【Starbucksရဲ့ပြောင်မြောက်သောရူးကြောင်ကြောင် Strategy】〜Back to Starbucks〜

၁၉၉၆ခုနှစ်မှာStarbucksဟာ ဂျပန်ဈေးကွက်ထဲကိုစတင်ဝင်ရောက်လာခဲ့တယ်။ အဲ့ဒီအချိန်တုန်းက ကော်ဖီဆိုင်လုပ်ငန်းမှာ စျေးကွက်ထဲအလျင်အမြန်ထိုးဖောက်ဖို့ဆိုရင် Franchiseစနစ်ကရေပန်းစားနေတဲ့အချိန်ပါ။ ဒါပေမယ့် Starbucksဟာဂျပန်မှာဆိုင်ခွဲတွေအများကြီးဖွင့်ဖို့အတွက် အခြားအမှတ်တံဆိပ်တွေလို Franchiseစနစ်ကိုမသုံးဘဲ “ကိုယ်တိုင်တိုက်ရိုက်ရင်းနှီးမြှုပ်နှံပြီးစီမံခန့်ခွဲတဲ့စနစ် (Directly Operated)”ကိုပဲ တစ်စိုက်မတ်မတ်အသုံးပြုခဲ့ပါတယ်။ ဒီStrategyဟာ အဲ့ဒီခေတ်က ကော်ဖီဆိုင်လုပ်ငန်းလောကရဲ့အမြင်အရဆိုရင် “အရမ်းရူးကြောင်လွန်းတဲ့Strategy”လို့ ဝေဖန်ခံခဲ့ရပါတယ်။ အကြောင်းကတော့ Franchiseစနစ်နဲ့ဆိုရင် ဆိုင်ခွဲတွေကိုအချိန်တိုအတွင်း အရှိန်အဟုန်နဲ့ တိုးချဲ့နိုင်ပြီး၊ ငွေကြေးစိုက်ထုတ်မှုနဲ့ ဆုံးရှုံးမှုRiskတွေကို Franchise Ownerတွေကပဲ တာဝန်ယူရတာကြောင့် Starbucksအတွက်Riskနည်းနည်းနဲ့ဂျပန်စျေးကွက်ကိုထိုးဖောက်နိုင်လို့ပါ။ ဒါပေမယ့် Starbucksရဲ့ Business Model၊ စီးပွါးရေးဒဿနတစ်ခုလုံးကို ခြုံငုံကြည့်လိုက်ရင် Franchiseစနစ်ဟာလုံးဝမလုပ်သင့်တဲ့အရာပါ။ ဘာလို့လဲဆိုတော့ Starbucksဟာကော်ဖီကိုပဲ သက်သက်ရောင်းတာမဟုတ်ဘဲ၊ “အိမ်လည်းမဟုတ်၊ ကျောင်း/လုပ်ငန်းခွင်လည်းမဟုတ်တဲ့ စိတ်အပန်းဖြေလို့ရမယ့်တတိယနေရာ(Third Place)” ကို ရောင်းချတဲ့ Business Modelဖြစ်လို့ပါပဲ။

တကယ်လို့သာ Starbucksကအမြတ်အစွန်းကိုမြန်မြန်လိုချင်လို့ Franchise Ownerတွေကိုလွှဲပေးလိုက်ရင် Franchise Ownerတွေဟာအမြတ်ရဖို့အတွက် ဆိုင်မှာနေရထိုင်ရသက်သာဖို့ထက်၊ ခုံတွေအများကြီး ကြပ်ညပ်နေအောင်ထည့်ပြီး၊ အကြာကြီးထိုင်တဲ့ဧည့်သည်တွေကို မောင်းထုတ်ကြပါလိမ့်မယ်။ ဒီလိုလုပ်ရပ်က ရေတိုမှာအမြတ်ရနိုင်ပေမယ့်၊ Starbucks ရဲ့အဓိကအသက်ဝိညာဉ်ဖြစ်တဲ့ “Third Place(စိတ်အေးချမ်းသာစွာနားနေနိုင်မယ့်နေရာ)” ဆိုတဲ့သဘောတရားကို လုံးဝဖျက်ဆီးပစ်လိုက်သလိုဖြစ်သွားမှာပါ။ ဒါကြောင့်ပဲStarbucksဟာ သူ့ရဲ့ဝန်ထမ်းတွေကိုယ်တိုင် Conceptကိုနားလည်သဘောပေါက်အောင်
ကိုယ်တိုင်Trainလို့ရတဲ့တိုက်ရိုက်စီမံခန့်ခွဲတဲ့စနစ် (Directly Operated)ကိုပဲ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီStarbucksရဲ့ရူးကြောင်ကြောင်Strategyကြောင့် StarbucksမှာAirPodsလေးနားမှာတပ်၊ Macbook/iPadလေးဖွင့်ပြီးကော်ဖီသောက်ရတဲ့Feeling၊ လက်တစ်ဖက်မှာစာအုပ်တစ်အုပ် လက်တစ်ဖက်မှာကော်ဖီနဲ့ဆိုဖာအိအိလေးပေါ်မှာထိုင်ပြီးစာအုပ်ဖတ်နေရတဲ့Feelingကို Customerတွေရခဲ့ကြတာပါ။

ဂျပန်ပြည်တွင်းမှာရှိတဲ့Starbucksကတော့ မူလအစကဒဿနကိုပဲတောက်လျှောက်လက်ကိုင်ထားပြီးအောင်မြင်နေပေမယ့် USရဲ့Starbucksဟာ လက်ရှိမှာစီးပွါးရေးအကျပ်အတည်းနဲ့ကြုံတွေ့နေရတယ်။ မျက်မှောက်ခေတ်ရဲ့”အဆင်ပြေလွယ်ကူမှု” နောက်ကိုပဲလိုက်ရင်း(ဥပမာ, Online Orderကိုအဓိကထားပြီး ဆိုင်ကိုသိပ်အလေးမထားတော့တာမျိုး)နဲ့ Starbucksဟာသူ့ရဲ့တုပရခက်တဲ့အားသာချက်”Third Placeရဲ့တန်ဖိုး”ကို (အထူးသဖြင့်USမှာ)ပျောက်ဆုံးလုနီးပါးဖြစ်နေတယ်။ ရေတိုအမြတ်အစွန်းထက် Customerတွေရရှိမယ့်ခံစားချက်တန်ဖိုးကိုပြန်လည်ဦးစားပေးဖို့၊ Starbucksရဲ့မူလအစဆီပြန်သွားဖို့ “Back to Starbucks”ဆိုပြီး ပြန်လည်တည်ဆောက်နေပါတယ်။

အောင်မြင်ပါစေStarbucks👊

コメント

タイトルとURLをコピーしました