Generalistနဲ့Specialist ဒီနှစ်ခုရဲ့အားသာချက်တွေကိုပေါင်းစပ်ထားတဲ့ T-Shaped Careerဆိုတာဟာ AIခေတ်မှာလိုအပ်လာတဲ့ Careerpathအယူအဆလို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနှစ်ခုထဲကတစ်ခုတည်းရှိရုံနဲ့ (AIအပါအဝင်)အခြားသူတွေနဲ့ ကွဲပြားတဲ့Valueကိုဖန်တီးနိုင်ဖို့ ရှေ့လျှောက်မှာခက်ခဲလာနိုင်တဲ့အခြေအနေဖြစ်နေလို့ပါ။
(Specialistနဲ့Generalistအကြောင်းကို အောက်Linkမှာဖတ်ကြည့်နိုင်ပါတယ်)
T-Shaped Careerဆိုတာက…
👉နယ်ပယ်အမျိုးမျိုးမှာ ကျယ်ပြန့်တဲ့Knowledgeရှိပြီး
👉 အနည်းဆုံးနယ်ပယ်တစ်ခုမှာ ကျွမ်းကျင်တဲ့Specialist Skillရှိတဲ့သူမျိုးပါ။
ဥပမာ Codingပိုင်းမှာကျွမ်းကျင်မှုရှိပြီး Business, Sales, Financeနဲ့ Managementပိုင်းတွေကိုလည်း တီးမိခေါက်မိရှိတဲ့သူမျိုးပါ။ ဒီလိုလူမျိုးဟာ Technical Knowledgeနဲ့ Business Understandingကိုပေါင်းစပ်ပြီး Clientနဲ့ Company နှစ်ဖက်စလုံးအတွက် Valueတွေဖန်တီးပေးနိုင်တဲ့အစွမ်းရှိပါတယ်။
T-Shaped Careerကိုဘယ်လိုတည်ဆောက်သင့်လဲ?

ကျွန်တော့်အတွေ့အကြုံနဲ့စဉ်းစားပုံအရကတော့ အပေါ်ကပုံထဲကအတိုင်း Careerရဲ့အစပိုင်းငယ်ရွယ်သေးချိန်(အသက်၃၀စွန်းစွန်းလောက်အထိ)မှာ ကိုယ်ရွေးချယ်ထားတဲ့နယ်ပယ်ထဲကSkillကို ကျွမ်းကျင်မှုရှိလာအောင် အရင်အားထုတ်သင့်ပါတယ်။ အဲ့ဒီနောက် အတွေ့အကြုံတွေတိုးလာတဲ့အခါ ကိုယ်ကျွမ်းကျင်တဲ့နယ်ပယ်တစ်ခုတည်းမှာပဲမရပ်တန့်ဘဲ အခြားနယ်ပယ်တွေရဲ့Knowledgeကိုပါ တဖြည်းဖြည်းချင်းတိုးချဲ့သင့်ပါတယ်။
အထူးသဖြင့် Careerအလယ်ပိုင်းမှာ ကိုယ့်ရဲ့Specialist Skillအပြင် Organization, Business, People Management စတာတွေကိုနားလည်လာမယ်ဆိုရင် ရွေးချယ်စရာCareerpathတွေ များပြားလာမှာပါ။
Specialist Skillရဲ့အပေါ်မှာ Generalist Viewကိုထပ်ပေါင်းနိုင်ရင် Careerခရီးမှာရှုခင်းအမျိုးမျိုးကိုခံစားနိုင်မှာပါ။

コメント