အခွန်ကိုဘယ်ကနေဘယ်လိုယူရမလဲလို့အမြဲကြံစီနေတဲ့ဂျပန်အစိုးရက ဘာလို့NISA နဲ့ iDeCoစနစ်ကိုလုပ်တာလဲ?

Posted on Facebook : 2023/12/3

NISA, iDeCoဆိုတာ ရင်းနှီးမြှုပ်နှံမှုလုပ်လို့ရလာတဲ့အမြတ်တွေကိုအခွန်ကင်းလွတ်ခွင့်ပေးတဲ့စနစ်ပါ။ (NISA, iDecoအကြောင်းကိုအောက်ကPostမှာဖတ်ရှုနိုင်ပါတယ်)

အခွန်တွေတိုးကောက်နေတဲ့ဂျပန်အစိုးရက ရင်းနှီးမြှုပ်နှံမှုလုပ်သူတွေကို အခွန်ကင်းလွတ်ခွင့်ပေးလိုက်တာတွေ၊ ရိုးရိုးပင်စင်ငွေနဲ့ပဲဆိုရင် အသက်ကြီးလာတဲ့အခါ ယန်းသောင်း၂,၀၀၀မလောက်ငှမှုဖြစ်လိမ့်မယ်လို့ကြေငြာချက်ထုတ်တာတွေကိုလုပ်လိုက်တော့ ဘာMessageကိုပေးချင်တာလဲဆိုတာ အထာနပ်နပ်နဲ့”ဖတ်”တတ်ရမယ်😁

“ရှေ့လျှောက်အစိုးရမှာငွေနည်းလာလိမ့်မယ်။ အရင်လိုမျိုး အသက်ကြီးလို့သေဆုံးတဲ့အထိ မင်းတို့ကိုဂရုမစိုက်နိုင်တော့ဘူး။ အငြိမ်းစားယူပြီးနောက်ပိုင်းစားဝတ်နေရေးအတွက် ငွေကြေးပိုင်ဆိုင်ဖို့ ကိုယ့်ဟာကိုဖန်တီးပါ။”
⚠️အဓိကပြောချင်တဲ့Messageကဒါပဲ⚠️

ဂျပန်ဟာအငြိမ်းစားယူတဲ့သက်ကြီးရွယ်အိုတွေတိုးပွါးလာပြီး လူငယ်တွေကနည်းပါးလာပါတယ်။ ရှေ့လျှောက်လည်း ဒီပြဿနာကပိုမိုဆိုးဝါးလာနိုင်တာဖြစ်လို့ လူငယ်တွေရဲ့လုပ်အားနဲ့လူကြီးတွေကိုထောက်ပံ့ထားဖို့ဆိုတာခက်ခဲလာမှာဖြစ်တဲ့အပြင် တိုးပွါးလာမယ့်သက်ကြီးရွယ်အိုတွေအကုန်လုံးကို အစိုးရကထောက်ပံ့ဖို့ဆိုတာကလည်းမဖြစ်နိုင်တော့ အလုပ်လုပ်နိုင်တုန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပြီး မတောင့်တမကြောင့်ကြရတဲ့အငြိမ်းစားဘဝကိုကိုယ်တိုင်တည်ဆောက်စေချင်လို့ NISAတို့ iDeCoတို့လို အခွန်ကင်းလွတ်ခွင့်စနစ်တွေပေါ်ပေါက်လာတာပါ။

Financial Literacyကိုမြှင့်ပြီး ကိုယ့်ရှေ့ရေးအတွက် သုံးလို့ရတဲ့စနစ်တွေကိုပါးပါးနပ်နပ် အကျိုးရှိရှိသုံးသင့်ပါတယ်။

コメント

タイトルとURLをコピーしました