【ဂျပန်မှာအခွန်သက်သာတဲ့ဝင်ငွေBorder Lineများ】

Posted on Facebook : 2023/8/13

※Border Lineတွေကအပြောင်းအလဲရှိတတ်သည်။

ဂျပန်မှာဝင်ငွေများရင်များသလောက်ဆောင်ရတဲ့အခွန်လည်းများပါတယ်။ ဒါပေမယ့် ဝင်ငွေနည်းတဲ့သူတွေ(အထူးသဖြင့် မှီခိုသူတွေ) အတွက်လည်း သူတို့ရဲ့တစ်နှစ်စာဝင်ငွေBorder Lineတွေပေါ်မူတည်ပြီး အခွန်အခလျော့ပေါ့အောင်လုပ်ပေးထားတယ်။ အဲ့ဒီBorder Lineတွေကအမျိုးမျိုးရှိပြီး တော်တော်လေးရှုပ်ထွေးတယ်။ အဲ့လိုရှုပ်ထွေးစေတဲ့အကြောင်းက “အခွန်ငွေ”သက်သာစေတဲ့Border Lineနဲ့ “အာမခံကြေး”သက်သာစေတဲ့Border Lineကိုရောပြီးပြောနေကြတာရယ်၊ မှီခိုတဲ့သူဘက်ကသက်သာတာနဲ့မှီခိုခံရတဲ့သူဘက်ကသက်သာတာကိုရောပြီးပြောနေကြလို့ပါ။

*နားလည်လွယ်အောင်လို့ model caseအနေနဲ့ခင်ပွန်းကအဓိကအလုပ်လုပ်ပြီး ဇနီးကမှီခိုတဲ့ပုံစံကိုသုံးထားပါတယ်။

*ဒီPostမှာပြောတဲ့”ဝင်ငွေ”ဆိုတာ”収入”ကိုပြောတာပါ။ “収入”နှင့်”所得”ရဲ့ကွာခြားပုံကိုအောက်ကPostမှာလေ့လာနိုင်ပါတယ်။

🔷”အခွန်ငွေ”သက်သာစေတဲ့Border Line
“အခွန်ငွေ”သက်သာစေတဲ့Border Lineမှာ ၂မျိုးရှိတယ်။
1)ဇနီးကအခွန်ဆောင်စရာမလိုတဲ့Border Line
•ဇနီးရဲ့တစ်နှစ်ဝင်ငွေသောင်း၁၀၀အောက်
➡️နေထိုင်ခွန်(住民税)ဆောင်ရန်မလို
•ဇနီးရဲ့တစ်နှစ်ဝင်ငွေ၁၀၃သောင်းအောက်
➡️ဝင်ငွေခွန်(所得税)ဆောင်ရန်မလို

2)ခင်ပွန်းရဲ့အခွန်ကိုလျှော့ပေးတဲ့Border Line
•ဇနီးရဲ့တစ်နှစ်ဝင်ငွေသောင်း၁၀၃အောက်
➡️年末調整မှာခင်ပွန်းရဲ့ဝင်ငွေခွန်(所得税)ကိုလျှော့ပေးတဲ့配偶者控除ကိုသုံးလို့ရတယ်
•ဇနီးရဲ့တစ်နှစ်ဝင်ငွေသောင်း၁၀၃~၂၀၁သောင်းအောက်
➡️ 年末調整မှာခင်ပွန်းရဲ့ဝင်ငွေခွန်(所得税)ကိုလျှော့ပေးတဲ့配偶者特別控除ကိုသုံးလို့ရတယ်

🔷”အာမခံကြေး”သက်သာစေတဲ့Border Line
ပထမဦးဆုံးအချက်အနေနဲ့ ဇနီးကသူ့အလုပ်မှာ社会保険မဝင်ထားဖို့လိုပါတယ်။ ဇနီးကသူ့အလုပ်မှာ社会保険ဝင်ထားရင် အာမခံနဲ့ပတ်သက်တဲ့မှီခိုထဲကိုဝင်လို့မရပါဘူး။ အဲ့ဒီအချက်Clearဖြစ်ပြီဆိုရင်တော့ “များသောအားဖြင့်”ဇနီးရဲ့တစ်နှစ်ဝင်ငွေကသောင်း၁၃၀အောက်ဆိုရင် ဇနီးရဲ့အာမခံကိုဇနီးကိုယ်တိုင်ဆောင်စရာမလိုဘဲ ခင်ပွန်းရဲ့အာမခံထဲကိုဝင်လိုက်လို့ရတယ်။ “များသောအားဖြင့်”လို့ဘာလို့ရေးတာလဲဆိုတော့ ခင်ပွန်းဝင်ထားတဲ့အာမခံအသင်းအဖွဲ့ပေါ်မူတည်ပြီး ပြောင်းလဲတတ်လို့ပါ။အဲ့လိုခင်ပွန်းရဲ့အာမခံထဲဝင်လိုက်လို့ ခင်ပွန်းကဆောင်နေရတဲ့အာမခံကြေးကိုပိုဆောင်စရာမလိုပါဘူး။ ဇနီးရဲ့တစ်နှစ်ဝင်ငွေBorder Lineအပြင် အခြားအချက်တွေလိုအပ်သေးလို့ အသေးစိတ်ကိုခင်ပွန်းရဲ့အာမခံကိုစုံစမ်းဖို့လိုပါတယ်။

ဝင်ငွေBorder Lineအမြန်ကြည့်ဇယားကိုအောက်ကLinkမှာကြည့်ရှုနိုင်ပါတယ်။

ဂျပန်ရဲ့အခွန်စနစ်ကအရမ်းရှုပ်ထွေးလွန်းလို့
သူတို့လူမျိုးကိုယ်တိုင်တောင်နားမလည်တဲ့သူတွေအများကြီးပဲ။ ဒါပေမယ့် အခွန်စနစ်ကိုမသိထားရင် ဘယ်လိုControlလုပ်လို့ရလဲဆိုတာသိဖို့မလွယ်တော့ အနည်းဆုံးကိုယ်နဲ့သက်ဆိုင်တဲ့အခွန်လောက်ကတော့လေ့လာထားသင့်တယ်။

コメント

タイトルとURLをコピーしました