【MoneyForward Application】

Posted on Facebook:2022/12/30

ကိုယ့်ရဲ့အသုံးစရိတ်ကိုစာရင်းပြုစုကြလား? အသုံးစရိတ်ကိုစာရင်းပြုစုရတာဟာတော်တော်လေးအလုပ်ရှုပ်တယ်။ အချိန်လည်းပေးရတယ်။ ဘာသုံးလိုက်လဲဆိုတာကိုပြန်စဉ်းစားရ၊ မမေ့အောင်မှတ်ထားရ၊ ဘောက်ချာတွေစုထားရနဲ့နေ့စဉ်တောက်လျှောက်လုပ်သွားဖို့ဆိုတာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူး။

ဒါပေမယ့် ကိုယ့်အသုံးစာရိတ်ကိုစာရင်းပြုစုဖို့အရမ်းအရေးကြီးတယ်။ ဘာလို့လဲဆိုတော့

•လက်ရှိပိုင်ဆိုင်မှုကဘယ်လောက်ရှိလဲ?

•အနည်းဆုံးဘယ်လောက်ဝင်ငွေရှိရင်မကြောင့်မကြနေလို့ရလဲ?

•ရေပိုက်ပေါက်နေသလိုယိုထွက်နေတဲ့နေရာရှိလား?

•လစဉ်အသုံးစာရိတ်ထဲက လျှော့ချလို့ရတာဘာရှိလဲ? လျှော့ချလိုက်လို့ပိုလျှံတဲ့ငွေကိုဘယ်လိုနေရာမှာအကျိုးရှိရှိအသုံးချမလဲ?

စတာတွေကိုမြင်လာလိမ့်မယ်။

အဲ့ဒီလိုအကျိုးရှိတာတွေသိပေမယ့်တောက်လျှောက်စာရင်းမမှတ်နိုင်တဲ့သူတွေအတွက်ဒီMoneyForward Applicationကကူညီပါလိမ့်မယ်။ သုံးကြည့်ရင် gameဆော့နေရသလိုပဲပျော်ဖို့ကောင်းတယ်။

👉MoneyForward ကဘယ်လိုကူညီပေးမှာလဲ?

ကိုယ့်ရဲ့ဝင်ငွေထွက်ငွေတွေကို အလိုအလျောက်စာရင်းမှတ်ပေးတယ်။ ပြီးတော့ ဝင်ငွေ/ထွက်ငွေအလိုက်Categoryခွဲပေးတယ်။ ဥပမာ, Uniqloကနေအင်္ကျီဝယ်လိုက်ရင်ထွက်ငွေရဲ့”အဝတ်အစား”ဆိုတဲ့Categoryမှာဘယ်လောက်သုံးလိုက်လဲဆိုတာမှတ်ပေးတယ်။ ပြီးတော့ ဒီလအတွက်ဘယ်Categoryမှာဘယ်လောက်သုံးလိုက်တယ်ဆိုတာကိုGraphနဲ့ပြပေးတယ်။ အဲ့ဒါတွေအကုန် Autoလုပ်ပေးတာ။ကိုယ်ကCheckလုပ်ရုံလေးပဲ။ အရမ်းလွယ်တယ်။

လက်ငင်းငွေနဲ့ဆိုင်တွေမှာဝယ်ရင်ဘောက်ချာကိုဓါတ်ပုံရိုက်ရုံနဲ့ အလိုအလျောက်Categoryခွဲပြီးစာရင်းမှတ်ပေးတယ်။ (AIသုံးထားလားမသိဘူး)

👉ဘယ်လိုစတင်ရမလဲ?

အရင်ဦးဆုံး Appကိုdownloadဆွဲပါ။ ပြီးရင် ကိုယ့်ရဲ့ဘဏ်အကောင့်၊ Credit card၊ Online shopping(Amazon, Rakuten etc)၊ e-money(Suica, Pasmo…etc)စတာတွေကိုဒီAppနဲ့ချိတ်လိုက်ရုံပဲ။ ကျန်တာဒီAppကလုပ်ပေးလိမ့်မယ်။ တစ်ခုတော့ရှိတယ်။ Onlineကနေအကုန်ချိတ်ရမှာဆိုတော့ ချိတ်တဲ့အချိန်မှာ username & passwordတွေထည့်ဖို့လိုတော့မချိတ်ခင်passwordတွေပြန်ရှာထားဖို့လိုတယ်။တတ်နိုင်သလောက်Cashlessသုံးရင်ဒီAppကပိုပြီးအသုံးဝင်လိမ့်မယ်။

👉ပိုက်ဆံပေးရလား?

AppကFree Downloadပါ။ အခြေခံFunctionတွေသုံးရုံပဲချိတ်တဲ့account(bank, credit…etc)၄ခုအထိပဲဆိုရင်Freeသုံးလို့ရတယ်။ Autoစာရင်းမှတ်ပေးတာAuto graphဆွဲပေးတာက Freeသုံးလို့ရတယ်။ Freeနဲ့မလုံလောက်ရင် Premium Serviceကို

လစဉ်ကြေး¥500(1year packageဆို¥5,300)ကုန်ကျတယ်။

👉Securityကရောစိတ်ချရရဲ့လား?

ဒီAppကိုထုတ်လုတ်တဲ့ကုမ္ပဏီက上場ကုမ္ပဏီပါ။ 上場ဖြစ်ဖို့ဆိုတာမလွယ်ပါဘူး။ အမျိုးမျိုးစစ်ဆေးခံရပြီးမှဖြစ်တာ။ ပြီးတော့ဒီAppမှာကိုယ့်ရဲ့Private Informationတွေမသိမ်းထားဘူး။ သိမ်းထားတာကLogin informationပဲ။ ဘဏ်တွေCredit cardတွေရဲ့Informationကိုလည်းမသိမ်းထားဘူး။ ဘဏ်တွေ Credit cardတွေနဲ့Connectionလုပ်ရင်လည်း SSLနဲ့Encryptလုပ်ပြီးConnectလုပ်တာဖြစ်လို့ကြားကနေဖောက်ယူခံရမှာလည်းစိတ်မပူရဘူး။ Third partyကနေလည်းSecurityနဲ့ပတ်သက်ပြီးစောင့်ကြည့်မှုတွေလုပ်လို့ စိတ်ချရတယ်။

ITနည်းပညာတွေကိုသုံးပြီးတတ်နိုင်သလောက် အလွယ်လမ်းကိုလိုက်ပြီးတခြားနေရာတွေမှာ အချိန်တွေကိုအသုံးချကြမယ်။

‎マネーフォワードME 銀行口座や証券口座・クレカも連携できる
‎【概要】 ◆ 無料で使える家計簿アプリ『マネーフォワード ME』 ・レシート撮影で、簡単に家計簿の入力が完了 ・手間なく簡単に「お金の見える化」ができる自動の家計簿アプリ ・収支の把握がグラフでみれる ・使い初めてから月平均【23,426...

#moneyforward

#justsharing

コメント

タイトルとURLをコピーしました