ဒီမေးခွန်းရဲ့အဖြေက “ငွေကြေးစုဆောင်းခြင်းကကောင်းတယ်”၊ “မဟုတ်ဘူး စတော့ရှယ်ယာမှာရင်းနှီးမြှုပ်နှံတာကပိုကောင်းတာ” ဆိုတဲ့ အဖြူအမဲသတ်မှတ်ချက်မျိုးမဟုတ်ပါဘူး။ “ဒီငွေတွေကိုဘာအတွက်သုံးမှာလဲ၊ ဘယ်အချိန်မှာသုံးမှာလဲ” ဆိုတဲ့ ရည်ရွယ်ချက်နဲ့အချိန်ကာလပေါ်မူတည်ပြီး ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကို မှန်ကန်စွာခွဲဝေတတ်ဖို့ (Asset Allocation)ကအဓိကပါ။

⏰ကာလတို (၃နှစ်လောက်အတွင်း)
ငွေကြေး(Currency): စျေးနှုန်းအတက်အကျ နည်းပါးလို့ကာလတိုအတွင်းအသုံးစရိတ်တွေအတွက် ပြင်ဆင်ထားဖို့သင့်တော်ပါတယ်။
စတော့ရှယ်ယာ(Stocks): စျေးနှုန်းအတက်အကျ ကြီးမားလို့ ကာလတိုအသုံးစရိတ်တွေအတွက် အသုံးပြုဖို့မသင့်တော်ပါဘူး။
🗓️ကာလရှည် (၁၀နှစ်နှင့်အထက်)
ငွေကြေး(Currency): ရာဇဝင်အရတန်ဖိုးကျဆင်းဖွယ်ရှိပါတယ်။ ဒါကြောင့် ရေရှည်မှာကိုယ့်ရဲ့ဓနဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ပြီးတိုးပွါးအောင်လုပ်ဖို့အတွက် မသင့်တော်ပါဘူး။
စတော့ရှယ်ယာ(Stocks): ရေရှည်မှာ တန်ဖိုးမြင့်တက်လာမယ့်ဖြစ်နိုင်ချေများတဲ့အတွက် ဓနဥစ္စာကိုရေရှည်ထိန်းသိမ်းပြီး တိုးပွားအောင်လုပ်ဖို့ သင့်တော်ပါတယ်။
💡Asset Allocationရဲ့အနှစ်သာရ
ကာလတိုမှာအသုံးပြုမယ့်ငွေ (ဥပမာ – အရေးပေါ်ကျန်းမာရေးစရိတ်၊ မကြာခင်သုံးစွဲမယ့်လူမှုရေးအသုံးစရိတ်)အတွက်ဆိုရင်တော့ စျေးနှုန်းအတက်အကျမရှိ(သလောက်နည်း)တဲ့ “ငွေသား”ကိုစုဆောင်းတာက အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ၁၀နှစ်ထက်ကျော်လွန်တဲ့ ရေရှည်ကာလအတွက်ဆိုရင်တော့ ငွေကြေးရဲ့တန်ဖိုးဟာ (ငွေဖောင်းပွမှုကြောင့်/ကုန်စျေးနှုန်းမြင့်တက်မှုကြောင့်) ကျဆင်းသွားနိုင်တာမို့၊ ရေရှည်မှာ ဓနဥစ္စာ တိုးပွါးဖို့အတွက်ဆိုရင် “စတော့ရှယ်ယာ”လိုမျိုးရင်းနှီးမြှုပ်နှံမှုတွေက ပိုမိုသင့်တော်ပါတယ်။ ဒါကြောင့်မို့လို့ ဘယ်အရာကကောင်းတယ်/မကောင်းဘူးဆိုတာထက်၊ ကိုယ့်ရဲ့ရည်ရွယ်ချက်နဲ့အချိန်ကာလပေါ် မူတည်ပြီး ငွေကြေးနဲ့စတော့ရှယ်ယာ(လိုမျိုးပစ္စည်းတွေ)ကို မျှတစွာခွဲဝေရင်းနှီးမြှုပ်နှံဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။

コメント