လူတစ်ယောက်ရဲ့ဝင်ငွေကိုအဘယ်အရာကဆုံးဖြတ်သလဲ?
ပညာအရည်အချင်းလား?
အတွေ့အကြုံလား?
ကံလား?
တကယ်တော့ လူတစ်ယောက်ရဲ့လစာအနည်းအများအပေါ်သက်ရောက်မှုအကြီးမားဆုံးFactorက Job Roleနဲ့Industryပါ။ ကိုယ့်ရဲ့ဝင်ငွေကိုတိုးလာဖို့ဆိုရင် ဒီFormulaကိုသိထားမှရပါမယ်။
Income = Job Role ❎ Industry

Job Roleဆိုတာ အရောင်းစာရေးတို့၊ Programmer, System Engineerတို့၊ Consultantတို့ “အလုပ်အမျိုးအစား”ကိုခေါ်တာ။
Industryဆိုတာ ITတို့၊ အစားအသောက်တို့၊ ဘဏ်တို့ “လုပ်ငန်းနယ်ပယ်”ကိုခေါ်တာ။
အဲ့ဒီနှစ်ခုနဲ့တင်ကိုယ့်ဝင်ငွေရဲ့80%လောက်ကသတ်မှတ်ပြီးသားဖြစ်နေပြီ။
Job Roleနဲ့Industryကို”ပေါင်း”တာမဟုတ်ဘဲ “မြှောက်”တာကဒီFormulaရဲ့အဓိကPointပါ။ နှစ်ခုထဲကတစ်ခုခုက “0” or “1”ဖြစ်နေရင်(တစ်ခုခုကမကောင်းရင်) ရလဒ်ကတိုးလာမှာမဟုတ်ပါဘူး။
ဘယ်လောက်တော်တဲ့သူပဲဖြစ်ဖြစ် ကျဆင်းနေတဲ့လုပ်ငန်းနယ်ပယ်မှာကြိုးစားနေရင် ဝင်ငွေတိုးဖို့တော်တော်ခက်ပါတယ်။ အဲ့ဒီလိုပဲ အရမ်းတိုးတက်နေတဲ့လုပ်ငန်းနယ်ပယ်ထဲမှာကိုယ်ကရှိနေလည်း ဘယ်သူမဆိုလုပ်တတ်တဲ့အလုပ်မျိုးဆိုရင် ဝင်ငွေတိုးဖို့မလွယ်ပါဘူး။
တိုးတက်နေတဲ့Industryမှာ ပုံမှန်လူမလုပ်တတ်တဲ့အလုပ်ကိုလုပ်ပြီဆိုရင် ဝင်ငွေထောင်တက်ပါတယ်။ (ဥပမာ, IT Industryမှာ Consultant၊ System Architectလုပ်တာမျိုး)
ဒီFormulaကိုသိပြီး ကိုယ့်ရဲ့Playground(လုပ်ငန်းနယ်ပယ်)နဲ့Position(Job Role)ကိုမှန်မှန်ကန်ကန်ရွေးချယ်နိုင်ရင် ဝင်ငွေတိုးGameမှာကိုယ့်ဘက်ကအလေးသာဖို့အရမ်းမခက်ခဲပါဘူး။
2023ရဲ့Industryတွေအလိုက်ပျမ်းမျှဝင်ငွေကိုအောက်ကLinkမှာကြည့်နိုင်ပါတယ်။(2024ရဲ့Dataကမထွက်သေးပါဘူး)
コメント