【ဂျပန်ITလောကရဲ့အမှောင်ဘက်ခြမ်း】

Posted on Facebook : 2024/9/22

ဂျပန်ရဲ့ITလောကဟာ အောက်ပုံထဲကSample Structureလိုမျိုး ကုမ္ပဏီအဆင့်ဆင့်ခံပြီး Projectတွေကိုလုပ်ကြတာများတယ်။

ဘာလို့အဲ့လိုပုံစံမျိုးနဲ့လုပ်ကြတာလဲဆိုတော့ Projectမရှိချိန် ကိုယ့်ကုမ္ပဏီမှာIT Engineerအပိုလူတွေမရှိအောင်လို့ပါ။

IT System Developmentရဲ့Projectမှာ လူအရေအတွက်များများလိုအပ်တဲ့Phaseက Implementation Phase နဲ့ Testing Phaseပါ။ ကျန်တဲ့Phaseတွေက ဒီPhase၂ခုနဲ့ယှဉ်ရင် လူအရေအတွက်အဲ့လောက်မလိုဘူး။ အဲ့ဒီတော့ လူအများကြီးလိုအပ်တဲ့ခဏတာအတွက် ကိုယ့်ကုမ္ပဏီမှာဝန်ထမ်းခန့်ပြီးလုပ်မယ့်အစား အခြားကုမ္ပဏီဆီလွှဲပြီးလုပ်ခိုင်း၊ လုပ်ပြီးရင်အဲ့ဒီကုမ္ပဏီကိုဖြုတ်လိုက်တာက IT Engineerအပိုဝန်ထမ်းတွေရှိလာမယ့်Riskကိုနည်းပါးစေတယ်။ ဂျပန်မှာက အလုပ်သမားကိုကာကွယ်ပေးထားတဲ့ဥပဒေတွေကအရမ်းတင်းကျပ်တော့ ဝန်ထမ်းကိုအလုပ်ဖြုတ်ဖို့ဆိုတာ မဖြစ်နိုင်လောက်အောင်ခက်ပါတယ်။ ပြီးတော့ဝန်ထမ်းတစ်ယောက်ကိုခန့်ပြီဆိုရင် သူ့အတွက်အာမခံကြေးတွေ၊ ပင်စင်ကြေးတွေကို ကုမ္ပဏီကတစ်ဝက်ခံရပါတယ်။ ဒါ့အပြင် ဒီဝန်ထမ်းကိုရှေ့လျှောက်တိုးတက်အောင် ပြုစုပျိုးထောင်ဖို့အတွက် အများကြီးရင်းနှီးမြှုပ်နှံရတယ်(ဥပမာ, Trainingပေးတာမျိုး)။ အဲ့ဒီလိုအမျိုးမျိုးသောအကြောင်းတွေပေါင်းစပ်သွားတဲ့အခါ ပုံထဲကSample Structureလိုမျိုး ကုမ္ပဏီအဆင့်ဆင့်ခံပြီး Projectတွေကိုလုပ်ကြတဲ့အဖြစ်မျိုးတွေများလာတယ်။

အဲ့ဒီလိုကုမ္ပဏီအဆင့်ဆင့်ခံပြီး Projectတွေကိုလုပ်ကြတဲ့အခါ အောက်ပိုင်းနားကကုမ္ပဏီတွေဟာ ရတဲ့အကျိုးအမြတ်နည်းပါးခြင်း၊ Projectမှာတစ်ခုခုအဆင်မပြေဖြစ်ပြီဆိုရင် နေ့မနားညမနားလုပ်ရတာမျိုးတွေရှိလာပါတယ်။ ကုမ္ပဏီတစ်ခုလည်ပတ်ဖို့ဆိုရင် အနည်းဆုံးအောက်ထစ်အမြတ်၃၀%လိုပါတယ်။ ဒါမှကုမ္ပဏီကရှေ့လျှောက်လုပ်ကိုင်သွားလို့ရမှာပါ။ အပေါ်ကကုမ္ပဏီတွေက သူတို့အတွက်အမြတ်၃၀%အထက်ချန်ပြီးမှ အောက်ကကုမ္ပဏီကိုလွှဲပါတယ်။ အဲ့ဒီလိုတစ်ဆင့်တစ်ဆင့်အမြတ်ချန်ရင်းအောက်ကိုလွှဲတဲ့အခါ အောက်ကကုမ္ပဏီတွေအတွက်အကျိုးအမြတ်ကအရမ်းနည်းပါးလာပါတယ်။ အဲ့တော့ ဘယ်ကိုသွားထိလဲဆိုတော့ အောက်ကကုမ္ပဏီမှာလုပ်နေရတဲ့IT Engineerတွေကိုတိုက်ရိုက်သွားထိတယ်။ ဘာလို့လဲဆိုတော့ အောက်ကကုမ္ပဏီတွေကသူတို့ရှေ့ဆက်သွားဖို့လိုအပ်တဲ့အမြတ်၃၀%ကျန်ဖို့ သူတို့ဝန်ထမ်းရဲ့လစာကိုစတေးမှဖြစ်မှာမို့လို့ပါ။ ပြီးတော့ အပေါ်ပိုင်းမှာရှိတဲ့ကုမ္ပဏီအများစုက Stock Share Marketမှာစာရင်းဝင်(上場ဖြစ်တဲ့)ကုမ္ပဏီတွေဆိုတော့ သူတို့ရဲ့ဝန်ထမ်းတွေကိုOvertimeအများကြီးဆင်းခိုင်းတာမျိုးမလုပ်ကြဘဲ တစ်ခုခုဖြစ်ရင်အောက်ကကုမ္ပဏီကိုပဲတန်အောင်ခိုင်းကြတာများတယ်။ အဲ့ဒါကြောင့်အောက်ပိုင်းနားကကုမ္ပဏီကIT Engineerတချို့ဆို လခကလည်းနည်း၊ အလုပ်လည်းအရမ်းလုပ်ရတော့ သနားဖို့ကောင်းတယ်။ ကိုယ်ကတော့ကိုယ့်အောက်ကကုမ္ပဏီကို IT Proအချင်းချင်းအနေနဲ့ လေးလေးစားစားပဲဆက်ဆံတယ်။

ITလောကဆို အရမ်းကောင်း အရမ်းစမတ်ကျတယ်လို့ထင်တဲ့သူများလို့ ဒီလိုBlack Sideလည်းရှိတယ်လို့ Shareရုံပါ။ ဒီSample Structureကိုကြည့်ပြီး လိုအပ်ရင်အထက်ကိုဆန်တက်ဖို့ ကိုယ့်CareerကိုDesignဆွဲပါ။

コメント

タイトルとURLをコピーしました