“တဖြည်းဖြည်းနဲ့အသက်လေးလည်းရလာပြီ၊ မိသားစုလည်းတိုးလာပြီ၊ အရေးအကြောင်းတစ်ခုခုဖြစ်ရင်စိတ်ချရအောင်အာမခံဝင်ထားတာကောင်းမယ်။ ဒါပေမယ့် အဲ့ဒီအရေးအကြောင်းတစ်ခုခုကဖြစ်မလာခဲ့ရင် အာမခံကြေးတွေသွင်းလိုက်ရတာနှမြောစရာကြီး။ ဟုတ်ပြီ!အရေးအကြောင်းတစ်ခုခုမဖြစ်ရင်သွင်းထားတဲ့အာမခံကြေးတွေပြန်ရမယ့်စုငွေပုံစံ(貯蓄型/積立型)အာမခံကိုရွေးမယ်။”
အဲ့ဒီလိုတွေးပြီးအာမခံဝင်တာမျိုးလုံးဝမလုပ်ပါနဲ့။ ဘာလို့လဲဆိုတော့ စုငွေပုံစံ(貯蓄型/積立型)အာမခံအကုန်လုံးနီးပါးဟာ တော်တော်ကိုအဆင်မပြေတဲ့အာမခံတွေဖြစ်နေလို့ပါ။ အဲ့ဒီလိုအာမခံထဲဝင်လိုက်ရင် သေချာပေါက်အရှုံးပေါ်ပါလိမ့်မယ်။ အာမခံကအာမခံ၊ စုငွေကစုငွေ သက်သက်စီဆိုပြဿနာမဖြစ်ပေမယ့် ၂ခုပေါင်းလိုက်တဲ့အခါမှာတော့ အာမခံFunctionကလည်းဟိုမရောက်ဒီမရောက်၊ စုငွေFunctionကလည်းဟိုမရောက်ဒီမရောက်နဲ့ တော်တော်လေးဆိုးရွားတဲ့အာမခံပုံစံကြီးဖြစ်လာပါတော့တယ်။
မဝင်သင့်တဲ့အချက်No.1 : လစဉ်သွင်းရတဲ့အာမခံကြေးကစျေးကြီးလွန်းတယ်။
ပုံမှန်အာမခံ(လစဉ်သွင်းတဲ့အာမခံကြေးတွေပြန်မရတဲ့Type)နဲ့ယှဉ်ရင် အာမခံကြေးကစျေးကြီးလွန်းတယ်။ ၂ဆ၊ ၃ဆစျေးကြီးတဲ့Levelမဟုတ်ဘူး။ ဆိုရွားလွန်းတဲ့စုငွေပုံစံ(貯蓄型/積立型)အာမခံဆိုရင်၈ဆ~၁၀ဆကျော်လောက်စျေးကြီးတယ်။ ပစ္စည်းတစ်ခုခုဝယ်ရင် စျေးကြီးရင်အရည်အသွေးကောင်းပေမယ့် ငွေကြေးလောကမှာပြောင်းပြန်ပါ။ စျေးကြီး(Costများ)ရင်အထူးသတိထားပါ။
မဝင်သင့်တဲ့အချက်No.2 : အာမခံလျော်ကြေးကနည်းပါးလွန်းတယ်။
လစဉ်သွင်းရတဲ့အာမခံကြေးကစျေးကြီးသလောက် အရေးအကြောင်းတစ်ခုခုဖြစ်ရင်ပြန်ရမယ့်အာမခံလျော်ကြေးက ပုံမှန်အာမခံတွေနဲ့ယှဉ်ရင် ထက်ဝက်လောက်နည်းပါးလွန်းတယ်။
မဝင်သင့်တဲ့အချက်No.3 : ကိုယ့်ရဲ့ငွေကြေးတွေကအချိန်ကြာကြာLockလုပ်ခံရတယ်။
စုငွေပုံစံဆိုပေမယ့် သတ်မှတ်တဲ့နှစ်မတိုင်မှီပြန်ထုတ်ချင်ရင် ကိုယ်စုထားတဲ့ငွေထက်လျော့နည်းတဲ့ပမာဏပဲပြန်ရတယ်။ ၁၀နှစ်၊ နှစ်၂၀၊ နှစ်၃၀ ဒါမှမဟုတ် အသက်ဘယ်လောက်ရောက်မှဆိုပြီး နှစ်တွေအများကြီးကိုယ့်ငွေတွေကိုLockလုပ်ခံရတယ်။ ကိုယ့်ငွေကိုထုတ်ချင်တဲ့အချိန်ထုတ်လို့မရလို့ စုငွေလို့ခေါ်လို့မရဘူး။ အာမခံကြေးကိုတောက်လျှောက်သွင်းအောင်လို့ ကိုယ့်ငွေကိုဓားစာခံအနေနဲ့လုပ်ထားတာပါ။
ဒီအချက်တွေကြောင့်စုငွေပုံစံ(貯蓄型/積立型)အာမခံကိုလုံးဝမဝင်ပါနဲ့။ စုငွေပုံစံမှမဟုတ်ဘူး။ ကိုယ့်သွင်းခဲ့တဲ့အာမခံကြေးရဲ့120%ပြန်ရမယ်ဆိုတဲ့အာမခံတွေလည်းအတူတူပဲ။ ဝေးဝေးကရှောင်ပါ။
ကိုယ်တစ်ယောက်စာအမြင်ကတော့ ဂျပန်ရဲ့Publicအာမခံနဲ့တင်လုံလောက်တယ်လို့ထင်ပေမယ့် စိတ်ပူလို့ဝင်ချင်တယ်ဆိုရင် စျေးချိုတဲ့ပုံမှန်အာမခံ(လစဉ်သွင်းတဲ့အာမခံကြေးတွေပြန်မရတဲ့Type, かけ捨て型)ကိုဝင်ပြီး ပိုတာကိုစုချင်စု၊ Investmentလုပ်ချင်လုပ်ပါ။ စုငွေပုံစံ(貯蓄型/積立型)အာမခံထဲဝင်ထားမိရင် အမြန်ဆုံးစာချုပ်ဖျက်ပြီး စျေးချိုတဲ့ပုံမှန်အာမခံ+စုငွေပုံစံကိုပြောင်းလဲလိုက်တာကောင်းပါတယ်။(စာချုပ်ပြည့်ကာနီးဆိုရင်တော့နည်းနည်းသည်းခံစောင့်လိုက်တာကောင်းတယ်)
အာမခံဟာအာမခံ၊
စုငွေဟာစုငွေ၊
InvestmentဟာInvestment၊
သူ့ဟာနဲ့သူသပ်သပ်စီထားပါ။
မရောနဲ့ အန္တရာယ်များတယ်။
コメント