်နဲ့ဒုတိယအထပ်က ပြည်သူ့ပင်စင်၊တတိယအထပ်က ပုဂ္ဂလိကပင်စင်ဆိုပြီးဖွဲ့စည်းထားတယ်။

•ပထမအထပ်: 国民年金(こくみんねんきん)

ပြည်သူ့ပင်စင်အမျိုးအစားဖြစ်ပြီးနှစ်စဉ်ဝင်ငွေသောင်း130ကျော်တဲ့သူတိုင်းမဝင်မနေရပင်စင်ပါ။ကုမ္ပဏီဝန်ထမ်းတွေ အစိုးရဝန်ထမ်းတွေကဒီပင်စင်အတွက်သပ်သပ်သွင်းစရာမလိုဘဲဒုတိယအထပ်ကပင်စင်ကြေးထဲမှာပါပြီးသားပါ။ လစဉ်¥16,000ကျော်ဝန်းကျင်သွင်းရပြီး အသက်၆၀ကျော်ရင်ပင်စင်ထုတ်လို့ရတယ်။

•ဒုတိယအထပ်: 厚生年金(こうせいねんきん)

ဒါလည်းပြည်သူ့ပင်စင်အမျိုးအစားဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းတွေ အစိုးရဝန်ထမ်းတွေပဲဝင်လို့ရတဲ့ပင်စင်ပါ။ Part timeလုပ်တဲ့သူတွေ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့သူတွေ ဝင်လို့မရဘူး။ ဝင်ငွေရဲ့18.3%ကိုဆောင်ရမှာဖြစ်ပြီး ကုမ္ပဏီကတစ်ဝက် ဝန်ထမ်းကတစ်ဝက်ဆောင်ရတယ်။ အသက်၆၀ကျော်ရင်ပင်စင်ထုတ်လို့ရတယ်။

•တတိယအထပ်: ပုဂ္ဂလိကပင်စင်အမျိုးမျိုး

ပင်စင်ဖွဲ့စည်းပုံကိုရှုပ်ထွေးစေတာဒီတတိယအထပ်ပဲ😂 အမျိုးမျိုးရှိပေမယ့် လက်ရှိရေပန်းစားနေတဲ့အမျိုးအစား၂မျိုးကတော့ 企業型確定拠出年金(Defined Contribution: DC) နဲ့ 個人型確定拠出年金(individual-type Defined Contribution: iDeCo)ပါ။

1️⃣企業型確定拠出年金(DC)

DCစနစ်ကိုအသုံးပြုနေတဲ့ကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ဝန်ထမ်းတွေကဝင်တဲ့ပင်စင်ပါ။ ကုမ္ပဏီကဘဏ်တစ်ခုခုနဲ့ချိတ်ထားပြီးလစဉ် ကုမ္ပဏီကနေသတ်မှတ်ထားတဲ့ပမာဏကိုထုတ်ပေးပါတယ်။ကိုယ့်လစာထဲကပေးစရာမလိုဘူး။ ဒါပေမယ့် ကုမ္ပဏီကထုတ်ပေးတဲ့လစဉ်ငွေကိုဘယ်ရင်းနှီးမြှုပ်နှံမှု(商品)ထဲကိုထည့်မလဲဆိုတာကိုကိုယ်ကရွေးရပါတယ်။

⚠️ အဲ့ဒီရွေးချယ်မှုကအရမ်းရေးကြီးပါတယ်⚠️

ဘာလို့လဲဆိုတော့ကိုယ်ရွေးချယ်တဲ့ရင်းနှီးမြှုပ်နှံမှုပေါ်မူတည်ပြီးအနာဂတ်မှာရမယ့်ပင်စင်ငွေပမာဏကပြောင်းလဲသွားမှာမို့လို့ပါ။ ရွေးချယ်စရာရင်းနှီးမြှုပ်နှံမှုတွေကအကြမ်းဖျင်းအနေနဲ့လစဉ်ထည့်တဲ့ငွေကိုအာမခံတဲ့အမျိုးအစား(元本保証型)နဲ့ အမြတ်အရှုံးပေါ်မူတည်ပြီးအတိုးအလျော့ရှိတဲ့အမျိုးအစား(価格変動型)ဆိုပြီး၂မျိုးရှိတယ်။ 元本保証型မှာ ငွေစုတဲ့စနစ်(定期預金)တို့ အာမခံစနစ်(保険)တို့ကိုရွေးလို့ရတယ်။ 価格変動型ဆိုရင် stock shareတို့၊ Bondတို့၊ နိုင်ငံခြားငွေတို့ကိုရွေးလို့ရတယ်။ ရုတ်တရက်စဉ်းစားလိုက်ရင်လစဉ်ထည့်တဲ့ငွေကမလျော့တဲ့အမျိုးအစားကကောင်းတာပေါ့လို့ထင်ရပေမယ့်အဲ့ဒီအမျိုးအစားတွေကလုံးဝမတိုးပွါးပါဘူး။ ကိုယ်ထည့်ရင်ထည့်သလောက်ပဲပြန်ရတာ။ ငယ်ရွယ်တဲ့သူတွေဆိုရင် ဒီစနစ်ကနှစ်၂၀၊ ၃၀လောက်မှပြန်ထုတ်ရတာဆိုတော့ကိုယ့်ငွေကမလျော့ပေမယ့်ငွေရဲ့တန်ဖိုးကလျော့ကျသွားနိုင်တယ်။

