【ကိုယ့်အနီးအနားမှာမထားသင့်သောလူ】

စိတ်ပညာရှင်Adam Grantရေးတဲ့『Give & Take』ဆိုတဲ့စာအုပ်မှာ အောင်မြင်နိုင်ခြေများတဲ့သူဟာဘယ်လိုလူမျိုးလဲဆိုတာကို အမျိုးအစားခွဲပြီးဖော်ပြထားတယ်။

Screenshot

ဒီစာအုပ်ထဲမှာ အောင်မြင်နိုင်ခြေအများဆုံးလူဟာ တစ်ဖက်လူကိုပေးကမ်းတဲ့သူ၊ ကူညီတဲ့သူပါလို့ရေးထားတယ်။ အဲ့ဒီလိုလူမျိုးကို”Giver”လို့ခေါ်တယ်။

ဒုတိယအောင်မြင်နိုင်ခြေအများဆုံးလူက ကိုယ့်ဘက်ကပေးတာနဲ့ တစ်ဖက်လူဆီကယူတာကိုမျှမျှတတစဉ်းစားတဲ့”Matcher”ပါ။

တစ်ဖက်လူဆီကနေ ယူဖို့ပဲစဉ်းစားတဲ့”Taker”တွေကတော့ အောင်မြင်နိုင်ခြေနည်းတယ်လို့ရေးထားပါတယ်။ အောင်မြင်ရင်တောင်မှ ခဏတာသာအောင်မြင်နိုင်ပြီးရေရှည်အောင်မြင်ဖို့မဖြစ်နိုင်တဲ့သူတွေပါလို့ဆိုတယ်။

ဒီလူ၃မျိုးနဲ့မပြီးသေးဘဲ “Taker”ထက်တောင်အောင်မြင်နိုင်ခြေအနည်းဆုံးလူရှိပါသေးတယ်။ အဲ့ဒီလူကတော့ “Takerတွေဝန်းရံခံထားရတဲ့Giver”ပါ။ “Giver”ဖြစ်တိုင်းအောင်မြင်တာမဟုတ်ဘဲ ကိုယ့်မှာရှိတဲ့Resource(အချိန်၊ ငွေကြေး၊ စိတ်ခွန်အား၊ ကိုယ်အင်အား)တွေကို “Taker”တွေဆီကနေစုပ်ယူခံနေရတဲ့”Giver”ဟာ တဖြည်းဖြည်းနဲ့လုံးပါးပါးပြီး အောင်မြင်မှုလမ်းကြောင်းကနေအဝေးဆုံးကိုလွင့်စင်သွားတတ်ကြပါတယ်။

အဲ့ဒါကြောင့် လူမှုဆက်ဆံရေး(人間関係)မှာ ပထမဦးဆုံးကိုယ့်အနီးအနားက”Taker”လိုလူတွေကိုဖယ်ရှားရှင်းလင်းပါ။

(ကျွန်တော်ကတော့ “အဆိုးမြင်ဝါဒီလူ”တွေကိုလည်း ကျွန်တော်တို့ဆီကစိတ်ခွန်အားတွေကိုစုပ်ယူတတ်လို့ “Taker”အနေနဲ့သတ်မှတ်တယ်။)

အဲ့ဒီလိုကိုယ့်အနီးအနားပတ်ဝန်းကျင်ကိုသန့်ရှင်းရေးလုပ်ပြီးပြီဆိုရင်တော့ “Giver”တစ်ယောက်အနေနဲ့နေထိုင်သွားရင်  (ဒီစာအုပ်ရဲ့အဆိုအရ)အောင်မြင်နိုင်ခြေများတဲ့လူအမျိုးအစားထဲရောက်သွားမှာပါ။

Amazon.co.jp

コメント

タイトルとURLをコピーしました