ဘာလို့ITနဲ့ပတ်သက်တဲ့Career Advisorအလုပ်ကိုလုပ်ဖို့ဆုံးဖြတ်လိုက်တာလဲ?

Posted on Facebook : 2024/10/14

လွယ်လွယ်အတိုချုံးပြောရရင်တော့ မြန်မာလူမျိုးတွေ ဂျပန်ပြည်ထဲကိုပိုက်ပြီးဝင်လာတဲ့အိပ်မက်တွေကိုအကောင်အထည်ဖော်ရာမှာ အနည်းငယ်အထောက်အကူဖြစ်ချင်ရုံလေးပါ။ သူငယ်ချင်းတွေ၊ Juniorလေးတွေဆီကနေ ဆွေးနွေးတိုင်ပင်တာမျိုးတွေရှိတော့ တခြားသူတွေလည်းတိုင်ပင်ချင်မှာပဲဆိုပြီး စလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။

ကိုယ်မွေးခဲ့တဲ့နယ်မြေ၊ ကိုယ်ကျွမ်းကျင်တဲ့ဘာသာစကားတွေရဲ့အဝေးမှာ အိပ်မက်တွေကိုအကောင်အထည်ဖော်တဲ့အခါ အနည်းနဲ့အများအခက်အခဲလေးတွေတော့ရှိမှာပါ။ ကိုယ်နဲ့မရင်းနှီးတဲ့ဂျပန်ရဲ့ရှုပ်ထွေးလှတဲ့စနစ်တွေ, ဓလေ့တွေ၊ အမြဲတမ်းအသစ်အသစ်တွေနဲ့ပြောင်းလဲနေတဲ့ITလောက၊ Stressများတဲ့လုပ်ငန်းခွင်တွေကြားမှာ ပိုက်လာခဲ့တဲ့အိပ်မက်တွေပျောက်ကုန်တာ၊ ရှေ့ဆက်ဖို့လမ်းစပျောက်တာ တွေဝေတာမျိုးတွေရှိရင် ကိုယ့်ရဲ့အတွေ့အကြုံနဲ့ အနည်းငယ်အထောက်အကူဖြစ်ချင်တာပါ။

တစ်ချို့ကြတော့လည်း IT Fieldထဲကို Challengeလုပ်ချင်တဲ့သူတွေရှိတယ်။ သူတို့တွေအတွက်လည်း ITရဲ့လက်တွေ့လုပ်ငန်းခွင်အကြောင်းတွေ၊ Challengeလုပ်ဖို့အတွက်ပြင်ဆင်သင့်တာတွေကိုShareလုပ်ပြီး သူ့ရဲ့စိန်ခေါ်မှုအသစ်ကို အောင်မြင်စေမယ့်အထောက်အကူလေးတစ်ခုဖြစ်ရင်ကျေနပ်တယ်။

ကိုယ့်ရဲ့အနည်းငယ်မျှသောအထောက်အကူလေးနဲ့ သူတို့ပိုက်လာခဲ့တဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ပြီး နောင်တစ်ချိန်ဂျပန်ကနေထွက်တဲ့အခါ အိပ်မက်အသစ်တွေပိုက်ပြီးထွက်နိုင်ရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။😁

コメント

タイトルとURLをコピーしました