【Serviceတွေသုံးရုံနဲ့ရှယ်ယာတွေရမယ့်KABU&】

Posted on Facebook : 2024/11/16

စျေးကွက်ထဲရောက်ပြီးစျေးတက်ရင်ရောင်းလို့ရတဲ့ရှယ်ယာကိုအလကားရမယ်⁉️

Online shop ZOZOကိုတည်ထောင်ခဲ့တဲ့ Mr.Maezawaကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့အစီအစဉ်တစ်ခုကို11/20ကနေစတင်ပါတော့မယ်။

ကုမ္ပဏီရဲ့ရှယ်ယာတွေဝယ်ပြီးရင်းနှီးမြှုပ်နှံကြတဲ့အခါ စျေးပေါတုန်းဝယ်ပြီး စျေးတက်တုန်းရောင်းချင်ကြပါတယ်။ ဒါပေမယ့် စျေးကွက်ကိုဘယ်သူမှမှန်အောင်မမှန်းဆနိုင်လို့ အဲ့ဒီလိုလုပ်ဖို့ဆိုတာဆန္ဒပဲရှိပြီး တကယ်လိုက်လုပ်ဖို့ဆိုတာမလွယ်ပါဘူး။ အခုတော့ အဲ့ဒီဆန္ဒကိုပြည့်အောင်လုပ်နိုင်မယ်လို့မျှော်မှန်းလို့ရတဲ့အစီအစဉ်တစ်ခုကို Mr.Maezawaကအကောင်အထည်ဖော်ဖို့လုပ်နေပါတယ်။

ဘယ်လိုအစီအစဉ်လဲဆိုတော့ Mr.Maezawaရဲ့အသစ်တည်ထောင်လိုက်တဲ့KABU&ကုမ္ပဏီကServiceတွေကိုသုံးရုံနဲ့ KABU&ရဲ့ရှယ်ယာတွေကိုပြန်ဝေသွားမယ်လို့ပြောတယ်။ Pointတွေပြန်ပေးတာမဟုတ်ဘဲ PointတွေအစားKABU&ရဲ့ရှယ်ယာကိုပြန်ပေးတဲ့သဘောပါ။ ဘာServiceတွေလဲဆိုတော့ လျှပ်စစ်မီး၊ ဂက်စ်၊ ဖုန်း၊ အင်တာနက်၊ Water Server၊ ふるさと納税ဆိုတဲ့Service ၆မျိုးပါ။ လက်ရှိသုံးနေတဲ့ကုမ္ပဏီကနေ KABU&ဆီပြောင်းသုံးရင် ကျသင့်တဲ့လစဉ်Service Feeပေါ်မူတည်ပြီး PointတွေအစားKABU&ရဲ့ရှယ်ယာတွေပြန်ရပြီး KABU&ရဲ့Userလည်းဖြစ်၊ KABU&ရဲ့ရှယာရှင်လည်းဖြစ်မှာပါ။

KABU&ရဲ့ရှယ်ယာတွေပြန်ရရုံနဲ့ ဘာလို့ရှယ်ယာကိုစျေးပေါတုန်းဝယ်ပြီး စျေးတက်တုန်းရောင်းချင်ကြတဲ့ဆန္ဒကပြည့်နိုင်တာလဲ?

KABU&ကုမ္ပဏီကလက်ရှိမှာ စတော့ရှယ်ယာစျေးကွက်ထဲကိုမရောက်လာသေးပါဘူး(上場မဖြစ်သေးဘူး)။ အဲ့ဒါကြောင့်KABU&ရဲ့ရှယ်ယာတွေဟာ လက်ရှိမှာတန်ဖိုးအရမ်းနည်းနေသေးတဲ့အချိန်ပါ။ တစ်ချိန်ချိန်KABU&ရဲ့ရှယ်ယာတွေကကစတော့ရှယ်ယာစျေးကွက်ထဲရောက်လာတဲ့အချိန်(上場ဖြစ်တဲ့အချိန်)မှာ အဆပေါင်းများစွာစျေးတက်သွားမှာပါ။ (အခြေအနေကကွက်တိတူမနေပေမယ့်) မြင်သာအောင်ပြောရရင် Facebookကုမ္ပဏီ (လက်ရှိMeta)ကစတော့ရှယ်ရာစျေးကွက်ထဲရောက်ပြီးနာမည်မကြီးခင်ကတည်းကရှယ်ယာရှင်ဖြစ်နေတဲ့ပုံစံမျိုးပါ။ Facebookရှယ်ယာလိုမျိုး ချက်ချင်းလက်ငင်းသူဌေးကြီးဖြစ်ဖို့ကတော့ လက်ရှိမှာမလွယ်သေးဘူးလို့ထင်ပါတယ်။

အင်း… စိတ်ဝင်စားဖို့ကောင်းတယ်။

11/20မှာအသေးစိတ်ကြေငြာပြီး စပြီးServiceပေးတော့မှာဆိုတော့ စိတ်ဝင်စားရင်KABU&ရဲ့WebsiteကိုCheckလုပ်ထားပါ😁

⚠️KABU&ရဲ့Service Feeတွေ၊ Service Qualityတွေကိုလက်ရှိကိုယ်သုံးနေတဲ့Serviceတွေနဲ့ယှဉ်ကြည့်ပြီးမှ သုံးမလား မသုံးဘူးလားဆိုတာကိုဆုံးဖြတ်သင့်ပါတယ်။

【KABU& Websile】

株がもらえるカブアンド | KABU&
サービスを使った分だけ株がもらえるカブアンド。11月20日からはじまります!電気・ガス・モバイル通信・ネット回線・ウォーターサーバー・ふるさと納税。これらカブアンドに切り替えるだけで、カブアンドの未公開株がもらえます。

コメント

タイトルとURLをコピーしました