Posted on Facebook : 2023/9/17
※ဘာလို့ဂျပန်မှာStock share(Index fund)ရင်းနှီးမြှုတ်နှံမှုကိုစတင်သင့်တာလဲ?
ဂျပန်ဟာအခွန်နှုန်းမြင့်မားမှုမှာနာမည်ကြီးပါတယ်။ အခွန်နှုန်းမြင့်မားရုံတင်မက ဝင်ငွေများရင်များသလောက် အမြတ်များရင်များသလောက် အခွန်တိုးဆောင်ရတဲ့စနစ်ကိုကျင့်သုံးပါတယ်။ ပုံမှာပြထားသလို လခစားဝန်ထမ်း(ကုမ္ပဏီဝန်ထမ်း, အချိန်ပိုင်းလုပ်သား)တစ်ဦးဟာ ဝင်ငွေများရင်များသလောက် ဆောင်ရတဲ့အခွန်လည်းတိုးလာပါတယ်။
ဒါ့အပြင် ဝင်ငွေများလာတာနဲ့အမျှ လစဉ်ဆောင်ရတဲ့ကျန်းမာရေးအာမခံကြေးတွေ ပင်စင်ကြေးတွေပါမြင့်တက်လာပါတယ်။
ဒါပေမယ့်, ရတဲ့အမြတ်ဘယ်လောက်များများ ဆောင်ရတဲ့အခွန်ကတစ်သတ်မတ်တည်းဖြစ်နေတဲ့အခွန်ရှိတယ်။ အဲ့ဒီအခွန်က Stock share, Bond, ဘဏ်တိုး စတာတွေရဲ့အမြတ်ပေါ်မှာကျသင့်တဲ့အခွန်ပါ။ Stock share, Bond, ဘဏ်တိုး စတာတွေမှာ အမြတ်ငွေဘယ်လောက်ရရ အမြတ်ငွေရဲ့20.315%(တစ်သတ်မတ်တည်း)ဆောင်ရပါတယ်။ ပြီးတော့ အဲ့ဒီကရတဲ့အမြတ်ငွေတွေကို ကျန်းမာရေးအာမခံကြေးတွေ ပင်စင်ကြေးတွေတွက်တဲ့အခါမှာ ထည့်မတွက်ပါဘူး(ဘယ်လောက်မြတ်မြတ် ကျန်းမာရေးအာမခံကြေး၊ ပင်စင်ကြေးတွေမတက်ဘူး)။အခွန်နှုန်း20.315%ဆိုတာ ပုံမှာပြထားတဲ့အတိုင်းတစ်နှစ်စာဝင်ငွေ(所得)သောင်း330ရှိတဲ့လူတစ်ယောက်ရဲ့အခွန်နှုန်းသာသာပဲရှိပါတယ်။
အလုပ်လုပ်ပြီးပိုက်ဆံရှာရင်ရှာသလောက် အခွန်အခတွေတိုးဆောင်ရပေမယ့် Stock share, Bond, ဘဏ်တိုး စတာတွေရဲ့အမြတ်ပေါ်မှာကျသင့်တဲ့အခွန်ကတစ်သတ်မတ်တည်းဆိုတော့ အလုပ်ကိုနင်းကန်လုပ်ပြီးဝင်ငွေအရမ်းတိုးအောင်ကြိုးစားတာထက် အတန်အသင့်အနေအထားလောက်မှာရပ်ပြီး Stock share, Bond, ဘဏ်တိုး စတာတွေနဲ့တိုးပွါးအောင်လုပ်တာကပိုပြီးထိရောက်တယ်။
အဲ့ဒါဆို Stock share, Bond, ဘဏ်တိုး စတာတွေထဲကဘာကိုရွေးမလဲ? Stock share(Index fund)မှာရင်းနှီးမြှုတ်နှံတာအကောင်းဆုံးလို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ရလာမယ့်Returnနဲ့ တိုးတက်မှုအလားအလာကြောင့်ပါ။ ဒီ၃ခုမှာ ရလာနိုင်တဲ့Return percentအများဆုံးကStock share(Index fund)ပါ။ ပြီးတော့ကမ္ဘာ့စီးပွါးရေးဟာ တစ်ကမ္ဘာလုံးစီးပွါးပျက်ကပ်မကြုံသ၍ တိုးတက်ပြီးရင်းတိုးတက်တာကြောင့် Stock share(Index fund)မှာရင်းနှီးမြှုတ်နှံတာက Riskအရမ်းမများဘဲနဲ့စတင်လို့ရတယ်လို့ယူဆတယ်။ ဒါ့အပြင် iDeCoတို့ NISAတို့လိုစနစ်တွေကိုသုံးရင် Stock shareကနေရလာတဲ့အမြတ်တွေအတွက်အခွန်(20.315%)ဆောင်စရာမလိုပါဘူး။
ဂျပန်ဟာအခွန်နှုန်းမြင့်မားပါတယ်။ အခွန်ကို(ဘောင်ထဲကနေ)Controlလုပ်နိုင်တဲ့သူဟာ ထိထိရောက်ရောက်နဲ့ဝင်ငွေတိုးပွါးအောင်လုပ်နိုင်ပါလိမ့်မယ်။
コメント