【2023ခုနှစ်ရဲ့တစ်နှစ်စာပျမ်းမျှဝင်ငွေ】

ဂျပန်ကပုဂ္ဂလိကကုမ္ပဏီတွေမှာအလုပ်လုပ်တဲ့Salarymanတွေ၊ Part timeလုပ်သားတွေရဲ့2023ခုနှစ်ပျမ်းမျှဝင်ငွေဟာတစ်နှစ်ကိုသောင်း460လို့ အမျိုးသားအခွန်အေဂျင်စီ(国税庁)ကထုတ်ပြန်လိုက်ပါတယ်။

(ဝင်ငွေပေါ်မူတည်ပြီးအခွန်ကောက်တဲ့သူတွေကထုတ်ပြန်တာဆိုတော့ တော်တော်လေးယုံကြည်ရတဲ့Informationပါ😁)

Industryအလိုက်ပျမ်းမျှဝင်ငွေနဲ့သူတို့ရဲ့Rankingက…

No.1 စွမ်းအင်နှင့်ရေပေးဝေရေး : 775သောင်း

No.2 ဘဏ္ဍာရေးနှင့်အာမခံ : 652သောင်း

No.3 IT : 649သောင်း

No.4 ပညာရေး : 551သောင်း

No.5 ဆောက်လုပ်ရေး : 548သောင်း

No.6 ပေါင်းစပ်ဝန်ဆောင်မှု : 535သောင်း *JP Postလိုမျိုးစာတိုက်လုပ်ငန်းရော၊ ဘဏ်လုပ်ငန်းရော၊ ရင်းနှီးမြှုပ်နှံတာရောစသဖြင့်ပေါင်းစပ်ထားတဲ့ဝန်ဆောင်မှုလုပ်ငန်း

No.7 ကုန်ထုတ်လုပ်ရေး : 533သောင်း

No.8 (ကုန်စည်/လူ)သယ်ယူပို့ဆောင်ရေး : 473သောင်း

No.9 အိမ်ခြံမြေရောင်းဝယ်ငှါးအကျိုးဆောင် : 469သောင်း

No.10 ကျန်းမာရေးစောင့်ရှောက်မှု : 404သောင်း

No.11 လက်လီလက်ကားရောင်းဝယ်ရေး : 387သောင်း

No.12 ဝန်ဆောင်မှုလုပ်ငန်း : 378သောင်း *ဆံပင်ညှပ်အလှပြင်တို့Tourတို့လိုမျိုး

No.13 စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း : 333သောင်း

No.14 ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်း : 264သောင်း

ကိုယ့်ဝင်ငွေနဲ့နှိုင်းယှဉ်ကြည့်ရင်ရောဘယ်လိုလဲ?

ဒီRankကိုကြည့်လိုက်ရင် No1နဲ့No14ဟာသောင်း500ကျော်ကွာတယ်❗️

အဲ့ဒါကြောင့် ကိုယ့်ရဲ့Playgroundကိုရွေးချယ်တာမမှားဖို့အရမ်းအရေးကြီးတယ်။ Playgroundရွေးတာမှန်ရင် Gameမှာကိုယ့်ဘက်ကအလေးသာဖို့အရမ်းမခက်ခဲပါဘူး။

IT Playgroundဆီပြောင်းလာချင်ရင်ပဲဖြစ်ဖြစ်၊ IT PlaygroundထဲမှာCareer Upလုပ်ချင်ရင်ပဲဖြစ်ဖြစ် အသေးစိတ်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ အတူတူပြင်ဆင်ကြမယ်။

【About my service】

【Who am I?】

【Why career advisor?】

【Reference】

https://www.nta.go.jp/information/release/kokuzeicho/2024/minkan_2024/pdf/01.pdf

コメント

タイトルとURLをコピーしました