【Careerကိုအောင်မြင်စေမယ့်အချက်၃ချက်】

Posted on Facebook : 2024/10/26

ကိုယ့်Careerကိုတိုးတက်အောင်လုပ်တဲ့ရည်ရွယ်ချက်ဟာလူတစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ တစ်ချို့ကဝင်ငွေတိုးဖို့ရည်ရွယ်ပြီးကြိုးစားကြသလို၊ တစ်ချို့ကလူတွေရဲ့အကျိုးကိုဆောင်ရွက်နိုင်ဖို့ကြိုးစားကြတယ်။ ဘယ်လိုရည်ရွယ်ချက်မျိုးပဲဖြစ်ဖြစ် အဲ့ဒီရည်ရွယ်ချက်ပြည့်မြောက်ရင် အောင်မြင်တဲ့Careerလို့ပြောလို့ရတယ်။ အဲ့ဒီလိုကိုယ့်ရဲ့Careerကိုအောင်မြင်စေမယ့်အချက်၃ချက်က…

1️⃣ကိုယ့်ရဲ့အားသာချက်ကိုနားလည်ခြင်း

ကိုယ့်ရဲ့အားသာချက်ကိုနားမလည်ရင် ကိုယ်နဲ့ကိုက်ညီမှုမရှိတဲ့အလုပ်ကိုရွေးချယ်မိနိုင်တယ်။ ဥပမာ, ကိုယ်ကလူတွေနဲ့ပေါင်းသင်းဆက်ဆံရေးမှာကျွမ်းကျင်ရဲ့သားနဲ့ Laboratoryအခန်းထဲမှာတစ်နေကုန်နေပြီးResearchလုပ်ရတဲ့အလုပ်မျိုးဆိုရင် ကိုယ့်အတွက်အရမ်းခက်ခဲပြီး လုပ်ချင်ကိုင်ချင်စိတ်တွေပါပျောက်သွားနိုင်တယ်။ ကိုယ့်ရဲ့အားသာချက်ကိုနားလည်ဖို့၊ ကိုယ်ဘာလုပ်ချင်တာလဲဆိုတာကိုသိဖို့ဆိုရင် ကိုယ်ကြိုက်နှစ်သက်တဲ့အရာကိစ္စတွေကို Nounနဲ့မဟုတ်ဘဲVerbနဲ့စဉ်းစားကြည့်ရင် Hintအနည်းငယ်ရနိုင်တယ်။ ဥပမာ, စာအုပ်စာပေတွေကိုကြိုက်တယ်ဆိုတာNoun။ Verbနဲ့ပြောင်းပြီးစဉ်းစားကြည့်ရင် စာအုပ်စာပေတွေကို”ဖတ်”ရတာကြိုက်တာလား? “ရေး”ရတာကြိုက်တာလား? “ဒီဇိုင်းဆွဲ”ရတာကိုကြိုက်တာလား? ဆိုပြီးကွဲထွက်လာလိမ့်မယ်။ အဲ့ဒီအထဲက ကိုယ်ကြိုက်တာဘာလဲဆိုတာကိုသိရင် ကိုယ့်ရဲ့အားသာချက်၊ ကိုယ်စိတ်ဝင်စားတဲ့အရာ၊ ကိုယ်လုပ်ချင်တဲ့အလုပ်စတာတွေရဲ့Hintကိုရလာပါလိမ့်မယ်။

2️⃣ကိုယ့်ရဲ့အားသာချက်ကိုအရောင်တင်ဖို့အားထုတ်ခြင်း

ကိုယ့်ရဲ့အားသာချက်ကိုသိပြီဆိုရင် အဲ့ဒီအားသာချက်မှာပိုပြီးထူးချွန်လာအောင်အားထုတ်ပါ။ လူတွေဟာကိုယ်အားသာတဲ့အပိုင်းကိုလုပ်ရပြီဆိုရင်Motivationမြင့်ပြီး ပင်ပင်ပန်းပန်းကြိုးစားအားထုတ်နေရတယ်ဆိုတဲ့ခံစားချက်မျိုးသိပ်မရှိတော့ဘူး။ 

3️⃣ကိုယ့်ရဲ့အားသာချက်ကိုအသုံးချနိုင်တဲ့ပတ်ဝန်းကျင်ကိုရွေးချယ်ခြင်း

Careerကိုရွေးချယ်တဲ့အခါ ကုမ္ပဏီနာမည်တွေ၊   Industryနာမည်တွေနဲ့မရွေးဘဲ Job Roleနဲ့ရွေးပါ။ ဥပမာ, IT Industryကနာမည်ကြီးနေလို့ IT Engineerလုပ်မယ်ဆိုပြီးရွေးတာမျိုးမဟုတ်ဘဲ ခေါင်းသုံးပြီးစဉ်းစားရတဲ့Programmerတို့ System Engineerတို့ကိုရွေးမှာလား? တိတိကျကျနဲ့Routineအလုပ်လုပ်ရတဲ့Operatorအလုပ်ကိုရွေးမှာလား?ဆိုပြီး Job Roleနဲ့ရွေးတာက ကိုယ်လုပ်ချင်တာနဲ့ကိုယ်လုပ်ရမှာနဲ့ထပ်တူကျနိုင်ခြေများပါတယ်။

ကိုယ့်ရဲ့အားသာချက်ကိုမရှာတတ်ဘူး၊ ကိုယ်ဘာလုပ်ချင်မှန်းမသိဘူး၊ ကိုယ့်ရဲ့ရှေ့လျှောက်Careerကို ဘယ်လိုDesignဆွဲရမလဲတွေဝေနေတယ်ဆိုရင် အပေါ်က၃ချက်ကိုလုပ်ကြည့်ပါ။ အဲ့ဒီ၃ချက်လုပ်ကြည့်လည်း အဖြေရှာမရဘူး၊ လုပ်လည်းမလုပ်တတ်ဘူးဆိုရင် Career Advice Serviceနဲ့ပတ်သက်ပြီးတိုင်ပင်နိုင်ပါတယ်။

コメント

タイトルとURLをコピーしました