Book Review:(ဝယ်ပြီး)ပစ်ထားသောရင်းနှီးမြှုပ်နှံနည်း (ほったらかし投資術)

Posted on Facebook : 2023/10/7

Amazon.co.jp

Money Literacyကိုမြှင့်ဖို့အမျိုးမျိုးလေ့လာနေရင်း Investmentအပိုင်းကိုရောက်လာတော့ဒီစာအုပ်ကိုတွေ့သွားတယ်။ Investmentကိုစတင်လေ့လာမယ့်သူတွေအတွက် ဖတ်သင့်တဲ့စာအုပ်တစ်အုပ်ပါ။ ဒီစာအုပ်ကိုညွှန်းရတဲ့အဓိကအချက်၂ချက်ရှိတယ်။ ပထမအချက်က (လက်ရှိအချိန်အထိ)ရင်းနှီးမြှုပ်နှံဖို့အသင့်တော်ဆုံးအရာကို Final Answerအနေနဲ့တစ်ခုတည်းရွေးထုတ်ပေးထားလို့ပါ။ ရင်းနှီးမြှုပ်နှံမှုကိုအခုမှစတင်မယ့်သူဟာ ဘယ်မှာရင်းနှီးမြှုပ်နှံရမလဲမသိတော့ အသင့်တော်ဆုံးတစ်ခုတည်းကိုရွေးထုတ်ပေးထားတာဟာ တော်တော်အထောက်အကူဖြစ်ပါတယ်။ ဒုတိယအချက်က ရင်းနှီးမြှုပ်နှံမှုစတင်ဖို့အတွက် လက်တွေ့ကျတဲ့နည်းကိုStep by Stepနဲ့ပြောပြပေးထားလို့ပါ။ အသေးစိတ်ပြောပြထားလို့ အခုမှစတင်မယ့်သူအတွက်ခေါင်းခြောက်စရာမလိုတော့ဘူး။

【Recommendation ①】
ဒီစာအုပ်မှာFinal Answerအနေနဲ့ရွေးထုတ်ထားတဲ့အရာကတော့ eMAXIS Slim 全世界株式(オール•カントリー)လို့ခေါ်တဲ့ Index Fundပါ။ လေ့လာကြည့်လိုက်တော့ ဒီFundထဲကိုရင်းနှီးမြှုပ်နှံလိုက်ရုံနဲ့ အဲ့ဒီFundကနေတစ်ဆင့်တစ်ကမ္ဘာလုံးကကုမ္ပဏီတွေဆီကိုကိုဖြန့်ကျက်ပြီးရင်းနှီးမြှုပ်နှံပေးတယ်။ ရင်းနှီးမြှုပ်နှံမှုရဲ့အခြေခံဟာ တစ်နေရာတည်းစုပြီးရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့ပဲ။ ကုမ္ပဏီတစ်ခုတည်း၊ Industry sectorတစ်ခုတည်း၊ နောက်ဆုံးနိုင်ငံတစ်ခုတည်းတောင်စုပြီးရင်းနှီးမှုမလုပ်သင့်ဘူး၊ Riskများတယ်လို့အဆိုရှိတော့ ဒီFundထဲကိုရင်းနှီးမြှုပ်နှံရုံနဲ့ခေါင်းစားစရာမလိုဘဲ အဲ့ဒီRiskကို တော်တော်လေးလျှော့ပေးနိုင်တယ်။ ပြီးတော့Costကလည်းအရမ်းသက်သာပြီး Returnကလည်း လွန်ခဲ့တဲ့နှစ်၂၀ကိုကြည့်ရင် တစ်နှစ်ကိုပျမ်းမျှ+9%နီးပါးရှိတယ်။ ဘဏ်ထဲထည့်ထားရင်ရလာမယ့်အတိုးနှုန်း(0.001%)နဲ့ယှဉ်ရင်အဆ၉,၀၀၀ရှိတယ်။

【Recommendation ②】
ရင်းနှီးမြှုတ်နှံမှုစတင်ဖို့အတွက် လက်တွေ့ကျတဲ့နည်းကိုStep 6ခုနဲ့တစ်ဆင့်ခြင်းလုပ်ဖို့ပြောထားတယ်။ Step 6ခုကိုအသေးစိတ်ရေးရင်အရမ်းရှည်သွားမှာမို့လို့ အသေးစိတ်ကိုတော့စာအုပ်မှာဖတ်ကြည့်ပါ။ ရင်းနှီးမြှုတ်နှံမှုစတင်ဖို့အတွက်…
✔️၃လကနေ၆လစာလောက်ကိုယ့်ရဲ့စားဝတ်နေရေးအတွက်ငွေကြေးကိုစုဆောင်းပြီးဖယ်ထားပါ။ အကယ်၍ Investmentမှာအရှုံးပေါ်ခဲ့ရင် နေ့စဉ်ဘဝအခြေမပျက်ဖို့အတွက်ပါ။
✔️၃လကနေ၆လစာ စားဝတ်နေရေးအတွက်ဖယ်ပြီးရင် ကျန်တဲ့ငွေထဲကရှုံးရင်လည်းပြဿနာမရှိတဲ့Amountရဲ့၃ဆကိုအပေါ်ကပြောတဲ့Fundထဲကိုထည့်ပါ။ ဘာလို့၃ဆလဲဆိုတော့ လွန်ခဲ့တဲ့နှစ်၂၀မှာ ဒီFundက၃၀%ရှုံးတဲ့နှစ်ရှိခဲ့လို့ ကိုယ်ရင်းနှီးလိုက်တဲ့ငွေရဲ့၃၀%လျော့သွားရင်တောင်ခံနိုင်ရည်ရှိအောင်လို့ပါ။
✔️ရင်းနှီးမြှုတ်နှံတဲ့အခါ iDecoတို့ NISAတို့လို အခွန်ကင်းလွတ်ခွင့်ပေးတဲ့၊ အခွန်လျှော့ပေးတဲ့စနစ်တွေကိုအသုံးချပါ။
✔️Investmentလုပ်ပြီးကျန်တဲ့ငွေကိုဘဏ်မှာစုရင်စု or Bondကိုဝယ်ပါ။
အဲ့ဒီStepတွေနဲ့ရင်းနှီးမြှုတ်နှံပြီးရင်တော့
Buy & Holdလုပ်ထားရုံ(ပစ်ထားရုံ)ပဲလို့ရေးထားတယ်။

ဒီစာအုပ်မှာရေးထားတဲ့နည်းတွေက ဘယ်သူမဆိုလိုက်လုပ်နိုင်တဲ့နည်းတွေပါ။ အရမ်းခက်ခဲတဲ့နည်းလမ်းတွေမပါတဲ့အပြင် Riskလည်းအရမ်းမများတဲ့နည်းလမ်းပါ။ High Risk-High Returnမဟုတ်လို့ လောင်းကစားမဆန်ဘူး။ Investmentကိုစိတ်ဝင်စားရင် ဖတ်ကြည့်သင့်တဲ့စာအုပ်တစ်အုပ်ပါ။

コメント

タイトルとURLをコピーしました