အခုနောက်ပိုင်း(အထူးသဖြင့်)လူငယ်အများစုတွေးကြတဲ့အတွေး ”ရာထူးမတက်ချင်ဘူး…”

ဒီအတွေးဟာလုံးဝမှားတယ်လို့မပြောချင်ပေမယ့် ရှေ့ဆက်လျှောက်လှမ်းသွားရမယ့်Careerအတွက် အန္တရာယ်တွေရှိတယ်ဆိုတာကိုတော့သိစေချင်တယ်။ အကြီးမားဆုံးအန္တရာယ်၂ခုရှိတယ်။
1️⃣ကိုယ့်ရဲ့Juniorကကိုယ့်အထက်လူကြီးဖြစ်လာရင် လုပ်ငန်းခွင်အတွင်းမှာနေရခက်လိမ့်မယ်။
လူဆိုတာအသက်ကြီးလာမှာပါ။ အသက်ကြီးလာလည်း ဘာရာထူးမှမရှိဘဲရိုးရိုးဝန်ထမ်းပဲဆိုရင် ကိုယ့်ကိုကျော်တက်သွားတဲ့သူတွေရှိလာမှာပဲ။ ကိုယ့်ကိုကျော်တက်သွားတဲ့သူက ကိုယ်ပြုစုပျိုးထောင်လိုက်တဲ့Juniorဆိုရင်? အဲ့ဒီJuniorက ကိုယ့်ရဲ့အထက်လူကြီးဖြစ်လာရင်? ကိုယ်ဟာအနည်းနဲ့အများမာနရှိတဲ့သူဆိုရင်ဒီအခြေအနေကိုကြာကြာခံနိုင်မှာမဟုတ်ဘူး။ ကိုယ့်အထက်လူကြီးရဲ့အမိန့်တွေ ညွှန်ကြားချက်တွေကိုလည်း အမြဲတမ်းတသွေမတိမ်းလိုက်နာနိုင်မှာမဟုတ်ဘဲ တဖြည်းဖြည်းနဲ့လုပ်ငန်းခွင်မှာနေရထိုင်ရခက်လာလိမ့်မယ်။ အဲ့ဒီအချိန်ကျမှအလုပ်ပြောင်းဖို့လုပ်တဲ့အခါ အသက်ကြီးတဲ့ရိုးရိုးဝန်ထမ်းတစ်ယောက်ဟာ အလုပ်ကောင်းကောင်းရဖို့လွယ်ကူနိုင်ပါ့မလား??? ဒီလိုအခြေအနေတွေကိုသေသေချာချာတွေးပြီးဆုံးဖြတ်ပါ။
2️⃣အလုပ်ဖြုတ်ခံရနိုင်ခြေများတယ်။
ဂျပန်မှာဝန်ထမ်းကိုအလုပ်ဖြုတ်လို့မရဘူးလို့မထင်ပါနဲ့။ 早期退職募集(စောစောအလုပ်ထွက်ဖို့ခေါ်ဆိုခြင်း)ဆိုတဲ့စနစ်နဲ့ဝန်ထမ်းတွေကိုရှင်းထုတ်တာမျိုးလုပ်ပါတယ်။ ကုမ္ပဏီရဲ့အခြေအနေကောင်းနေရဲ့သားနဲ့တောင် ဝန်ထမ်းတွေကိုရှင်းထုတ်တာမျိုးတွေလုပ်လာကြပါပြီ။ အဲ့ဒီလိုရှင်းထုတ်တဲ့အခါ အသက်ကြီးတဲ့သူနဲ့အသက်ငယ်တဲ့သူဆိုရင် အနာဂတ်အများကြီးမကျန်တော့တဲ့အသက်ကြီးတဲ့သူတွေကိုTargetထားတာများပါတယ်။ များသောအားဖြင့် 早期退職募集(စောစောအလုပ်ထွက်ဖို့ခေါ်ဆိုခြင်း)ကိုကြည့်လိုက်ရင် အသက်၄၀အထက်ဝန်ထမ်းကိုပဲထွက်ခွင့်ပြုမယ်ဆိုတဲ့သတ်မှတ်ချက်ပါ,ပါတယ်။
ရာထူးတက်မှ ဘဝမှာအစစအရာရာအဆင်ပြေမယ်လို့ပြောတာမဟုတ်ပါဘူး။ ရာထူးတက်ဖို့မကြိုးစားဘူးလို့ဆုံးဖြတ်ထားရင် “အနာဂတ်မှာ ငါ့ဆီကနေလူတွေအတွက် ဘယ်လိုတန်ဖိုး(Value)တွေပေးနိုင်မလဲ?” လို့သေသေချာချာစဉ်းစားပါ။ မဟုတ်ရင် အရမ်းအန္တရာယ်များပါတယ်။
ကျွန်တော့်ဆီမှာရာထူးတက်ဖို့အတွက်ကြိုးစားနည်းတွေရှိပါတယ်။ လိုအပ်ရင် Career Advisor Serviceမှာတိုင်ပင်နိုင်ပါတယ်။

コメント