【အားနည်းချက်ကိုအသုံးချခြင်း】

Posted on facebook : 2024/10/13

လူပဲဖြစ်ဖြစ် အရာဝတ္ထုပစ္စည်းပဲဖြစ်ဖြစ် အရာရာတိုင်းမှာ အားသာချက်နဲ့အားနည်းချက်ဆိုတာရှိပါတယ်။ များသောအားဖြင့် လူတော်တော်များများက အားနည်းချက်ကိုဖုံးကွယ်ပြီး အားသာချက်ကိုပဲထုတ်ဖော်တတ်ကြတယ်။ အဲ့လိုလူတွေထုတ်ဖော်ဖို့ဝန်လေးတတ်ကြတဲ့ အားနည်းချက်ကိုပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြီး အသုံးချလို့ရတဲ့နည်းရှိတယ်။

စိတ်ပညာအရ အရင်ဦးဆုံး (လူတစ်ယောက်/ပစ္စည်းတစ်ခုရဲ့)အားနည်းချက်ကိုပြောလိုက်ရင် အဲ့ဒီနောက်မှာပြောတဲ့အားသာချက်တွေဟာ “အလိမ်အညာမရှိအမှန်အကန်တွေ”ဆိုပြီးလူတွေဟာယုံတတ်ကြတယ်။ အဲ့ဒီလိုလူတွေရဲ့စိတ်အစဉ်လိုက်ဖြစ်ပေါ်တတ်မှုကိုအသုံးချပြီးတော့ အားနည်းချက်ကိုထုတ်ဖော်မယ်ဆိုရင်…ဥပမာ,
✅ဒီဆေးက ခါးပြီးအဝင်ဆိုးပေမယ့် အာနိသင်ထိရောက်မှုမြန်တယ်။
✅ဒီဖုန်စုပ်စက်က အသံနည်းနည်းဆူပေမယ့် Powerfulဖြစ်တယ်။
✅စျေးနည်းနည်းကြီးပေမယ့် တာရှည်ခံတယ်။

အပေါ်ကလိုကုန်ပစ္စည်းတွေကိုမိတ်ဆက်တဲ့နေရာမှာတင်မဟုတ်ဘဲ အလုပ်ဝင်Interviewတွေမှာ ကိုယ့်ကိုယ်ကိုမိတ်ဆက်တဲ့အချိန်သုံးကြည့်ရင်ရော?

✅ဂျပန်လူမျိုးလို ဂျပန်စကားကိုကျွမ်းကျင်စွာမပြောတတ်ပေမယ့် ဂျပန်လူမျိုးတွေနဲ့မတူတဲ့အမြင်တွေ Ideaတွေနဲ့Teamကိုအထောက်အကူပြုနိုင်ပါတယ်။
✅ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးအတွေ့အကြုံနည်းတဲ့အတွက် အလုပ်မှာအရာရာကိုဘာလို့ဒီလိုလုပ်ရတာလဲဆိုတာတွေးပြီးလုပ်ရင်း ပိုထိရောက်ပြီးမြန်ဆန်တဲ့လုပ်နည်းတွေကိုရှာဖွေသွားနိုင်ပါတယ်။

အားနည်းချက်ကိုထုတ်ဖော်ပြောရမှာဝန်လေးနေရင် အပေါ်ကနည်းကိုသုံးကြည့်ပါ။ အားနည်းချက်ကိုထုတ်ပြောတဲ့ပွင့်လင်းတဲ့သူလို့အထင်ခံရမယ့်အပြင် အဲ့ဒီအားနည်းချက်နောက်မှာပြောလိုက်တဲ့အားသာချက်ကိုလည်း အမှန်တွေဆိုပြီးယုံကြည်လာပါလိမ့်မယ်။

コメント

タイトルとURLをコピーしました