၂၀၂၄မှာစတင်တဲ့”New NISA”ဆိုသည်မှာ…

Posted on Facebook : 2023/12/2

NISAဆိုတာStock Shareတွေ၊ Investment Trustတွေမှာရင်းနှီးမြှုပ်နှံပြီးရလာတဲ့အမြတ်တွေကိုအခွန်ကင်းလွတ်ခွင့်ပေးတဲ့စနစ်ပါ။ ပုံမှန်ဆိုရင် ရလာတဲ့အမြတ်ထဲကနေ၂၀%ကိုအခွန်ဆောင်ရပေမယ့် NISAစနစ်ကိုသုံးရင် အခွန်တစ်ပြားမှဆောင်စရာမလိုဘူး။ အဲ့ဒီNISAစနစ်ဟာ၂၀၂၄ကနေစပြီးLevelUpဖြစ်ကာအသွင်ပြောင်းတော့မယ်။

•တစ်နှစ်စာရင်းနှီးမြှုပ်နှံမှုပမာဏ
လက်ရှိNISAမှာတစ်နှစ်ကိုသောင်း၁၂၀(積立NISAဆိုရင်သောင်း၄၀)အထိပဲရင်းနှီးမြှုပ်နှံလို့ရပေမယ့် New NISAမှာဆိုရင်တစ်နှစ်ကိုသောင်း၃၆၀(積立:၁၂၀, 成長投資:၂၄၀)အထိရင်းနှီးမြှုပ်နှံလို့ရတယ်။

•တစ်သက်စာရင်းနှီးမြှုတ်နှံမှုပမာဏ
တစ်နှစ်ကိုသောင်း၃၆၀အထိရင်းနှီးမြှုပ်နှံလို့ရပေမယ့် တစ်သက်စာအနေနဲ့ဆိုရင်သောင်း၁,၈၀၀အထိပဲရင်းနှီးမြှုပ်နှံလို့ရတယ်။
*အရင်းကသောင်း၁,၈၀၀အထိပါ။ အမြတ်ကဘယ်လောက်တိုးတိုး ပြဿနာမရှိ။
အကယ်၍ အမြတ်ရနေလို့ထုတ်ရောင်းလိုက်ရင် ထုတ်ရောင်းလိုက်တဲ့အရင်းပမာဏကပြန်Recoverဖြစ်ပါတယ်။ လက်ရှိNISAမှာကပြန်Recoverမဖြစ်ပါဘူး။

•အခွန်ကင်းလွတ်ခွင့်ကာလ
လက်ရှိNISAကအခွန်ကင်းလွတ်ခွင့်၅နှစ်(積立NISAဆိုရင်နှစ်၂၀)အထိပဲရှိပေမယ့် New NISAမှာတော့ကာလအကန့်အသတ်မရှိတော့ဘူး။

•လက်ရှိNISAမှာရှိတဲ့ပိုင်ဆိုင်မှု
လက်ရှိNISAမှာရှိတဲ့ပိုင်ဆိုင်မှုနဲ့New NISAရဲ့ပိုင်ဆိုင်မှုကသက်သက်ဆီဖြစ်တဲ့အတွက် New NISAရဲ့တစ်သက်စာရင်းနှီးမြှုပ်နှံမှုပမာဏထဲမှာCountလုပ်မခံရပါဘူး။ လက်ရှိNISAမှာရှိတဲ့ပိုင်ဆိုင်မှုတွေကို အခွန်ကင်းလွတ်ခွင့်ရတဲ့ကာလအထိပိုင်ဆိုင်ထားလို့ရတယ်။ ၂၀၂၄ကနေစပြီးလက်ရှိNISAမှာဆက်လက်ပြီးရင်းနှီးမြှုပ်နှံလို့တော့မရတော့ပါဘူး။ New NISAမှာပဲဆက်ပြီးရင်းနှီးမြှုပ်နှံသွားရမှာပါ။

အခွန်နှုန်းမြင့်မားတဲ့ဂျပန်လိုနိုင်ငံက အခွန်ကင်းလွတ်ခွင့်ပမာဏကိုတိုးပြီးနဲ့အခွန်ကင်းလွတ်ခွင့်ကာလကိုအကန့်အသတ်မရှိလုပ်ပေးလိုက်တာမို့လို့ လူတိုင်းအကျိုးရှိရှိအသုံးချသင့်တယ်လို့ထင်ပါတယ်။

S&P500ရဲ့လွန်ခဲ့တဲ့နှစ်၃၀ပျမ်းမျှနှစ်စဉ်အမြတ်က၉%ရှိပါတယ်။ အခုကနေစပြီးတစ်နှစ်ကိုသောင်း၁၂၀ S&P500မှာရင်းနှီးမြှုပ်နှံပြီး နှစ်စဉ်ပျမ်းမျှ၉%အမြတ်ရမယ်ဆိုပါစို့။
နှစ်၂၀ကြာတဲ့အခါ အရင်းကသောင်း၂,၄၀၀၊ အမြတ်ကသောင်း၄,၂၇၀၊ စုစုပေါင်းသောင်း၆,၆၇၀ကိုအခွန်တစ်ပြားမှဆောင်စရာမလိုဘဲ လက်ထဲရောက်လာမှာပါ။

コメント

タイトルとURLをコピーしました