(Pair Loan : နှစ်ယောက်စလုံးအလုပ်လုပ်နေတဲ့လင်မယားစုံတွဲကအိမ်ဝယ်ဖို့အတွက် ယောကျ်ားရောမိန်းမပါအကြွေးယူတဲ့ပုံစံ(ဥပမာ, သောင်း3,000တန်အိမ်ကိုဝယ်ဖို့ ယောကျ်ားကသောင်း1,500၊ မိန်းမကသောင်း1,500ချေးယူခြင်း)။ အိမ်ကိုပူးတွဲနာမည်နဲ့ပိုင်ဆိုင်ပြီး၊ ယူထားတဲ့အကြွေးအတွက်တစ်ယောက်နဲ့တစ်ယောက်က”အာမခံသူ(連帯保証人)”ဖြစ်ပါတယ်။)
လုံးဝRecommandမပေးပါ။ Pair Loanယူတယ်ဆိုတာ
- ကွာရှင်းဖို့မရှိခြင်း
- ယောကျ်ားနဲ့မိန်းမထဲကတစ်ယောက်ယောက်က အကြွေးယူထားတဲ့ကာလတစ်လျှောက်လုံး ဝင်ငွေလျော့ကျမှုမရှိခြင်း
ဒီ၂ချက်ကိုClearဖြစ်ရပါမယ်။
ချစ်ကြိုက်နေတုန်းမှာတော့ ဘယ်သူမှကွာရှင်းဖို့မစဉ်းစားထားကြပေမယ့် ရုတ်တရက်အကျင့်စရိုက်တွေပြောင်းလဲသွားတာ၊ နှစ်ယောက်ကြားထဲမှာအခြားတစ်ယောက်ကဝင်လာတာ စတာတွေကိုခဏခဏမြင်ရကြားရနေတဲ့ခေတ်ကြီးပါ…
တစ်ယောက်တည်းအကြွေးယူရင်တောင် ပြန်ဆပ်ဖို့ကြိုးစားရတဲ့ခေတ်ကြီးမှာ နှစ်ယောက်စာအကြွေးယူပြီး နှစ်ယောက်စလုံးကာလရှည်ဝင်ငွေမလျော့ဘဲအကြွေးဆပ်နိုင်ဖို့ဆိုတာ တော်တော်လေးခက်ခဲတဲ့ကိစ္စပါ။ ကလေးမွေးတာ၊ ရောဂါအနာတရဖြစ်တာ၊ အလုပ်ကိစ္စအဆင်မပြေတာ၊ ကမ္ဘာ့စီးပွါးရေး/ ဂျပန်စီးပွါးရေးကျဆင်းတာ စသဖြင့်ဝင်ငွေလျော့ဖို့အကြောင်းတွေဆိုတာအများကြီးပါ။
နှစ်ယောက်စလုံးဝင်ငွေကောင်းပြီး တစ်ယောက်တည်းရဲ့ဝင်ငွေနဲ့လည်း အေးအေးဆေးဆေးပြန်ဆပ်နိုင်တဲ့အကြွေးပမာဏလောက်ကို အခွန်သက်သာစေဖို့Pair Loanယူတာဆိုရင်တော့ စဉ်းစားရင်စဉ်းစားပါ။ (ဒါတောင် သိပ်အားမပေးပါဘူး)
တစ်ယောက်တည်းရဲ့ဝင်ငွေနဲ့ပြန်မဆပ်နိုင်တဲ့အကြွေးမို့လို့ နှစ်ယောက်ပေါင်းပြီးအကြွေးယူမယ့်Pair Loanကိုတော့လုံးဝအားမပေးပါ။
ကိုယ့်အတိုင်းအထွာ၊ ကိုယ့်အတိုင်းအတာလေးနဲ့ကိုက်ညီတဲ့ဘဝကအပူအပင်ကင်းပါတယ်။

コメント