ဥပမာ၊ အခုရေသန့်တစ်ဘူး¥100နဲ့ဝယ်လို့ရပေမယ့်နောင်နှစ်၂၀၊ ၃၀ကြာရင်¥100နဲ့ဝယ်လို့မရလောက်တော့ဘူး။ စျေးတက်နေလောက်တယ်။ အဲ့ဒါကြောင့် ယူနိုင်တဲRiskကိုယူပြီးတော့တိုးပွါးအောင်လုပ်သင့်တယ်လို့ထင်တယ်။ ကောင်းတာကတော့ တစ်ကမ္ဘာလုံးရဲ့stock share(全世界株), USရဲ့stock share(米国株), တိုးတက်သောနိုင်ငံတွေရဲ့stock share(先進国株)တွေထဲကိုရင်းနှီးမြှုပ်နှံပေးတဲ့Index Fundတွေကိုရွေးခြယ်ခြင်းပဲ။ အဲ့ဒီIndex Fundတွေရဲ့လွန်ခဲ့တဲ့နှစ်၂၀၊ ၃၀ကြာPerformanceကိုကြည့်ရင် နှစ်စဉ်ပျမ်းမျှ6%~9%တိုးပွါးတယ်။ ရင်းနှီးမြှုပ်နှံမှု(商品)ကိုရွေးရင်နှစ်စဉ်ပေးရမယ့် ကော်မရှင်ခ(手数料)ကိုသေချာကြည့်ပါ။ Index Fundအများစုကနှစ်စဉ်0.5%~0.7%အောက်ပဲကျသင့်ပါတယ်။ ဒါ့ထက်များရင်စဉ်းစားသင့်ပါတယ်။ ကုမ္ပဏီကနေတစ်လဘယ်လောက်ထည့်ပေးနေလဲ၊ လက်ရှိဘယ်လောက်မြတ်/ရှုံးနေလဲဆိုတာကတော့ကိုယ့်ကုမ္ပဏီကချိတ်ထားတဲ့ဘဏ်ရဲ့systemကနေကြည့်လို့ရပါတယ်။

Usernameတွေ Passwordတွေမသိရင်တော့人事部ဆီလှမ်းမေးမှရမယ်😂

2️⃣個人型確定拠出年金(iDeCo)

မည်သူမဆိုဝင်လို့ရတဲ့(DCဝင်ထားတဲ့ကုမ္ပဏီကဝန်ထမ်းဆိုရင်တော့ ကုမ္ပဏီကခွင့်ပြုချက်လိုအပ်)ပင်စင်ပါ။ ပုံစံကDCလိုပဲ investmentပုံစံဆိုပေမယ့် လစဉ်ငွေကကိုယ်ကပေးရတာ၊ iDeCoအကောင့်ကို ကိုယ်ကြိုက်တဲ့ဘဏ်ကိုရွေးပြီး ကိုယ့်ဟာကိုယ်လုပ်လို့ရတာ စသဖြင့် အနည်းငယ်ကွဲတယ်။ ကောင်းတာကတော့ရွေးချယ်စရာများပြီး手数料သက်သာတဲ့ 楽天証券 or SBI証券ပါ။ iDecoနှင့်ပတ်သက်ပြီး အောက်ကPostမှာအနည်းငယ်အသေးစိတ်ရှင်းပြထားပါတယ်။

1️⃣ရော2️⃣ရော ရလာတဲ့အမြတ်ပေါ်မှာအခွန်ဆောင်စရာမလိုဘူး။(ပုံမှန်ဆိုရင်အမြတ်ရဲ့20%ကိုအခွန်ဆောင်ရတယ်)ပြီးတော့တစ်နှစ်စာအခွန်တွက်တဲ့အချိန်လစဉ်သွင်းနေတဲ့ပင်စင်ကြေးကိုကိုယ့်ဝင်ငွေထဲကနေနှုတ်ပြီးမှအခွန်တွက်ပေးတော့ အခွန်နည်းနည်းသက်သာတယ်။

ဂျပန်ရဲ့ပင်စဉ်ဖွဲ့စည်းပုံကနည်းနည်းရှုပ်တယ်။ သိထားတာနဲ့မသိတာကကိုယ့်အနာဂတ်ရဲ့အလင်းအမှာင်ကိုပြောင်းလဲနိုင်စွမ်းရှိလို့သိထားတော့အရှုံးမရှိဘူးပေါ့။

#ဂျပန်ပင်စင်

#justsharing

コメント

タイトルとURLをコピーしました