【ကိုယ်လေးစားအားကျရတဲ့သူလိုဖြစ်အောင်အတင်းမလုပ်နဲ့】

Careerနဲ့ပတ်သက်ပြီး တွေဝေနေတဲ့သူ၊ လမ်းပျောက်သလိုဖြစ်နေတဲ့သူတွေကို (မိသားစုတွေအပါအဝင်)လူအများစုက အခုလိုဝိုင်းပြီးအကြံပေးတတ်ကြတယ်။

“ကိုယ်လေးစားအားကျရတဲ့သူကိုRole Modelအဖြစ်သတ်မှတ်ပြီးသူ့လိုဖြစ်အောင်လုပ်”

ဒီစကားကိုအပြည့်အဝ မျက်လုံးစုံမှိတ်ပြီး မယုံကြည်လိုက်ပါနဲ့❗️

ကိုယ်လေးစားအားကျရတဲ့သူဆိုတာ ကိုယ့်ဆီမှာမရှိတဲ့အားသာချက်တွေရှိနေလို့ လေးစားအားကျတာပါ။ အဲ့ဒီမှာကြီးမားတဲ့Conflictတစ်ခုဖြစ်ပေါ်လာပါတယ်။ ကိုယ်ဖြစ်ချင်တဲ့သူနဲ့(ကိုယ့်အားသာချက်ကိုအသုံးချပြီး)ကိုယ်ဖြစ်နိုင်တဲ့သူကကွဲပြားနေတဲ့Conflictပါ။ ဒီConflictနဲ့ထိပ်တိုက်တွေ့တဲ့အခါ Motivationတွေကျကုန်ပြီး ကိုယ်လေးစားအားကျတဲ့သူလိုမျိုးဖြစ်မလာဘဲ ကိုးလို့ကန့်လန့်တွေဖြစ်ကုန်တတ်ကျတယ်။ ကိုယ်လေးစားအားကျရတဲ့သူဆီမှာရှိတဲ့အားသာချက်နဲ့ကိုယ့်ရဲ့အားသာချက်နဲ့တူညီနေရင်တော့ပျော်ဖို့ကောင်းပေမယ့်၊ အဲ့ဒီအားသာချက်မျိုးကိုယ့်ဆီမှာရှိမနေတဲ့အခါ နဂိုကိုယ့်ဆီမှာရှိနေပြီးသားအားသာချက်ကိုတောင်လက်မခံနိုင်ဘဲဖြစ်သွားတတ်ကြတယ်။ 

တစ်ချို့မိဘတွေဆို ကိုယ့်ကလေးရဲ့အားသာချက်ကိုလျစ်လျူရှုပြီး ဆရာဝန်ကြီးဖြစ်ရမယ်၊ Engineerကြီးဖြစ်ရမယ်လို့ ငယ်ငယ်လေးကတည်းကသတ်မှတ်ချပစ်တတ်တယ်။

(Three Idiotsဇာတ်ကားထဲကလိုမျိုး😁)

🌟အမှန်တကယ်လေ့လာသင့်တဲ့Role Modelက ကိုယ်နဲ့ခပ်ဆင်ဆင်တူညီတဲ့အားသာချက်ကိုပိုင်ဆိုင်ထားတဲ့သူတွေက ဘယ်လိုအောင်မြင်နေကြလဲဆိုတဲ့Role Modelပါ။🌟

ကိုယ်နဲ့လုံးဝမတူတဲ့တခြားသူရဲ့ဘဝကို ကိုယ့်ဘဝအဖြစ်နဲ့လျှောက်လှမ်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

ပန်းမပွင့်တဲ့အပင်က ပန်းပွင့်တဲ့အပင်ကိုအားကျပြီးသူ့လိုပန်းတွေဝေဝေဆာဆာပွင့်အောင်ကြိုးစားတာထက်၊ ကြည့်တဲ့သူမျက်စိအေးပြီး မောပန်းသူခိုနားနိုင်တဲ့စိမ်းလန်းတဲ့အရိပ်ကောင်းအပင်ဖြစ်အောင်ကြိုးစားတာကပိုကောင်းပါတယ်။

【About Career Advisor Service】

【Who am I?】

【Why career advisor?】

【Other Career Knowledges】

Career Knowledge
「Career Knowledge」の記事一覧です。

コメント

タイトルとURLをコピーしました