【Careerခရီးရှည်ကြီးမှာStressကိုဘယ်လိုControlလုပ်မလဲ】

Careerတစ်ခုကိုရေရှည်တည်ဆောက်တဲ့နေရာမှာ Stress Controlက အရမ်းကိုအရေးကြီးပါတယ်။ Stressဆိုတာ”တိုးတက်ဖို့အတွက်လိုအပ်တဲ့အရာတစ်ခု” လို့မြင်ပါတယ်။ Gymမှာကြွက်သားကြီးထွားဖိုအတွက် အလေးမပြီးStress(ဝန်)ပေးရသလိုပါပဲ။ မာကျောသန်မာချင်ရင် Stressဆိုတာလုံးဝမရှိလို့မရပါဘူး။ အဓိက,က “Stressကို ဘယ်လို Controlလုပ်မလဲ?”ဆိုတာပါပဲ။

ကျွန်တော်ကိုယ်တိုင်သုံးလေ့ရှိတဲ့ Stressလျှော့ချနည်းတစ်ခုရှိတယ်။ အဲ့ဒါကတော့ “မျက်စိရှေ့မှာမြင်တွေ့နေရတဲ့အရာနဲ့ပါတ်သက်ပြီးစဉ်းစားစိုက်ကြည့်ခြင်း”ပါပဲ။

Stressတွေအရမ်းများလာတဲ့အခါ လူတွေကကိုယ့်ကိုStressပေးနေတဲ့အကြောင်းအရာ(ပြဿနာ)တွေကိုပဲ ခေါင်းထဲမှာထပ်ခါထပ်ခါတွေးမိတတ်ကြပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ အဲ့ဒီစိတ်ဖိစီးမှုတွေဆွဲခေါ်ရာကိုမပါသွားဘဲရုန်းထွက်ဖို့အတွက် မျက်စိရှေ့မှာမြင်နေရတဲ့အရာတစ်ခုခုကိုပဲ အာရုံစိုက်လိုက်တာပါ။ ဥပမာ, မျက်စိရှေ့မှာစားပွဲခုံကိုတွေ့ရင် ဒီစားပွဲခုံကဘာနဲ့လုပ်ထားတာလဲ? ဘယ်Makerကထုတ်တာလဲ? ဘယ်နိုင်ငံကလဲ?စသဖြင့်တွေးကြည့်လိုက်တာပါ။

အဲ့ဒီနည်းနဲ့ဘာလို့Stressကလျော့သွားနိုင်တာလဲ?

လူတွေဟာStressများလာရင် ဦးနှောက်ထဲမှာ အဲ့ဒီပြဿနာတွေကိုပဲ အကြိမ်ကြိမ်အထပ်ထပ် ပြန်နွှေးနေတတ်ကြပါတယ်(ဒါကိုRuminationလို့ခေါ်ပါတယ်)။ အဲ့ဒီအချိန်မှာ မျက်စိရှေ့ကအရာတွေဆီကို အာရုံပြောင်းလိုက်တဲ့အခါ ဦးနှောက်ရဲ့Attention(အာရုံစိုက်မှု)ကို အတင်းအကျပ်လမ်းကြောင်းပြောင်းပေးလိုက်သလိုဖြစ်သွားပါတယ်။ အကျိုးဆက်အနေနဲ့ ခေါင်းထဲမှာပတ်လည်ရိုက်နေတဲ့ Stressအတွေးကွင်းဆက်တွေကို ဖြတ်တောက်လိုက်နိုင်ပြီး၊ ကိုယ့်ရဲ့စိတ်ကိုယခုလက်ရှိပစ္စုပ္ပန်ဆီကို ပြန်လည်ဆွဲခေါ်ပေးနိုင်ပါလိမ့်မယ်။

Stressဆိုတာရန်သူမဟုတ်ပါဘူး။ ကိုယ့်ကိုပိုမိုသန်မာလာစေမယ့် “Weight(အလေး)”ပါ။ တစ်ခုတော့ရှိတယ်။ Weight(အလေး)မပိဖို့တော့ Controlလုပ်တတ်ဖို့လိုပါတယ်။

コメント

タイトルとURLをコピーしました