【Hello Workမှာအလုပ်ရှာတာကိုယ့်အတွက်သင့်တော်ရဲ့လား❓】

ဂျပန်မှာ(正社員အဖြစ်)အလုပ်ရှာနေတဲ့ ကျောင်းသူ/သားတွေ၊ အလုပ်ပြောင်းမယ့်သူတွေကို တချို့ကHello Workမှာအလုပ်ရှာဖို့အကြံပေးတာမျိုးတွေရှိတယ်။ ဒါပေမဲ့, ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော့်အနေနဲ့ Hello Workကနေအလုပ်ရှာတာကို သိပ်ပြီးအားမပေးချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အောက်ကအချက်၂ချက်ကြောင့်ပါ။

၁။ အခမဲ့ဝန်ထမ်းခေါ်ယူနိုင်ခြင်းရဲ့နောက်ကွယ်ကအကြောင်းတွေရှိခြင်း
ဝန်ထမ်းခန့်ဖို့အတွက်ဆိုရင် ကုမ္ပဏီဘက်ကကုန်ကျစရိတ်တွေရှိပါတယ်။ Rikunabi, Mynaviလို ပုဂ္ဂလိကအလုပ်ရှာဖွေရေး Websiteတွေနဲ့ Agentတွေမှာကြော်ငြာတင်မယ်ဆိုရင် ကုမ္ပဏီဘက်ကကြော်ငြာခ ဒါမှမဟုတ် အောင်မြင်ကြေး(တစ်နှစ်စာလစာရဲ့၃၀%မှ၃၅%ခန့်) ပေးရပါတယ်။ ဒါပေမဲ့, Hello Workကတော့ “အခမဲ့”ဖြစ်ပါတယ်။ ဆိုလိုတာက Hello Workမှာ “ဝန်ထမ်းခန့်ဖို့ ငွေကြေးမသုံးနိုင်တဲ့(စီးပွားရေးအခြေအနေသိပ်မကောင်းတဲ့)ကုမ္ပဏီတွေ” ဒါမှမဟုတ် “ပိုက်ဆံပေးပြီးကြော်ငြာတင်ပေမဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်မကောင်းလို့ လူမလာတဲ့ကုမ္ပဏီတွေ” စုဝေးနေတတ်တဲ့ သဘောသဘာဝရှိပါတယ်။ ဝန်ထမ်းခန့်ဖို့ငွေကြေးမသုံးနိုင်တဲ့အခါ တော်တဲ့သူတွေကိုမခန့်နိုင်လို့ (ကိုယ်သာအဲ့ဒီလိုကုမ္ပဏီကိိုဝင်သွားမရင်)တော်တဲ့သူတွေနဲ့အလုပ်အတူတူလုပ်ဖို့အခွင့်အရေးနည်းပါးသွားနိုင်တယ်။ (Hello Workမှာကြော်ငြာတဲ့ကုမ္ပဏီတိုင်းကိုမဆိုလိုပါ)

၂။ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုစနစ် (HR System)အားနည်းခြင်း
Hello Workမှာအလုပ်ခေါ်တဲ့ကုမ္ပဏီအများစုဟာ ဒေသခံအသေးစားကုမ္ပဏီလေးတွေများတာကြောင့် စနစ်တကျဖွဲ့စည်းထားတဲ့HR(人事)စနစ်မရှိတာများပါတယ်။ အဲ့ဒီလိုHRစနစ်အားနည်းတဲ့အခါ ဗီဇာ(Working Visa)လုပ်ငန်းစဉ်ကျွမ်းကျင်မှုမရှိခြင်း၊ ကိုယ့်ရဲ့ကြိုးစားမှုကို မှန်မှန်ကန်ကန်အကဲဖြတ်မခံရခြင်း စတဲ့ကိစ္စလေးတွေဖြစ်တတ်ပါတယ်။ ပြီးတော့ ကုမ္ပဏီတွင်းမှာ (HRစနစ်ထက်)Key Personဖြစ်နေတဲ့သူရဲ့လွှမ်းမိုးမှုကကြီးမားလွန်းတတ်ပြီး အဲ့ဒီလူရဲ့စိတ်အခြေအနေ၊ စကားတစ်ခွန်းနဲ့ အလုပ်ခွင်ရဲ့Vibeကချက်ချင်းပြောင်းလဲသွားတတ်ပါတယ်။

ဂျပန်မှာအလုပ်ရှာတဲ့အခါ အလုပ်ရပြီးရောဆိုပြီးမရှာပါနဲ့။ ကိုယ့်ရဲ့Skill နဲ့ Experience တွေကိုတိုးတက်လာစေမယ့်၊ အနာဂတ်မှာကိုယ့်ရဲ့ Market Valueကို မြှင့်တင်ပေးနိုင်မယ့်ကုမ္ပဏီကို ရွေးချယ်နိုင်ဖို့အရမ်းအရေးကြီးပါတယ်။ အဲ့ဒီလိုရွေးချယ်နိုင်ဖို့အတွက် Hello Workကိုအသုံးပြုတာက ကိုယ့်အတွက်သင့်တော်ရဲ့လားဆိုတာ စဉ်းစားစေချင်ပါတယ်။

コメント

タイトルとURLをコピーしました