Posted on Facebook : 2024/2/10
လူတစ်ယောက်အသက်ရှင်နေထိုင်ဖို့အတွက်
ငွေကြေးဆိုတာအနည်းနဲ့အများတော့လိုအပ်ကြတယ်။ အဲ့ဒီလိုအပ်တဲ့ငွေကြေးကိုရှာဖွေဖို့နည်းလမ်းအမျိုးအစား၄မျိုးရှိတယ်။
Type1 : Time is Money
ပထမတစ်မျိုးက တစ်နာရီဘယ်လောက်၊ တစ်ရက်ဘယ်လောက်ဆိုပြီး လူတစ်ယောက်ရဲ့အချိန်ကိုပေးဆပ်ပြီး ငွေကြေးရှာဖွေတဲ့အမျိုးအစားပါ။ ဥပမာ, Part Timeအလုပ်တို့၊ ရိုးရိုးရုံးအလုပ်တို့ကဒီအမျိုးအစားထဲမှာပါတယ်။ ဒီအမျိုးအစားက အလုပ်ချိန်များရင်များသလောက်ဝင်ငွေများမယ်။ ပြောင်းပြန်အားဖြင့် တစ်ခုခုကြောင့်အလုပ်ချိန်နည်းရင် ဝင်ငွေပါလိုက်ပြီးနည်းသွားတယ်။ လိုအပ်တဲ့ဝင်ငွေရဖို့အတွက်အလုပ်ချိန်နဲ့အမြဲတမ်းနပမ်းလုံးနေရတဲ့အမျိုးအစားလို့ပြောလို့ရတယ်။
Type2 : Skill is Money
ဒုတိယတစ်မျိုးက Professional Skillတစ်ခုခုကိုပိုင်ဆိုင်ပြီး အဲ့ဒီSkillနဲ့ငွေကြေးရှာဖွေတဲ့အမျိုးအစားပါ။ ဥပမာ, IT Engineerတို့၊ ဆရာဝန်တို့၊ ရှေ့နေတို့၊ အားကစားသမားတို့ကဒီအမျိုးအစားထဲမှာပါတယ်။ ဒီအမျိုးအစားလည်း ငွေကြေးအတွက်အချိန်ပေးရတယ်။ ဒါပေမယ့် Type1လောက်အထိအချိန်နဲ့နပမ်းမလုံးရဘူး။ ဘာလို့လဲဆိုတော့ ဒီအမျိုးအစားရဲ့တစ်နာရီစာလုပ်အားခက များသောအားဖြင့်Type1ထက်များတတ်လို့ လိုအပ်တဲ့ငွေကြေးအတွက်ပေးရတဲ့အချိန်ကလည်းType1ထက်နည်းတတ်လို့ပါ။
Type3 : Result is Money
တတိယအမျိုးအစားက ရလဒ်ပေါ်မူတည်ပြီးဝင်ငွေရတဲ့အမျိုးအစားပါ။ ဥပမာ, ကိုယ်ပိုင်လုပ်ငန်းရှင်တို့၊ ကုမ္ပဏီပိုင်ရှင် or ထိပ်ပိုင်း Executive Directorတို့ကဒီအမျိုးအစားထဲမှာပါတယ်လို့ပြောလို့ရတယ်။ ဒီအမျိုးအစားက ဘယ်လောက်ပဲအချိိန်ပေးပေး ရလဒ်မကောင်းရင် ရလာမယ့်ငွေကြေးလည်းနည်းသွားတတ်တယ်။ ပြောင်းပြန်အနေနဲ့ ရလဒ်ကောင်းကောင်းထွက်တဲ့Systemတွေ ကုန်ပစ္စည်းတွေကိုအောင်မြင်စွာတည်ဆောက်ထုတ်လုပ်နိုင်ပြီဆိုရင် အချိန်အများကြီးပေးစရာမလိုတော့ဘဲ Type1, Type2နဲ့ယှဉ်ရင် ကိုယ်ပိုင်အချိန်ကိုလိုသလိုထိန်းညှိဖို့လွယ်တယ်။ ပြီးတော့ ဒီအမျိုးအစားက Type1, Type2ကလူတွေကိုအသုံးချပြီး လိုချင်တဲ့Systemတွေ၊ ကုန်ပစ္စည်းတွေကိုတည်ဆောက်တတ်ကြတယ်။
Type4 : Money is Money
နောက်ဆုံးအမျိုးအစားကတော့ ပိုင်ဆိုင်တဲ့ငွေကြေးကနေ နောက်ထပ်ငွေကြေးတွေတိုးပွါးအောင်လုပ်ပြီး ငွေကြေးရှာဖွေတဲ့အမျိုးအစားပါ။ ရင်းနှီးမြှုပ်နှံသူ(Investor)တွေဟာဒီအမျိုးအစားထဲမှာပါတယ်။ Type3ကလူတွေတည်ဆောက်ထုတ်လုပ်တဲ့Systemတွေ၊ ကုန်ပစ္စည်းတွေထဲကိုရင်းနှီးမြှုပ်နှံတာမျိုးကိုType4ကလူတွေကလုပ်ကြတယ်။ Type3ရဲ့ရလဒ်ကကောင်းပြီဆိုရင် Type4ပါအလိုလျောက်အမြတ်ရမယ်။ အဲ့ဒီရလာတဲ့အမြတ်က လိုအပ်တဲ့အသုံးစားရိတ်ကိုCoverလုပ်နိုင်ပြီဆိုရင် အမျိုးအစား၄မျိုးထဲမှာ ကိုယ်ပိုင်အချိန်အများဆုံးရနိုင်တဲ့အမျိုးအစားပဲ။ Financial Independenceအဖြစ်ဆုံးအမျိုးအစားလို့ပြောလို့ရတယ်။
လူတစ်ယောက်အသက်ရှင်နေထိုင်ဖို့ ငွေကြေးကအရေးကြီးပေမယ့် ဘယ်လိုမှအစားထိုးလို့မရဝယ်ယူလို့မရတဲ့”အချိန်”ဆိုတာလည်းအရမ်းအရေးကြီးပါတယ်။ ဘဝဆိုတာ “အချိန်”တွေကိုစုစည်းထားတဲ့အရာတစ်ခုပါ။ ပြီးတော့ဘဝဆိုတာအကန့်အသတ်ရှိတယ်။ အဲ့ဒီလိုအကန့်အသတ်ရှိတဲ့ဘဝထဲမှာ ငွေကြေးအတွက်ပဲအချိန်ကိုကုန်ဆုံးသွားစေမယ်ဆိုရင် အရမ်းနှမြောဖို့ကောင်းတယ်။ ငွေကြေးအတွက်လောက်နဲ့ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုအလဟဿမပေးဆပ်မိဖို့ ကိုယ်ကဘယ်အမျိုးအစားထဲမှာပါနေလဲဆိုတာစမ်းစစ်ပြီး Work-Life balanceမျှနေဖို့အတွက်စဉ်းစားသင့်ပါတယ်။
コメント