(T-Shaped Careerအကြောင်းကိုအောက်ကLinkကနေဖတ်ကြည့်နိုင်ပါတယ်)
တစ်ခါတုန်းက Officeအဆောက်အဦတစ်ခုမှာ မနက်အလုပ်ဝင်ချိန်ဆိုရင် Elevatorစောင့်ရတဲ့အချိန်အရမ်းကြာလို့ဆိုပြီး ရုံးလာတက်သူတွေက အမြဲတမ်းComplain တက်နေကြပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့ အဆောက်အဦပိုင်ရှင်က Engineerတွေကိုခေါ်ပြီးဘယ်လိုဖြေရှင်းရင်ကောင်းမလဲဆွေးနွေးကြတယ်။
1️⃣ Specialistရဲ့ချဉ်းကပ်ပုံ
Specialistက”Elevatorကို ဘယ်လိုမြန်အောင်လုပ်မလဲ”ဆိုတဲ့ (How)ကိုအဓိကထားပြီး အာရုံစိုက်ပါတယ်။ မော်တာကိုအသစ်လဲမလား၊ SystemကိုUpgradeလုပ်မလားဆိုပြီး နည်းပညာပိုင်းကနေ ချက်ချင်းစဉ်းစားပါတော့တယ်။ ဒါပေမယ့် ဒီနည်းလမ်းက ငွေကုန်ကြေးကျများတော့ အဆောက်အဦပိုင်ရှင်က လုပ်ဖို့နည်းနည်းတွန့်ဆုတ်နေတယ်။
2️⃣ T-Shaped Engineerရဲ့ချဉ်းကပ်ပုံ
T-Shaped Engineerကတော့ ပြဿနာကို နောက်တစ်ထောင့်ကနေကြည့်ပါတယ်။ Elevatorနှေးနေတာက အဓိကပြဿနာမဟုတ်ဘဲ၊ “စောင့်နေရတဲ့အချိန်မှာပျင်းဖို့ကောင်းနေတာ”က အဓိကပြဿနာ (What & Why)ဆိုတာကိုမြင်သွားပါတယ်။ ဒါကြောင့် သူကElevatorစောင့်ရတဲ့နေရာ(Elevator Hall)မှာ မှန်(Mirror)ကြီးတွေတပ်ဆင်ဖို့အကြံပေးခဲ့တယ်။
မှန်(Mirror)တွေတပ်လိုက်တဲ့အခါ မနက်အလုပ်လာတဲ့လူတွေဟာ Elevatorစောင့်နေရင်းနဲ့ ရထားတိုးစီးပြီးလာခဲ့ရတဲ့ကိုယ့်ရဲ့အဝတ်အစား၊ ဆံပင်ကိုကြည့်ကြ၊ ပြင်ကြနဲ့ စောင့်ရတဲ့အချိန်ကိုသတိမထားမိတော့ပါဘူး။ တစ်လလောက်ကြာတဲ့အခါမှာတော့ “မနက်အလုပ်ဝင်ချိန်မှာElevatorစောင့်ရတဲ့အချိန်ကြာတယ်”ဆိုတဲ့ Complainတွေ လုံးဝပျောက်သွားပါတော့တယ်။
နည်းပညာပိုင်းကိုနက်နက်ရှိုင်းရှိုင်းကျွမ်းကျင်တဲ့ Specialistရဲ့စွမ်းရည်က အရေးကြီးပေမယ့်၊ တကယ်တမ်း ပြဿနာကိုဖြေရှင်းတဲ့အခါမှာ T-Shaped Engineerတွေရဲ့ ကျယ်ကျယ်ပြန့်ပြန့်မြင်နိုင်တဲ့ Generalist Viewကလည်း အရမ်းအရေးပါတယ်လို့ ဒီပုံပြင်ကနေတွေးမိတယ်။

コメント