【IT Engineerတစ်ယောက်ရဲ့Dark Age ~Base on True Story~】

အခုလက်ရှိ အလုပ်မှာMotivationကျပြီး လုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ စိတ်တွေလေလွင့်နေတတ်တဲ့သူတွေအတွက် ဒီStoryက”ဒီလိုဖြစ်နေတာ ငါတစ်ယောက်တည်းမဟုတ်ဘူးပဲ!”ဆိုတဲ့ အတွေးကိုဖြစ်စေမယ်ထင်ပါတယ်။

Systemပေါင်း၁၅၀ကျော်ကို Data Centerအသစ်ကြီးဆီပြောင်းရွှေ့ရမယ့် Big Eventမှာ System၃၀ကျော်လောက်ရဲ့Infra PMအနေနဲ့ သူဟာအရမ်းအလုပ်များတဲ့နေ့တွေကိုဖြတ်သန်းနေခဲ့တယ်။

🟣Burnoutဖြစ်သွားခြင်း

သူကိုင်တွယ်ရတဲ့System၃၀ကျော်ကို၅နှစ်အတွင်း Data Centerအသစ်ကြီးဆီပြောင်းရွှေ့ပြီးတဲ့နောက် သူ့အသက်ဟာ၃၀စွန်းစွန်းဖြစ်နေပါပြီ။ အဲ့ဒီProjectလည်းပြီးရော သူဟာခြေကုန်လက်ပန်းကျ(“Burnout”)ပြီး လုပ်ချင်ကိုင်ချင်စိတ်တွေပျောက်ဆုံးတဲ့အခြေအနေတစ်ခုစတင်ဖြစ်လာပါတယ်။ ဒါပေမဲ့ သူဟာအလုပ်ရဲ့“Critical Point”(အဓိကကျတဲ့အချက်တွေ)ကိုတော့မမှားအောင်လုပ်နေတော့ ရေသာခိုပြီးEnergy Saving Modeနဲ့လုပ်နေလည်း ပြဿနာကြီးကြီးမားမားမရှိခဲ့ဘူး။ လုပ်ချင်ကိုင်ချင်စိတ်တွေပျောက်ဆုံးနေတာကိုလည်း ဘေးပတ်ဝန်းကျင်ကမရိပ်မိခဲ့ကြဘူး။

🟣Quarter-life Crisisရောက်လာခြင်း

ဒီလိုနဲ့သူအသက်၃၂နှစ်မှာအိမ်ထောင်ကျ၊ Deputy Directorရာထူးတိုးပြီးနောက် COVID-19ကာလ စတင်လာခဲ့ပါတယ်။ Work from Homeစနစ်ကြောင့် ပိုပြီးရေသာခိုခွင့်ရလာခဲ့ပြီး အခြေအနေက ပိုဆိုးလာခဲ့ပါတယ်။ သူကိုယ်တိုင်လက်တွေ့လုပ်ဆောင်ရတဲ့Playerအဆင့်ကနေ မန်နေဂျာအဆင့်ကိုကူးပြောင်းချိန်မှာ “ငါဘယ်လမ်းကြောင်းကိုသွားသင့်တာလဲ?”ဆိုတဲ့ “Quarter-life Crisis” (ဘဝရဲ့အကူးအပြောင်းကာလဇဝေဇဝါဖြစ်မှု)ထဲကိုကျရောက်သွားခဲ့ပါတယ်။

🟣”မကြိုးစားလည်းအေးဆေးပဲဆို”တဲ့Bug

 “Quarter-life Crisis”ဖြစ်နေတုန်း၊ Work from Homeစနစ်နဲ့ Critical Pointလေးတွေကိုပဲရေသာခိုပြီးလုပ်နေတုန်းမှာ သူဟာHead of Departmentအဖြစ်ရာထူးထပ်တက်သွားပြန်တယ်။ အဲ့ဒီမှာ အခြေအနေကအဆိုးဆုံးဖြစ်သွားပြီး အမှောင်မိုက်ဆုံးကာလတစ်ခုကိုရောက်သွားခဲ့ပါတော့တယ်။ အရမ်းကြီးကြိုးစားစရာမလိုဘဲResultတွေကောင်းနေတဲ့အခါ ဦးနှောက်ရဲ့Reward Systemမှာ Bugဝင်သွားပါတယ်။ တစ်စုံတစ်ခုကိုရယူဖို့အတွက်ကြိုးစားဖို့လိုတဲ့အခါ စိတ်ရောကိုယ်ရောနှစ်ပြီးမကြိုးစားနိုင်တော့ပါဘူး။ ဦးနှောက်ကစိန်ခေါ်ချင်စိတ်နဲ့ Dopamineထွက်ရှိမှုကိုပိတ်ပင်လိုက်ပြီး၊ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ စိတ်လေနေတဲ့အခြေအနေဆီကိုတွန်းပို့လိုက်တာပါ။

