【Specialistလား? Generalistလား?】

Careerနဲ့ပတ်သက်ပြီး စဉ်းစားတဲ့အခါ Specialistနဲ့Generalistဆိုပြီး လမ်းကြောင်း၂ခုရှိပါတယ်။

ဒီနှစ်ခုက ဘာကွာခြားလဲ?

✅Specialist

Specialistဆိုတာက သတ်မှတ်ထားတဲ့နယ်ပယ်တစ်ခုမှာ နက်နက်ရှိုင်းရှိုင်း ကျွမ်းကျင်တဲ့သူကိုခေါ်တာပါ။ IT Fieldမှာဆိုရင်…

・Networking

・Cloud Architecture

・Cyber Security

・Software Development

・Sales & Marketing

စတဲ့နယ်ပယ်တွေထဲကတစ်ခုမှာ နက်ရှိုင်းတဲ့Knowledgeနဲ့ Experienceရှိပြီး အဲ့ဒီနယ်ပယ်နဲ့ပတ်သက်တဲ့ ရှုပ်ထွေးတဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့သူမျိုးပါ။ “How” (ဘယ်လိုလုပ်မလဲ)ဆိုတာကိုအကောင်းဆုံးသိတဲ့သူတွေလို့ သတ်မှတ်နိုင်ပါတယ်။

ဥပမာ, Cyber Security Specialistတစ်ယောက်ဆိုရင် Security Design, Vulnerability Assessment, Incident Response စတဲ့နယ်ပယ်တွေမှာကျွမ်းကျင်ပြီး ကုမ္ပဏီရဲ့Security Riskတွေကိုလျှော့ချဖို့ အထောက်အကူပြုနိုင်ပါတယ်။

✅Generalist

Generalistဆိုတာက နယ်ပယ်တစ်ခုတည်းမှာပဲ နက်ရှိုင်းစွာကျွမ်းကျင်တာမဟုတ်ဘဲ နယ်ပယ်အမျိုးမျိုးရဲ့Knowledgeတွေကို သိသင့်သလောက်အနည်းငယ်သိထားပြီး အဲ့ဒီKnowledgeတွေကိုပေါင်းစပ်အသုံးချနိုင်တဲ့သူကိုခေါ်တာပါ။

ဥပမာ IT Companyမှာ Department Headတစ်ယောက်ဆိုရင်…

・IT Technology

・Business Strategy

・Finance

・Project/People Management

စတဲ့နယ်ပယ်အမျိုးမျိုးကို နားလည်ထားဖို့လိုအပ်တတ်ပါတယ်။

ဒီလိုKnowledgeအမျိုးမျိုးကိုအသုံးချပြီး Clientရဲ့Business Problemကိုဖြေရှင်းတာ၊ Departmentအတွက် Business Strategyချမှတ်တာ၊ Memberတွေရဲ့Career DevelopmentကိုSupportလုပ်တာ စတဲ့အလုပ်တွေကိုလုပ်ဆောင်နိုင်ပါတယ်။ နယ်ပယ်အမျိုးမျိုးကိုချိတ်ဆက်ပြီး ပြဿနာတစ်ခုလုံးကို ခြုံငုံစဉ်းစားရတာပါ။ “What & Why”(ဘာလုပ်မလဲ၊ ဘာကြောင့်လုပ်မလဲ)ကိုပိုပြီးအာရုံစိုက်ရပါတယ်။

Generalistနဲ့Specialist ဘယ်သူကပိုကောင်းလဲ?

လူအပေါ်မှာမူတည်လို့ ဒီမေးခွန်းကိုတော့ဘယ်ဟာကပိုကောင်းတယ်ဆိုပြီး တိတိကျကျမဖြေနိုင်ပါဘူး။ ဒါပေမယ့်သေချာတာတစ်ခုကတော့ ကိုယ့်ရဲ့Careerကိုစဉ်ဆက်မပြတ်တိုးတက်နေစေဖို့ဆိုရင် အခုလိုAIခေတ်မှာ Specialist or Generalist တစ်ခုတည်းနဲ့မလုံလောက်တော့တာပါပဲ။

အခုလက်ရှိမှာSpecialistလား? Generalist လား?

ရှေ့လျှောက်ရောဘယ်လမ်းကိုသွားချင်လဲ?

コメント

タイトルとURLをコピーしました