ငယ်ရွယ်တုန်းမှာInvestmentမလုပ်တဲ့သူဟာ မသေခင်နောက်ဆုံးအချိန်အထိအလုပ်လုပ်မယ်လို့စဉ်းစားထားသူပဲ။ ဒါမှမဟုတ် တစ်ယောက်ယောက်က ကိုယ့်ကိုတင်ကျွေးထားဖို့မျှော်လင့်နေသူပဲ။
အသက်ငယ်တုန်းမှာ အနာဂတ်အတွက်Investmentမလုပ်ထားမှတော့ အိုတဲ့အခါဘာနဲ့သွားသုံးမလဲ?
မသေခင်နောက်ဆုံးအချိန်အထိအလုပ်မလုပ်ချင်ဘူး၊ သူတပါးဆီမှာတင်ကျွေးခံပြီးသူတပါးရဲ့မျက်နှာကြည့်ပြီးတော့မရှင်သန်ချင်ဘူးဆိုရင် ငယ်ရွယ်တုန်းမှာInvestmentလုပ်ပါ။
သေဆုံးတာထက်ဆိုးရွားတာရှိတယ်။ အဲ့ဒါက ငွေကြေးမရှိဘဲနဲ့ဇရာကိုရင်ဆိုင်ရတာပဲ။
ပမာဏကြီးကြီးမားမားမဟုတ်ရင်တောင် ငယ်တုန်းမှာစတင်ထားဖို့ပဲလိုတာပါ။
မသေခင်အချိန်ထိအလုပ်မလုပ်ချင်ဘူး၊ သူတစ်ပါးကိုအားကိုးပြီး မရှင်သန်ချင်ဘူးဆိုရင် ငယ်ရွယ်တုန်းမှာ Investmentစလုပ်ရပါမယ်။
အဲ့ဒါဆိုဘယ်လိုစလုပ်ရမလဲ?
Professional Tennisပွဲတွေမှာအနိုင်ရသူက အံ့သြစရာကောင်းတဲ့Shotတွေနဲ့ အမှတ်တွေကိုရယူပြီး နိုင်တာပါ။ ဒါကို “Winner’s Game”လို့ခေါ်တယ်။ ဒါပေမယ့်, Amateur Tennisမှာတော့ပြောင်းပြန်။ ရှုံးတဲ့သူကကိုယ်တိုင်အမှားတွေ အများကြီးလုပ်မိလို့ရှုံးတာပါ။ ဒါကြောင့် Amateurပွဲကို “Loser’s Game”လို့ခေါ်တယ်။
Investmentကိုအခုမှစတင်မယ့်သူတွေလည်းအတူတူပါပဲ။ အရေးကြီးတာက”အများကြီးမြတ်ဖို့”မဟုတ်ပါဘူး။ “မရှုံးဖို့”ပါ။
Investmentမှာအောင်မြင်တဲ့သူဆိုတာ အံ့ဩစရာShotတွေရိုက်နိုင်တဲ့သူမဟုတ်ပါဘူး။ အမှားတွေမလုပ်တဲ့သူပါ။ ကွင်းထဲမှာအမြဲဘောလုံးရှိနေပြီး အမှားကြီးကြီးမလုပ်မိရင် အချိန်ကကိုယ့်ဘက်မှာ ရှိပါတယ်။

コメント