✅Liberal Artsကပေးတဲ့ရောင်နီ

အလုပ်နဲ့ပါတ်သက်ပြီးစိတ်လေနေတဲ့အချိန်မှာ သူဟာအလုပ်နဲ့မဆိုင်တာတွေလျှောက်လေ့လာကြည့်ရင်း ဓါတ်ပုံရိုက်တာနဲ့ငွေကြေးပိုင်းဆိုင်ရာဗဟုသုတတွေရှာဖွေရာမှာ အရမ်းစိတ်ဝင်စားသွားတယ်။ တဖြည်းဖြည်းနဲ့ဒီNegative Spiral(ကွင်းဆက်)ထဲကထွက်ဖို့လမ်းစလေးကိုလည်းတွေ့လာခဲ့တယ်။

✅ပြဿနာပေါင်းများစွာဖြစ်နေတဲ့Projectနဲ့အတူပြန်လည်နိုးထလာခြင်း

Clientကုမ္ပဏီအတွက်အရမ်းအရေးပါတဲ့Systemကြီးတစ်ခုရဲ့Projectကို သူ့လက်အောက်ကMemberတွေလုပ်နေကြရင်း ပြဿနာတွေတစ်ခုပြီးတစ်ခုတက်ပြီးတော့ Memberတွေနဲ့တင်ဘယ်လိုမှမနိုင်တော့တဲ့အခြေအနေဖြစ်လာခဲ့တယ်။ ဒီအခြေအနေကသူ့ကိုလှုပ်နှိုးလိုက်ပါတော့တယ်။ ဒီအတိုင်းသွားရင် ဒီSystemကြီးအချိန်မီမပြီးစီးနိုင်လို့၊ Memberတွေလည်းပြိုလဲသွားနိုင်လို့၊ ပြဿနာပေါင်းများစွာနဲ့မီးဝုန်းဝုန်းတောက်နေတဲ့Projectရဲ့ရှေ့တန်းဆီကိုသူဝင်သွားခဲ့တယ်။ နေ့မအားညမနားနဲ့ ၃လလောက်ဝင်ဖြေရှင်းလိုက်တဲ့အခါ ဟိုးအရင်Burnoutကနေစလိုက်တဲ့Negative Spiral(ကွင်းဆက်)ကြီးဟာလုံးဝပြတ်တောက်သွားပါတော့တယ်။

ဒီStoryထဲက IT Engineerဟာ ကျွန်တော်ပါပဲ။

Burnoutဖြစ်ပြီးရာကနေ ဒီကွင်းဆက်ကြီးပြတ်တောက်တဲ့အထိ ၅နှစ်ကြာခဲ့ပါတယ်…

အလုပ်မှာBurnoutဖြစ်တာ၊ ဘဝမှာ“Quarter-life Crisis”နဲ့ကြုံလာတာမျိုးဆိုရင် ကိုယ့်ကိုယ်ကိုစိတ်ဓါတ်မကျပါနဲ့။ စိတ်မလောပါနဲ့။ ခဏလေးဖြစ်ဖြစ်လွှတ်ထားပေးလိုက်ပါ။ ပြီးရင် အလုပ်နဲ့မဆိုင်တဲ့အရာတွေလုပ်ကြည့်၊ လေ့လာကြည့်ပါ။ အလုပ်နဲ့မဆိုင်တဲ့သူတွေနဲ့တွေ့ကြည့်ပါ။ အဲ့လိုလုပ်တာတွေက တစ်ချိန်ချိန်မှာ တစ်နည်းနည်းနဲ့ ကို ယ့်ဘဝအတွက်အထောက်အကူဖြစ်လာပါလိမ့်မယ်။ အေးဆေးပြန်ကောင်းပါတယ်။

ပိုပြီးမြန်မြန်ကောင်းချင်ရင်တော့ ကိုယ့်ကိုယ်ကိုခက်ခဲကြမ်းတမ်းတဲ့ပတ်ဝန်းကျင်ထဲပစ်ထည့်လိုက်ပါ😅(Liberal Artsနဲ့Mentalအခြေခံမရှိရင်တော့ ဒီနည်းကိုအားမပေးပါ)

コメント

タイトルとURLをコピーしました