အခုတလော မြန်မာအသိုင်အဝိုင်းထဲမှာ Ponzi Scheme(ポンジスキーム)ပုံစံနဲ့တူတဲ့သတင်းတွေ သဲ့သဲ့ကြားနေရတယ်။ Ponzi Scheme(ポンジスキーム)ဆိုတာဘယ်လိုမျိုးလဲဆိုရင် ပုံထဲကဇာတ်လမ်းလေးကိုဖတ်ကြည့်ပါ။




Ponzi Scheme(ポンジスキーム)က အလိမ်ပေါ်ဖို့အချိန်ကြာတယ်။ ချက်ချင်းမသိနိုင်ဘူး။ ဘာလို့လဲဆိုတော့ အစပိုင်းမှာအမြတ်ငွေခွဲဝေသလိုလိုလုပ်ပြတော့ အလိမ်အညာလို့ဆိုပြီးမပြောနိုင်ဘူး။ အဲ့ဒီခွဲဝေပေးတဲ့အမြတ်တွေဆိုတာ လက်ခံထားတဲ့အရင်းထဲကနေဖဲ့ပြီးထုတ်ပေးနေတာပါ။ အချီကြီးမလုပ်ခင်အထိ အရင်းထဲကနေဖဲ့ပြီးပေးနေမှာပါ။ လက်ခံငွေတွေများလာပြီဆိုတော့မှ ဗြုန်းစားကြီး ပျောက်ခြင်းမလှပျောက်ကွယ်သွားတာဖြစ်လို့ အဲ့ဒီအခါကျမှအလိမ်မှန်းသိတော့တာပါ။ ဒါပေမယ့် အရမ်းနောက်ကျသွားပါပြီ…
ဒီလိမ်နည်းကလွန်ခဲ့တဲ့နှစ်တစ်ရာကျော်ကတည်းကပေါ်ခဲ့ပေမယ့် အခုထက်ထိအဲ့ဒီလိမ်နည်းနဲ့အလိမ်ခံနေရတုန်းပဲ။ ပြီးတော့ဒီနည်းက ဘယ်အရာနဲ့ပဲဖြစ်ဖြစ်တွဲသုံးလို့အဆင်ပြေတယ်။ ဆိုင်ဖွင့်ဖို့ရှယ်ယာခေါ်တာ၊ အိမ်ခြံမြေထဲရင်းနှီးမြှုပ်နှံဖို့ခေါ်တာ၊ FXထဲကိုကိုယ်စားရင်းနှီးမြှုပ်နှံပေးတာစသဖြင့် အမျိုးမျိုးလှည့်စားလို့ရတယ်။
ကိုယ်ကကProမဟုတ်ဘဲနဲ့ ပုဂ္ဂလိကရှယ်ယာရန်ပုံငွေတွေမှာရင်းနှီးမြှုပ်နှံလိုက်ရင် ဒီစနစ်ရဲ့ သားကောင်ဖြစ်သွားဖို့များပါတယ်။

コメント