『夢を叶えるゾウ』ဆိုတဲ့စာအုပ်မှာ…
“မအောင်မြင်တဲ့သူတွေဟာ အောင်မြင်ဖို့အတွက်လျှို့ဝှက်နည်းလမ်းတွေရှိတယ်လို့ထင်ကြတယ်။ ဒါပေမဲ့ တကယ်တမ်း အောင်မြင်ဖို့ဆိုတာ လူတိုင်းလုပ်နိုင်တဲ့အရာကို ဘယ်သူမှလိုက်မလုပ်နိုင်လောက်တဲ့အထိလုပ်ဆောင်ဖို့ပဲ လိုအပ်တာပါ”လို့ရေးထားတယ်။
ဒီအချက်ဟာ ရင်းနှီးမြှုပ်နှံမှုလောကမှာလည်း ရာနှုန်းပြည့်မှန်ကန်ပါတယ်။

Index Investmentဆိုတာ ဘာလျှို့ဝှက်ချက်မှမရှိပါဘူး။ လူတိုင်းလုပ်နိုင်တဲ့၊ အလွန်ရိုးရှင်းတဲ့နည်းလမ်းတစ်ခုပါ။ ဒါပေမဲ့ ဒါကို၁၅ နှစ်၊ အနှစ်၂၀အထိ ရေရှည်ဆက်လုပ်နိုင်တဲ့သူကတော့ လက်ချိုးရေလို့ရလောက်အောင်နည်းပါးပါတယ်။ ဥပမာ, လွန်ခဲ့တဲ့နှစ်၂၀က S&P500 Indexမှာ လစဉ်၅သောင်းရင်းနှီးမြှုပ်နှံခဲ့ရင် မည်သူမဆိုသောင်း၃,၅၀၀ကျော်ပိုင်ဆိုင်နေပါပြီ။
ဒီလောက်လွယ်တာကို တစ်ချို့တွေဘာလို့ရှုံးကြတာလဲဆိုတော့ “အမြတ်တွေအများကြီးရမယ့် လျှို့ဝှက်နည်းတွေဆိိုတာရှိတယ်အထင်နဲ့ အဲ့ဒီနောက်ကိုလိုက်ကြတာ”၊ “လူတိုင်းလုပ်နိုင်တဲ့အရာကို ဘယ်သူမှလိုက်မလုပ်နိုင်လောက်တဲ့အထိဆက်မလုပ်နိုင်တာ(စျေးထိုးကျချိန်ကြောက်ပြီးလက်လွှတ်ခြင်း)”ကြောင့်ပါပဲ။

コメント