တစ်ခါတုန်းက ခရီးသွား၃ယောက်ဟာသင်္ဘောကြီးစီးပြီးပင်လယ်ထဲမှာခရီးသွားနေကြတယ်။ အဲ့ဒီအချိန်မှာ လေမုန်တိုင်းကြီးတိုက်ပြီးသင်္ဘောကအနည်းငယ်ပျက်စီးသွားတယ်။ အဲ့ဒါနဲ့သင်္ဘောမောင်းတဲ့သူက သင်္ဘောကိုပြင်ဖို့အတွက် နီးစပ်ရာကျွန်းမှာကမ်းကပ်လိုက်တယ်။ အဲ့ဒီကျွန်းဟာသစ်သီးဝလံတွေနဲ့ပြည့်နှက်နေတဲ့ကျွန်းဖြစ်နေတယ်။
သင်္ဘောမောင်းတဲ့သူက ပြင်တာပြီးဖို့အချိန်ဘယ်လောက်ကြာမယ်မသိကြောင်း၊ ပြင်ပြီးတာနဲ့ချက်ချင်းထွက်မှာဖြစ်ကြောင်းသင်္ဘောပေါ်ကခရီးသွားတွေဆီကြေငြာလိုက်တယ်။
ခရီးသွားAက မနေနိုင်မထိုင်နိုင်ဗိုက်ဆာလာလို့သင်္ဘောပေါ်ကဆင်းပြီး ကျွန်းပေါ်ကသစ်သီးဝလံတွေကိုစားသုံးနေခဲ့တယ်။ အဲ့ဒီလိုစားနေရင်း ကျွန်းပေါ်ကတောထဲမှာဆိုပိုကောင်းတဲ့သစ်သီးတွေရှိနိုင်တယ်ဆိုပြီးတောထဲကိုဝင်သွားခဲ့တယ်။
ခရီးသွားBက ဘယ်အချိန်သင်္ဘောထွက်မှာလဲမသိလို့ သင်္ဘောထွက်ချိန်မှာချန်ထားခံခဲ့ရမှာကြောက်ပြီး သင်္ဘောပေါ်ကနေလုံးဝမဆင်းဘဲအစာငတ်ခံခဲ့တယ်။
ခရီးသွားCက ဗိုက်ကလည်းဆာ၊ သင်္ဘောကရုတ်တရက်ထွက်သွားမှာလည်းကြောက်လို့ သင်္ဘောရဲ့အနီးနားတစ်ဝိုက်ကသစ်သီးတွေကိုပဲစားရင်း သင်္ဘောပြင်တာကိုစောင့်နေခဲ့တယ်။ သင်္ဘောပြင်တာပြီးလို့ကမ်းကနေထွက်ဖို့ပြင်ဆင်ချိန်မှာ သင်္ဘောပေါ်ကိုအလျင်အမြန်ပြန်တက်နိုင်အောင်လို့ပါ။
အဲ့ဒီလိုနဲ့သင်္ဘောကြီးကိုပြင်လို့ပြီးသွားပြီးကမ်းကနေထွက်တဲ့အချိန် ခရီးသွားAဟာတောနက်ထဲကိုရောက်နေလို့ မမှီလိုက်ဘဲ သင်္ဘောပေါ်ကိုခရီးသွားBနဲ့Cပဲပါသွားခဲ့ပါတယ်။ ခရီးသွားAဟာတစ်သက်လုံးကျွန်းပေါ်မှာပဲနေသွားခဲ့ရတယ်။ ကျွန်းကနေပြန်ထွက်လာပြီး သင်္ဘောနဲ့ပင်လယ်ထဲမှာရက်ပေါင်းများစွာခရီးသွားနေချိန် ခရီးသွားBဟာအာဟာရပြတ်တောက်ပြီးဆုံးပါးသွားခဲ့တယ်…
ကျွန်းပေါ်ကသစ်သီးဝလံ : အမြတ်
ခရီးသွားA : Riskအရမ်းယူလွန်းသူ
ခရီးသွားB : Riskလုံးဝမယူသူ
ခရီးသွားC : ကိုယ်အဆင်ပြေမယ့်Riskလောက်သာယူသူ
コメント