Book Review: ကျည်ဆန်ရထားကိုသန့်ရှင်းရေးလုပ်တဲ့နတ်မိမယ်များ

Posted on Facebook : 2020/4/29

“သန့်ရှင်းရေးလုပ်တဲ့ကုမ္ပဏီမဟုတ်ဘူး။
ဧည့်သည်တွေကိုဧည့်ဝတ်ပြုတဲ့ကုမ္ပဏီဖြစ်ရမယ်!”

အဲ့ဒီလမ်းစဉ်ကိုကြေငြာပြီးတဲ့နောက်မှာတော့
ကျည်ဆန်ရထားနဲ့ဘူတာတွင်းသန့်ရှင်းရေးကိုပဲသာမန်လုပ်နေခဲ့တဲ့ကုမ္ပဏီဟာနောင်တစ်ချိန်မှာ Harvard Business Schoolရဲ့case studyလုပ်ခံရတဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့အထိတစ်ဆင့်ချင်းဆီပြောင်းလဲခဲ့တယ်။

ဆိုက်လာတဲ့ကျည်ဆန်ရထားတစ်ခုလုံးရဲ့သန့်ရှင်းရေးကို၇မိနစ်အတွင်းပြီးအောင်လုပ်ပြီးရထားထွက်ချိန်နောက်မကျအောင်လုပ်တယ်။

ကလေးတွေplatformပေါ်မှာပြေးလွှားမနေဘဲငြိမ်နေအောင်လို့ ကလေးတွေစိတ်ဝင်စားစေမယ့် stickerလေးတွေကို ကလေးတွေဆီလိုက်ဝေတယ်။

ယောင်လည်လည်ဖြစ်နေတဲ့ဧည့်သည်တွေ့ရင် အသေအချာရှင်းပြပြီးလမ်းညွှန်ပေးတယ်။

ဧည့်သည်တွေအဆင်ပြေချောမွေ့ဖို့ဆိုရင်Parent companyဖြစ်တဲ့ JR Eastရထားကုမ္ပဏီကြီးကိုတောင် တစ်ခုပြီးတစ်ခုတောင်းဆိုတဲ့အထိတက်တက်ကြွကြွဖြစ်တဲ့ကုမ္ပဏီဖြစ်လာတယ်။

ပြီးတော့ဧည့်သည်အတွက်ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ideaတွေအကုန်က staffတွေဆီကလာတဲ့ideaတွေချည်းပဲ။ bottom upပုံစံ။

သန့်ရှင်းရေးဆိုတဲ့အလုပ်ဟာ
တော်ရုံတန်ရုံ လူအထင်ကြီးမခံရဘူး။
လုပ်ချင်တဲ့လူအရမ်းများတဲ့smartကျတဲ့
အလုပ်လည်းမဟုတ်ဘူး။ ဒါပေမယ့် ဒီကုမ္ပဏီမှာအလုပ်ဝင်လာတဲ့သူတွေတော်တော်များများကအခုလိုပြောကြတယ်။

“ဒီကုမ္ပဏီကိုဝင်တဲ့အချိန်မှာ ကိုယ့်ရဲ့ခံယူချက်တွေ မာနတွေ ဂုဏ်တွေကိုပစ်ချပြီးဝင်ခဲ့တယ်။ ဒါပေမယ့် ကုမ္ပဏီကိုဝင်ပြီးအလုပ်လုပ်ကြည့်တဲ့အခါမှာတော့ ခံယူချက်အသစ် မာနအသစ် ဂုဏ်အသစ်တွေကိုရလာခဲ့တယ်”တဲ့။

အလုပ်လုပ်ခြင်းဆိုတဲ့အဓိပ္ပါယ်ကိုပြန်စဉ်းစားစေတဲ့ တကယ်ကောင်းတဲ့စာအုပ်တစ်အုပ်ပါပဲ။

新幹線 お掃除の天使たち(あさ出版電子書籍) | 遠藤功 | ビジネススキル | Kindleストア | Amazon
Amazonで遠藤功の新幹線 お掃除の天使たち(あさ出版電子書籍)。アマゾンならポイント還元本が多数。一度購入いただいた電子書籍は、KindleおよびFire端末、スマートフォンやタブレットなど、様々な端末でもお楽しみいただけます。

コメント

タイトルとURLをコピーしました