အလုပ်ပြောင်းဖို့စိတ်ကူးမရှိသေးလည်း ကိုယ့်ရဲ့ Market Value(ဈေးကွက်တန်ဖိုး)ကိုတော့ သိထားသင့်ပါတယ်။ အရင်တစ်ခါက TechLead IT Engineerတွေအတွက်သင့်တော်တဲ့”Findy”ကိုမိတ်ဆက်ခဲ့ပါတယ်။ ဒီတစ်ခါမိတ်ဆက်မှာက High Class Positionကလစာမြင့်တဲ့အလုပ်တွေကိုရှာလို့ရတဲ့Serviceဖြစ်တဲ့ビズリーチ (BizReach) ပါ။
■ Service အကြောင်း
BizReachဆိုတာ တစ်နှစ်ဝင်ငွေသောင်း၆၀၀အထက်အလုပ်တွေကို အဓိကကိုင်တွယ်တဲ့ ScoutပုံစံServiceတစ်ခုပါ။ 職務経歴書(CV)ကို မှတ်ပုံတင်ထားရင် ကုမ္ပဏီတွေနဲ့Headhunterတွေဘက်ကစိတ်ဝင်စားရင် တိုက်ရိုက်Scoutပို့လာလိမ့်မယ်။ BizReachက ITတင်မက အခြားIndustryတွေကိုလည်းကိုင်တွယ်ပါတယ်။
■ ထူးခြားချက်
•ဝန်ထမ်းရှာနေတဲ့ကုမ္ပဏီတွေအပြင် အလုပ်
မိတ်ဆက်ပေးတဲ့Agent(Headhunter) ၅,၀၀၀ကျော်ကနေလည်း Scoutလာပါတယ်။
•BizReachမှာမှတ်ပုံတင်ဖို့ 審査(စစ်ဆေးမှု)ရှိတယ်။
•Manager, PM, IT Consultant, DX推進လို High Class Positionတွေများတယ်။
■ ဘယ်သူတွေနဲ့ကိုက်ညီလဲ
•တစ်နှစ်ဝင်ငွေသောင်း၆၀၀အထက် ရည်မှန်းထားတဲ့သူတွေ
•Manager, Consultant, PMလိုမျိုး Managementပိုင်းကိုပိုပြီး Career Upလုပ်ချင်တဲ့သူတွေ
•SIer, SESကုမ္ပဏီတွေကိုစိတ်ဝင်စားသူတွေ
•ကိုယ့်ဘက်ကနေJob Huntingစမလုပ်ဘဲ Scoutကနေကိုယ့်တန်ဖိုးကိုအရင်သိထားချင်တဲ့သူတွေ
■ ဘယ်သူတွေနဲ့မကိုက်ညီဘူးလဲ
•IT Engineerအတွေ့အကြုံ၊ Managementအတွေ့အကြုံနည်းသေးတဲ့သူတွေ(審査မအောင်နိုင်တာများပါတယ်)
•IT Engineer Careerကိုအခုမှစမယ့်သူတွေ
•CV/Interviewအတွက်ပြင်ဆင်ဖို့ Supportလိုအပ်သူတွေ ※မပူပါနဲ့ ကျွန်တော်နဲ့တိုင်ပင်ပါ😁
■ အားနည်းချက်
•မှတ်ပုံတင်ဖို့審査(အစစ်အဆေး)ရှိပါတယ်။ အတွေ့အကြုံပေါ်မူတည်ပြီး မအောင်ဘဲမှတ်ပုံတင်လို့မရတာမျိုးလည်းရှိတယ်။
•အခမဲ့Planမှာတော့ သာမန်Scoutကိုပြန်ဖြေတာတော့လုပ်လို့ရပေမယ့် တကယ်ကောင်းတဲ့အလုပ်တချို့ကိုကြည့်လို့မရအောင်ကန့်သတ်ထားပါတယ်။ BizReachရဲ့Functionအားလုံးသုံးချင်ရင် Premium Plan(လစဉ်¥၅,၄၇၈~) လိုပါတယ်။
•ဝန်ထမ်းရှာနေတဲ့ကုမ္ပဏီတွေအပြင် AgentတွေဆီကပါScoutတွေပို့လွန်းလို့ ရွေးရတာအချိန်ပေးရတယ်။
BizReachကိုသုံးရင် ကိုယ့်ဘက်ကနေစပြီးJob Huntingမလုပ်ဘဲနဲ့ High Classဈေးကွက်က ကိုယ့်ကိုဘယ်လိုမြင်လဲဆိုတာသိနိုင်လို့ ရှေ့လျှောက်ကိုယ့်ရဲ့Career ကို ဘယ်လိုပိုပြီးမြှင့်ရမလဲဆိုတာ မြင်လာပါလိမ့်မယ်။
✅BizReachမှာမှတ်ပုံတင်ပြီး High Classဆီလှမ်းဖို့အတွက် လိုအပ်ရင်ဆွေးနွေးတိုင်ပင်ဖို့ ကျွန်တော့်ရဲ့Career Advice Serviceရှိပါတယ်။

コメント