သင့်ရဲ့Talentကဘာလဲလို့အမေးခံလာရရင်ဘယ်လိုဖြေမလဲ?
“ရိုးရိုးသာမန်လူပါပဲ။ ဘာTalentမှမရှိပါဘူး”လို့လူတော်တော်များများကဖြေတတ်ကြတယ်။ တကယ်တော့လူတိုင်းမှာTalentတစ်ခုခုရှိကြပါတယ်။ ဒါပေမယ့် လူတိုင်းကိုယ့်မှာဘယ်လိုTalentရှိလဲဆိုတာကိုမသိကြတာများတယ်။
Talentဆိုတာဘာလဲ?

Talentကိုအဓိပ္ပါယ်ဖွင့်တဲ့အခါမှာ တစ်ခုသတိထားရမှာက Skill နဲ့ Talentကိုရောထွေးမသွားစေဖို့လိုပါတယ်။ Skillဆိုတာ ကြိုးစားအားထုတ်မှုတွေ၊ အတွေ့အကြုံတွေကနေရရှိလာတဲ့”တတ်သိကျွမ်းကျင်တဲ့အရာ”ဖြစ်ပါတယ်။
Talentဆိုတာကတော့(လွယ်ကူရိုးရှင်းစွာအဓိပ္ပါယ်ဖွင့်ရရင်) “တခြားသူတွေအတွက်ခက်ခဲပေမယ့် ကိုယ့်အတွက်ကတော့အလွယ်တကူလုပ်နိုင်တဲ့အရာ”ကိုခေါ်ပါတယ်။ သူများအတွက်ကတော့ခက်ခဲတတ်ပေမယ့် ကိုယ့်အတွက်ကတော့ပုံမှန်ဖြစ်နေတတ်လို့ လူတော်တော်များများကကိုယ့်Talentကိုသတိမပြုမိတတ်တာများတယ်။
ကိုယ့်Talentကိုဘယ်လိုရှာဖွေမလဲ?
ကိုယ့်Talentကိုရှာဖွေဖို့အတွက်Hintရနိုင်တဲ့မေးခွန်းတစ်ခုကို ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ပါ။ ဘာမေးခွန်းလဲဆိုတော့…
“လူတစ်ယောက်ရဲ့လုပ်ပုံကိုင်ပုံ၊ အပြောအဆိုတွေကိုကြည့်ပြီးတော့ အားမလိုအားမရဖြစ်ပြီးစိတ်တိုလာတာ ဘယ်လိုကိစ္စလဲ?”
ဒီမေးခွန်းရဲ့အဖြေမှာ ကိုယ့်ရဲ့Talentနဲ့ပတ်သက်တဲ့Hintတွေရနိုင်ပါတယ်။ ဘာဖြစ်လို့အားမလိုအားမရဖြစ်ပြီးစိတ်တိုတာလဲဆိုတော့ “ဒီလောက်လွယ်တာလေးကိုဘာတွေခက်ခဲနေတာလဲ”တို့၊ “ငါသာဆိုသူ့လိုမလုပ်ဘဲဒီလိုလေးလုပ်လိုက်မှာ”ဆိုပြီးစိတ်ထဲမှာတွေးမိလို့ပါ။ ဘာလို့အဲ့ဒီလိုစိတ်ထဲမှာတွေးမိတာလဲဆိုတော့တခြားသူတွေအတွက်ခက်ခဲပေမယ့် ကိုယ့်အတွက်ကတော့အလွယ်တကူလုပ်နိုင်တဲ့အရာ(Talent)ဖြစ်နေတတ်လို့ပါ။ ဥပမာ၊ လူတွေနဲ့စကားပြောဆက်ဆံတဲ့Talentရှိတဲ့သူဟာ စကားပြောရင်အသံတိုးတိုးနဲ့တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့သူကိုတွေ့ရင် အားမလိုအားမရတွေဖြစ်လာတတ်သလိုမျိုး။
နောက်ပြီးတော့ ကိုယ့်ဘေးပတ်ဝန်းကျင်ကလူတွေကို ကိုယ့်မှာဘာကောင်းကွက်တွေရှိလဲလို့မေးကြည့်ရင်လည်းHintတွေရနိုင်ပါတယ်။ ကိုယ်ကသတိမထားမိပေမယ့် ဘေးကလူတွေကသတိထားမိတတ်တယ်။
ကိုယ့်ရဲ့Talentကိုရှာတွေ့ပြီဆိုရင် အဲ့ဒီTalentကိုလူ့ဘောင်အဖွဲ့အစည်းထဲမှာအသုံးဝင်မယ့်လက်နက်ဖြစ်အောင်ပြောင်းလဲဖို့ကြိုးစားပါ။ ပြီးရင်အဲ့ဒီလက်နက်ကိုအသုံးချနိုင်တဲ့ပတ်ဝန်းကျင်(Playground)ကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်ရင် အောင်မြင်တဲ့Careerတစ်ခုကိုတည်ဆောက်နိုင်မှာပါ။
【About Career Advisor Service】
【Who am I?】
【Why career advisor?】
コメント