Posted on Facebook : 2020/6/21
IT digitalနည်းပညာတွေနဲ့ပတ်သက်ရင်USနဲ့တရုတ်ကိုပဲအများဆုံးစိတ်ဝင်စားကြပေမယ့်Europeလည်းတစ်ကယ်ဆရာကျတယ်။
USရဲ့IT Digitalအယူအဆတွေ အတွေးအခေါ်တွေက data revolutionပဲ။ သုံးလို့ကောင်းတဲ့ platformတွေ(ဥပမာfacebookတို့googleတို့)ကို အလကားပေးသုံးပြီးတော့ ရသမျှdataတွေကို အကုန်ယူတယ်။ အဲ့ဒီdataတွေကိုသုံပြီးတော့ business modelအသစ်တွေကိုထွင်တယ်။
တရုတ်ကလည်းUSကိုပုံတူကူးတာများတော့
များသောအားဖြင့်အတူတူပဲ။
Europe ရဲ့IT Digitalအယူအဆ အတွေးအခေါ်ကHuman rightsတို့ ruleတို့ လူ့ကျင့်ဝတ်တို့ပေါ်မှာအခြေခံတယ်။ USနဲ့တရုတ်ကနည်းပညာခြင်းပြိုင်နေတဲ့အချိန်Europeကruleတွေနဲ့ထိန်း(Block)တယ်။ နာမည်ကြီးတာကတော့GAFAM Vs GDPRပဲ။ GAFAMဆိုတာ Google, Apple, Facebook, Amazon, Microsoftဆိုတဲ့USရဲ့ကြီး၅ကြီး။
GDPRဆိုတာကEUနိုင်ငံမှာနေတဲ့လူတွေရဲ့dataတွေကိုကာကွယ်တဲ့စည်းမျဉ်း, EUပြင်ပကိုထုတ်ယူသွားခွင့်မရှိတဲ့စည်းမျဉ်း။
ဘယ်လောက်တောင်တင်းကျပ်သလဲဆို
လူတစ်ယောက်ကinternetမှာရှာခဲ့တဲ့historyကိုတောင်EUပြင်ပကိုယူသွားခွင့်မရှိဘူး။ ချိုးဖောက်ရင် ကုမ္ပဏီရဲ့ဝင်ငွေ၄%ကိုဒဏ်ဆောင်ရမယ်။Googleလိုကုမ္ပဏီရဲ့ဝင်ငွေ၄%ဆိုတာနည်းတာမှမဟုတ်တာ။
အဲ့ဒီမှာGAFAMကွိုင်တတ်တော့တာပဲ😂
Europeရဲ့ IT Digitalအပေါ်ထားတဲ့အယူအဆကအဲ့ဒီလို။
Europeကသူ့ရဲ့IT Digitalအပေါ်ထားတဲ့
သူ့အယူအဆကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့
ကြေငြာထားတာကSDGsပဲ။
Sustainable Development Goals
၂၀၃၀မှာပြီးမြောက်ရမယ့်goals ၁၇ချက်။
အဲ့ဒီgoals၁၇ချက်ကလည်းEuropeကဦးဆောင်ပြီးဆွဲထားတာ။ ဆွဲထားတာတွေကလည်း တစ်ခုမှငြင်းလို့မရ။ ငြင်းတာနဲ့ငြင်းတဲ့နိုင်ငံက human rightsမရှိဘူး လူ့ကျင့်ဝတ်မရှိဘူးဆိုပြီးပြောခံရမယ့်goalတွေချည်းပဲ။ UN summitမှာလည်းအတည်ပြုပြီးပြီ။ ချည်ပြီးတုတ်ပြီးအပိုင်ကိုင်တာ။😁
GDPRကEUအတွက်ပဲဆိုပေမယ့်SDGsကတစ်ကမ္ဘာလုံးနဲ့ဆိုင်တယ်။
SDGsကိုပြီးမြောက်စေမယ့်IT Digitalဟာ
Europeကတီထွင်လိုက်တဲ့Digitalကစားပွဲတစ်ခုဖြစ်လာလိမ့်မယ်။
コメント